ဂျေးဆူကြံ့ခိုင်နေရင် အာဆင်နယ်က ချန်ပီယံလမ်းကြောင်းပေါ်မှာရှိပါတယ် – လော်ရန်

ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂျေးဆုတစ်‌ယောက် ဂိုးပေါက်ပျောက်နေခဲ့တာ ကစားပွဲကိုးပွဲအထိရှိလာခဲ့ပါပြီ။ အောက်တိုဘာလအစမှ တော့တင်ဟမ်ဘက်ကို ဂိုးသွင်းပြီးကတည်းက ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ဂျေးဆူ ဒီလိုဂိုးတွေ မသွင်းနိုင်ပေမယ့် အသင်းကတော့ အနိုင်ရနေဆဲပါပဲ၊…

ပြီးပြည့်စုံဖို့ ဂိုးပဲလိုတော့သူ

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ ရီယိုဖာဒီနန်က ဂျေးဆူတစ်ယောက် ဂိုးပေါက်ပျောက်နေခဲ့တာ ကြာပြီ ဖြစ်ပေမယ့် အာဆင်နယ်အတွက် အရေးကြီးဆုံးကစားသမား ဖြစ်နေဆဲလို့ ယုံကြည်နေပါတယ်။ ဒီယုံကြည်မှုက သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး။ ထင်သာမြင်သာရှိလွန်းလို့ အားလုံးက လက်ခံထားကြတဲ့အချက်ပါပဲ။…

နယိလ်ဆင်က အာဆင်နယ်မှ အာဆင်နယ် ဆိုတဲ့သူပါ – အီယန်ရိုက်

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖီယင်နော့ကို ထွက်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်း အချို့ကို ပြသနိုင်ခဲ့တဲ့ နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့နွေမှာတော့ အမ်းမရိတ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြဿနာရှိနေခဲ့တဲ့ နယ်လ်ဆင်ဟာ အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေနဲ့…

တိုက်စစ်မှုးတိုင်း  ဂိုးပေါက်ပျောက်လေ့ရှိတတ်ပါတယ် – အာတီတာ

ဒီရာသီမှာ ဂျေးဆူ နဲ့ အန်ကက်တီးယားနှစ်ယောက်ပေါင်း သွင်းဂိုး၇ဂိုး ရယူခဲ့ပြီး ဖြစ်ပေမယ့် သူတို့နှစ်ယောက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ သီတင်းပတ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အန်ကက်တီးယားက ဒီလအစ ဘိုဂိုဂလင့်ခ်ျနဲ့ပွဲစဉ်မှာ နောက်ဆုံးဂိုးသွင်းခဲ့တာ…

သတင်းထွက်ပေမယ့် အားရစရာမဟုတ်သေးတဲ့ ဂန်းနားတို့ရဲ့ တိုက်စစ်ဖြည့်တင်းမှု

အာဆင်နယ်ဟာ ဟာလန်းလက်သစ်လို့ နာမည်ကြီးနေတဲ့ အသက်၁၈နှစ်အရွယ် တိုက်စစ်မှူးလေးကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။ တိုက်စစ်မှုးလိုနေချိန်မှာ နာမည်ထွက်လာတာ ပရိတ်သတ်တွေစိတ်အာသာပြေနိုင်ပေမယ့် ၊ အသင့်သုံး Game Changer မဟုတ်ပဲ…

အာတီတာဟာ သူသိတဲ့အတိုင်း၊ လိုချင်တဲ့အတိုင်းသူ့ရဲ့အသင်းကိုဆက်ကစားစေခဲ့ပါတယ်- ရိုက်ဖီးလစ်

လက်ရှိအချိန်မှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်၊ အသင်းအသင်းတွေက ထိပ်သီးလေးသင်းစာရင်း၀င်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းဖို့က အတော်လေး စောပါသေးတယ်။ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၆ပွဲသာ ယှဉ်ပြိုင်ထားရသေးတာကြောင့် နောက်ထပ် ၃၂ပွဲ ကစားရဖို့ ကျန်ပါသေးတယ်။ မနှစ်က…

စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အာဆင်နယ် ကြိုးစားနေတဲ့ ကစားသမားများ

နွေအပြောင်းအရွှေ့ကာလမှာ အီဒူးတို့လူစု ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ ရှိရင်းစွဲကစားသမားဟောင်းတွေကို စာချုပ်သက်တမ်းတိုးဖို့  အချိန်ရောက်လာပါပြီ။ အသင်းကိုပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ အဓိကကစားသမားတွေထဲက တစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ အဖြစ်မျိုးကို အာတီတာအနေနဲ့  ရင်ဆိုင်ချင်မှာမဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်နေတဲ့…

ဇူးရစ်ခ်ျနဲ့ ပွဲအပြီး ချီးကျူးမှုတွေ ရရှိခဲ့တဲ့ အန်ကက်တီးယား

ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ဆုံးချိန်မှာ သူဟာ အသင်းကနေ  ထွက်ခွာတော့မယ်လို့ ပရိသတ်တွေ ထင်ခဲ့ပေမယ့် အာတီတာကတော့ အန်ကက်တီးယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ နားချခဲ့ပါတယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ဆုံးသီတင်းပတ်တွေမှာ အန်ကက်တီးယားပြသခဲ့တဲ့ ခြေစွမ်းတွေဟာ ဂန်နား၀တ်စုံနဲ့…

ပြဿနာအဟောင်း ၊ မျှော်လင့်ချက်အသစ်များနဲ့ အာဆင်နယ်နဲ့ဥရောပနိုင်ပွဲ

ဥရောပအဆင့်ရဲ့ ပထမဆုံးပွဲစဥ်မှာ အနိုင်နဲ့ဖွင့်နိုင်ခဲ့ပေမယ့် ကစားပွဲထဲက မြင်ရတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ဒီအထဲမှာ အားရစရာ ၊ အားတက်စရာအပြင် စိုးရိမ်စရာတွေလဲအများသားပါ။ သိသာထင်ရှားတဲ့အချက်ကိုကောက်နုတ်ပြီးပြောပါရစေ။ ဂန်းနားတို့ကို ဘယ်လိုကစားရမလဲဆိုတာကို အသင်းတိုင်းက သဘောပေါက်ထားကြပါတယ်။​…

Continue Reading

Updated Team News – နောက်ဆုံးရ အာဆင်နယ် သတင်းများ (8Sep)

ဇာဟာကို ထိန်းဖို့ ပဲလေ့စ်ဖက်က ကြိုးပမ်း ဂန်းနားပစ်မှတ်ဖြစ်ခဲ့တဲ့ ပဲလေ့စ်တောင်ပံကစားသမား​ဇာဟာကို   သူ့ရဲ့အသင်းက စာချုပ်သစ်ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ The Sun သတင်းစာက ရေးသားလာပါတယ်။ အဆိုပါ အိုင်ဗရီကို့စ်သားဟာ အသင်းပြောင်းလိုတဲ့ဆန္ဒရှိပေမယ့် မိခင်ကလပ်ဖက်ကလည်းဆက်ပြီးထိန်းသိမ်းထားလိုတယ်လို့…

Continue Reading