
နောက်ဆုံးရ အာဆင်နယ် သတင်းများ (23Nov)
ဆန်းချက်အသင်းပြောင်းရန် အသင့်အနေအထားမှာရှိ အခုတလော အပြောင်းအရွေ့သတင်းတွေခပ်စိပ်စိပ်ထွက်နေတဲ့ ရီနာတိုဆန်းချက်က အသင်းပြောင်းဖြစ်ဖို့သေချာသလောက်ရှိနေပြီဆိုတာအတည်ပြုပေးခဲ့ပါတယ်။ ကျွန်တော့်ကိုစိတ်ဝင်စားတဲ့အသင်းတွေရှိနေနိုင်ပါတယ်။ အေစီ တို့ အာဆင်နယ်တို့ပေါ့ဗျာ .. ကျွန်တော်သေချာတော့မသိပါဘူး။ အေစီမီလန်ဟာကြီးကျယ်ခန်းနားတဲ့အသင်းကြီးတစ်သင်းပါပဲ။ ကျွန်တော်သဘောကျပါတယ်။ အသေးစိတ်ကို အေးဂျင့်နဲ့ပြောပြီးတဲ့အခါ…
Continue Reading
အွန်နရီ (သို့မဟုတ်) အနီရောင်အမြှောက်တပ်ရဲ့ ဂန္တဝင်တစ်ဦး
တစ်ချိန်က ပရီမီးယားလိဂ်ရဲ့မြက်ခင်းစိမ်းတွေပေါ်မှာပြေးလွှားရင်း ပြိုင်ဘက်နောက်တန်းနဲ့ ဂိုးသမားတွေကိုအကြိမ်ကြိမ်အိပ်မက်ဆိုးမက်စေခဲ့တဲ့အနီရောင်အမြှောက်တပ်ရဲ့တိုက်စစ်မှူးလို့ပြောလိုက်တာနဲ့ အာဆင်နယ်နဲ့ ပြင်သစ်အသင်းတိုရဲ့ဂန္တ၀င်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီ ကိုပြေးမြင်မိမှာပါ။ သူရဲ့နာမည်အပြည့်အစုံက သီယာရီဒန်နီရယ်အွန်နရီ ဖြစ်ပြီးသူ့ရဲ့မွေးသက္ကရာဇ်ကတော့ ၁၉၇၇ခုစ်၊ဩဂုတ်လ၁၇ရက်ဖြစ်ပါတယ်။ပြင်သစ်ကသူရဲ့ဇာတိမြေဖြစ်ပြီးသူရဲ့ငယ်ဘ၀ကိုတော့ပြင်သစ်နိုင်ငံတောင်ပိုင်းက Les Ulis ဆိုတဲ့ဒေသလေးမှာဖြတ်သန်းခဲ့ပါတယ်။ သူကဘောလုံးဝါသနာရှိပေမယ့် ဘောလုံးအပေါ်ရူးသွပ်မှု မကြီးသေးတာကြောင့်…
Continue Reading
နောက်ဆုံးရအာဆင်နယ် သတင်းများ (22Nov)
လူငယ်တွေကို လက်လွတ်မခံလိုတော့တဲ့အာဆင်နယ် ခြေစွမ်းတိုးတက်လာမှုကြောင့် အသက် ၂၂ နှစ်အရွယ်နောက်ခံလူ ဒန်နီယယ်ဘဲလတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ Football London ကဖော်ပြလာပါတယ်။ အာတီတာရဲ့လတ်တလောအစီအစဥ်တွေမှာ ပါဝင်နိုင်ဖွယ်မရှိသေးပေမယ့်ခြေစွမ်းရှိတဲ့ကစားသမားတစ်ယောက်ကိုအလွတ်နဲ့ထွက်ခွာခွင့်ပေးရခြင်းကနေရှောင်ရှားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။…
Continue Reading
အေးဂျင့်တွေနဲ့ ပညာစမ်းနေရမယ့် အချိန်မဟုတ်
သတင်းတစ်ခုရဲ့အဆိုအရ လီဗာပူးအသင်းကိုရှုံးနိမ့်ပြီးတဲ့နောက်မှာ တိုက်စစ်မှုးခေါ်ယူရေးအတွက် အာဆင်နယ်တို့ဟာ ထိထိမိမိလှုပ်ရှားလာတယ်လို့သိရပါတယ်။ မူရင်းသတင်းကတော့ အဒီယန်မီကိုစိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းပေမယ့် Football London ရဲ့နောက်ဆက်တွဲသုံးသပ်ချက်ကတော့ စိတ်ဝင်စားစရာပါ။ အာဆင်နယ်တို့ တိုက်စစ်မှုး အရေးတကြီးလိုအပ်နေတာ လို့ဆိုထားတာပါ။ ဘာကိုဆိုလိုသလဲဆိုရင် …

ဒါဟာ ဂန္တဝင်တွင်မယ့် မြင်ကွင်းပါ
အာဆင်နယ်မိသားစုတွေအားလုံး မဂ်လာပါဗျာ အာဆင်နယ်ကတော့ လောလောလတ်လတ်ကစားခဲ့တဲ့ပွဲ လီဗာပူးနဲ့ပွဲမှာ ဂိုးပြတ်ရှုံးသွားခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့တော့ စိတ်ညစ်စရာတွေမတွေးချင်ပါဘူး။ အပေါင်းလက္ခဏာဆောင်တဲ့အတွေးတွေ တွေးတောပြီး မကြာခင်ရင်ဆိုင်ရမယ့် နယူးကာဆယ်နဲ့ပွဲကိုပဲ ဆက်လက်ဦးတည်သွားချင်ပါတယ်။ တစ်ခုတော့ရှိတယ်ဗျာ ..ရှုံးတဲ့ပွဲအကြောင်းပြန်မတွေးချင်ပေမယ့် မျက်စေ့ထဲကမထွက်တဲ့မြင်ကွင်းကတော့…
Continue Reading
၄ ဂိုးပြတ်အရှုံးနဲ့ အာဆင်နယ်ရဲ့အခြေအနေ
နိုင်ပွဲဆက်မှုတွေကိုတော့ ချန်ပီယံစိန်ခေါ်သူအသင်းကြီးတစ်သင်းကိုရှုံးနိမ့်ရင်း ရပ်တန့်ခံလိုက်ရပါပြီ။ ဒီပွဲဟာ ပရိတ်သတ်တွေထင်ထားတာထက် နဲနဲတော့ပိုပြီးဆိုးနေနိုင်ပါတယ်။ သို့သော် လီဗာပူးရဲ့ တင်းပြည့်ကျပ်ပြည့် ကစားပုံကို အများဆုံးတောင့်ခံသွားတာကလဲ ပထမပိုင်းမှာမြင်သာခဲ့ပါတယ်။ ပထမဦးဆုံး ပွဲရဲ့ရလဒ် ၊ အာဆင်နယ်ကိုနိုင်ဖို့…
Continue Reading
လီဗာပူးလ်နဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့ဆုံမှုရဲ့ စိတ်ဝင်စားဖွယ်အချက်များ
ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်ကို စနေနေ့ည မြန်မာစံတော်ချိန် ၁၂နာရီအချိန်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ပုံစံကောင်းတွေပြသနေတဲ့ အမြှောက်တပ်သားတွေကို ကြိုးကြာနီတွေအနေနဲ့ အန်ဖီးလ်မှာ ရပ်တန့်နိုင်မလားဆိုတာကို…

ရီနာတိုဆန်းချက်စ်က အာဆင်နယ် တကယ်လိုအပ်နေသူဖြစ်နိုင်ပါ့မလား
တစ်ပတ်တစ်ယောက်လောက်နဲ့ နာမည်ထွက်နေတဲ့ မိမိတို့ရဲ့ချစ်သောအာဆင်နယ်ဟာ အခုနောက်ဆုံး ရီနာတိုဆန်းချက်စ်နဲ့ အတူ စာမျက်နှာတွေထက်ရောက်လာပြန်ပါပြီ။ ကွင်းလယ်ကစားသမားအတော်များများ ၊ တိုက်စစ်မှုးအတော်များများနဲ့ အာဆင်နယ်လိုဂိုတွဲမြင်ရတာလဲ ဒီလပိုင်းတွေမှာ အတော်များနေပါပြီ။ ပရိတ်သတ်တွေအနေနဲ့ ရီနာတိုဆန်းချက်စ်ကို သိကြပါတယ်။…
Continue Reading
နောက်ဆုံးရ အာဆင်နယ် သတင်းများ (19Nov)
တာဗာရက်စ်ကို သုံးစေချင်တဲ့ ကစားသမားဟောင်း လက်ရှိခြေစွမ်းတွေအရ တာဗာရက်စ် ဟာပိုကောင်းတဲ့ရွေးချယ်စရာြဖစ်ကြောင်း ၊ လီဗာပူးနဲ့ပွဲမှာ တာဗာရက်စ်ကိုပွဲထုတ်ကစားဖို့လိုအပ်ကြောင်း အာဆင်နယ်ကစားသမားဟောင်းကြီး ကီဗင်ကင်းဘဲလ် ကတိုက်တွန်းပြောကြားသွားပါတယ်။ သူက Curtis Shaw TV …
Continue Reading
နောက်ဆုံးရ အာဆင်နယ် သတင်းများ (18Nov)
အဝတ်လဲခန်း ခေါင်းဆောင်သစ်များနဲ့အာဆင်နယ် အဝတ်လဲခန်းကိုလွှမ်းမိုးနိုင်တဲ့ စီနီယာကစားသမား ဒေးဗစ်လူးဝစ် မရှိတော့တဲ့နောက်မှာ ရမ်းစ်ဒေး ၊ ဂါဘရီယယ်နဲ့ ဘန်ဝှိုက်တို့ဟာ အသစ်ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်သစ်တွေဖြစ်လာကြတယ်လို့ Mirror ကဖော်ပြခဲ့ပါတယ်။ ဒီကစားသမားတွေဟာ ကွင်းတွင်းမှာ…
Continue Reading