ဂန်းနားပွဲအလွန် ပြည်တွင်းပြည်ပစာမျက်နှာတွေထက်က ပြောစရာများ

လက်ရှိမှာ အကောင်းဆုံးပုံစံရနေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ။ 

ပွဲချိန်၁၇မိနစ်မှာ ယူနိုက်တက်ဟာ ဦးဆောင်ဂိုးရခဲ့ပြီယ  မားကပ်စ်ရက်ရ်ှဖို့ဒ်က တစ်ကိုယ်တော်အစွမ်းနဲ့ ဦးစွာသွင်းယူခဲ့ပါတယ် ။ သိပ်မကြာခင်မှာပဲ အန်ကက်တီးယားက ရှာကာရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းပြီး အာဆင်နယ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ် ။

ဒုတိယပိုင်းစတင်ပြီး သိပ်မကြာခင် ပွဲချိန် ၅၃မိနစ်မှာ ဆာကာက လှပတဲ့အဝေးကန်ချက်နဲ့ အိမ်ရှင်တွေအတွက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ ဒါပေမယ့် အိမ်ရှင်ပရိသတ်တွေရဲ့အပျော်ဟာ ကြာကြာမခံခဲ့ပဲ ပွဲချိန်၅၇မိနစ်မှာပမာတီနက်ဇ်က ချေပဂိုးပြန်သွင်းယူခဲ့ပါတယ် ။

ဒီနောက်မှာတော့ အနိုင်သုံးမှတ်ကို ရှာဖွေ‌နေတဲ့ အာဆင်နယ်ဟာ ပွဲကို လုံး၀စိုးမိုးထားခဲ့ပြီး ပွဲချိန်မိနစ်၉၀မှာတော့ အန်ကက်တီးယားက အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့တာပြီး အဖိုးတန်၃မှတ် ရယူပေးခဲ့ပါတယ်။ Gunners’ Side ရဲ့ ကိုယ်ပိုင် Editorial ကို မရေးရသေးခင်မှာ  နိုင်ငံတကာဆောင်းပါးတွေမှာ ဖော်ပြနေတဲ့အချက်တွေကို စုစည်းပြီး ပရိတ်သတ်တွေဖတ်ဖို့ ရေးသားလိုက်ရပါတယ်။

အမ်းမရိတ်ရဲ့ အမြှောက်သံတွေအောက် သရဲနီတွေ ဒူးထောက်ခဲ့ရတဲ့ တနင်္ဂနွေညကနေ ပြောစရာ အချက်(၅)ချက် ကတော့ 

(၁)စံချိန်တင်ရေးထိုးခဲ့တဲ့ ငရုတ်သီး

ဒီပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် ငရုတ်သီးဟာ ဂန်းနားဂန္တ၀င်ကြီးတွေရဲ့ခြေရာကိုနင်းနိုင်ခဲ့ပါတယ်။ ငရုတ်သီးလေးဟာ ယွန်းဘတ် ၊ အွန်နရီတို့နောက်ပိုင်း မန်ချက်စတာယူနိုက်တက်ကို သုံးကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး အာဆင်နယ်ကစားသမား ဖြစ်လာခဲ့ပါတယ် ။

ယူနိုက်တက်ဘယ်ခြမ်းခံစစ်ကို တစ်ချိန်လုံး အလုပ်များစေခဲ့တဲ့ ဆာကာဟာ ပွဲအပြီးမှာတော့ Man of the match ဆုကိုပါ ရရှိခဲ့ပါတယ်။ ဆာကာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ပွဲမှာ ၇ဂိုးသွင်း ၊ ၇ကြိမ်ဂိုးဖန်တီးမှုာပြုလုပ်ထားခဲ့ပါတယ်။

() ဂျေးဆူမရှိလည်း သခင်ကြီးရှိရင် ပြဿနာမရှိဘူး 

World cup မှာ ဂျေးဆု ဒဏ်ရာရခဲ့ပြီး ရက်ရှည်အနားယူဖို့ ဖြစ်လာခဲ့တာကြောင့် အန်ကက်တီးယားဟာ ပွဲထွက်ရဖို့ အခွင့်အရေးရလာခဲ့ပါတယ် ။ ဒါပေမယ့် ပရိသတ်တွေကတော့ အန်ကက်တီးယားမှာ အာဆင်နယ်တိုက်စစ်ကို ဦးဆောင်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိရဲ့လားဆိုတာ သံသယရှိခဲ့ကြပါတယ်။

ဂျေးဆူမရှိတဲ့အချိန် တိုက်စစ်မှူးသစ်၀ယ်ဖို့ အသင်းကိုအကြံပြုလာတာတွေ ရှိခဲ့ပေမယ့် အာတေတာ ကတော့ အန်ကက်တီးယားကိုပဲ အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အန်ကက်တီးယားဟာ နောက်ကျအနိုင်ဂိုးကို ဖနောင့်နဲ့ပေါက်သွင်းယူခဲ့ပြီး ဂန်းနားတွေရဲ့ သူရဲကောင်းဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် အန်ကက်တီးယားဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်၆ပွဲမှာ ၆ဂိုးအထိသွင်းယူထားခဲ့ပါတယ်။

() ချန်ပီယံခြေစွမ်းနဲ့ ဆက်လက်အမြင့်ပျံနေဆဲ ဆင်ပျံကြီး

ဒီရာသီပွဲစဉ် ၁၉ပွဲယှဉ်ပြိုင်ပြီးနောက် အာတေးတားရဲ့ အာဆင်နယ်ဟာ ၁၆ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၁ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ ရမှတ် ၅၀အထိ စုဆောင်းထားနိုင်ခဲ့ပါတယ် ။ ဒီရမှတ်ဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ရာသီ၀က်မှာ အများဆုံးရခဲ့တဲ့ ရမှတ်အဖြစ် စံချိန်တင်ခဲ့ပါတယ် ။

World cup break အပြီးမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်  ပွဲကြပ်တွေကို တောက်လျှောက်ကစားခဲ့ရတာ ဖြစ်ပါတယ် ။ ဘရိုက်တန်၊  နယူးကာဆယ် ၊  တော့တင်ဟမ် ၊ ယူနိုက်တက် စတဲ့ ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတွေနဲ့သာ ကစားခဲ့ရပါတယ်။ ဒီပွဲစဉ်လေးပွဲမှာ အာဆင်နယ်သာ တစ်ပွဲမှမရှုံးနိမ့်ခဲ့ပဲ  ၃ပွဲနိုင် ၊ ၁ပွဲသရေဆိုတဲ့ရလဒ်နဲ့ ရမှတ်၇မှတ်အထိ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဆင်ပျံကြီးဟာ မန်စီးတီးထက် တစ်ပွဲလျော့ကစားပြီး ၅မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနေဆဲပါပဲ ။ 

()ဝင်းဂါးဖာဂူဆန်ခေတ်အလွန် အကြိတ်အနယ်ရှိလွန်းခဲ့တဲ့ မြန်မာဒါဘီ

ဒါကတော့ မြန်မာသတင်းဆောင်းပါးတွေတင်ဆက်မှု ၊ ပရိတ်သတ်တွေကြားက ပြိုင်ဆိုင်မှုနဲ့ အခြားအသင်းပရိတ်သတ်တွေရဲ့  စိတ်ဝင်စားမှုတွေကိုပါ ပေါင်းစပ်ရေးသားထားတာဖြစ်ပါတယ်။

တစ်ချိန်က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ယှဉ်ပြိုင်ခဲ့ရသူတွေဟာ အာစင်၀င်းဂါး နဲ့ ဖာဂူဆန်တို့ ဖြစ်ခဲ့ပါတယ် ။ ဒီအသင်းနှစ်သင်းကြား ၊ နည်းပြနှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေဟာ တကယ်ကို ပြင်းထန်ခဲ့ပြီး နှစ်ဖက်အသင်း ပရိသတ်တွေအတွက် အမြဲအမှတ်ရစရာ ကောင်းခဲ့ပါတယ်။

ဒါပေမယ့် အသင်းရဲ ဂန္တ၀င်နည်းပြကြီး‌တွေ  ထွက်ခွာသွားပြီးနောက်မှာတော့ ဒီနှစ်သင်းစလုံးဟာ ရုန်းကန်နေခဲ့ရပါတယ် ။ ဒီရာသီမှာတော့ အာဆင်နယ်ဟာ အာတေတာရဲ့လက်အောက်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိ အားကောင်းလာခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရာသီအစရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာလည်း အဲရစ်တန်ဟက်ဂ်လက်အောက်မှာ တဖြည်းဖြည်းနဲ့ ပုံစံကောင်းတွေရလာခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့်အတွက် အားကောင်းလာခဲ့ပါတယ် ။

ဒီပွဲစဉ်မှာတော့ ပွဲအစကတည်းက အာဆင်နယ်က ချန်ပီယံခြေစွမ်းနဲ့ ပွဲကိုအကောင်းဆုံးစိုးမိုးထားခဲ့သလို ယူနိုက်တက်ကလည်း စုစည်းမှုကောင်းကောင်းနဲ့ အိမ်ရှင်တွေရဲ့ တိုက်စစ်ကို အကောင်းဆုံးတုံ့ပြန်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ်ပို‌ကောင်းတယ်ဆိုတာ သူရဲနီပရိသတ်တွေက ၀န်ခံခံ့သလို ဂန်းနားပရိသတ်တွေဟာလည်း ရသမြောက်တဲ့ ၊ ပြင်းထန်တဲ့ အားပြိုင်မှုတစ်ခုဖြစ်ခဲ့တယ်ဆိုတာ လက်ခံခဲ့ပါတယ်။ ပွဲမစခင်တုန်းက တင်းမာမှုတွေဟာ ပွဲအပြီးမှာ အတိုင်းအတာတခုထိ ပြေလျော့သွားခဲ့တာကိုတော့ ဂန်းနားပရိတ်သတ်အနေနဲံလည်း သဘောကျမိပါတယ်။ ဘောလုံးပွဲတင်းမာမှုတွေကြောင့် မိတ်ပျက်တာတွေလဲ ကြားနေရချိန်မှာ လေးစားမှုနဲ့ပိတ်သိမ်းနိုင်တာ သိပ်ကောင်းပါတယ်။

() ထရော့ဆက်ဒ်ဆီ ပွဲထွက်ခွင့် ဆုံးရှုံးရနိုင်တဲ့ မာတင်နယ်လီ

ဒီပွဲမှာ မာဆင်နယ်လီဟာ ခြေမပေါ်ခဲ့ပဲ ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်ဖို့ အခက်တွေ့နေခဲ့ပါတယ် ။ တစ်ခါတစ်လေ ဘရာဇီးလ်သားရဲ့ ပြိုင်ဘက်ကို ရှိုန်နေတတ်တဲ့ပုံစံဟာ သူ့ရဲ့ အားနည်းချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဆာကာ နဲ့ မာတင် နယ်လီကြားက ကွာခြားချက်က ယုံကြည်မှုလို့ ဆိုနိုင်ပါတယ် ။ ငရုတ်သီးလေးဟာ ဘယ်ပြိုင်ဘက်ကိုမဆို ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိတဲ့ကစားစမားဖြစ်ပါတယ် ။

ပွဲပြီးခါနီးမှာတော့ ထရော့ဆက်ဒ်က မာတင်နယ်လီနေရာ ၀င်ကစားခဲ့ပြီး ခြေစွမ်းကောင်းအချို့ပြသခဲ့ပါတယ် ။ ပရိသတ်တွေကလည်း ဒီနိုင်ပွဲမှာ အစိအပိုင်းတစ်ခုအနေနဲ့ ပါ၀င်ခဲ့တဲ့ ‌ဘယ်လ်ဂျီယံလက်ရွေးစင်ရဲ့ ခြေစွမ်းကို ကျေနပ်သဘောကျနေပါတယ် ။

မာတင်နယ်လီအနေနဲ့ နောက်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံမပြသနိုင်ဘူးဆိုရင် ထရော့ဆက်ဒ်က သူ့ဆီကနေ ပွဲထွက်ခွင့် လုယူသွားဖို့ရှိနေပါတယ် ။ ဒီလို ကစားသမားတွေကြား ပွဲထွက်ခွင့်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုရှိတာဟာ အာတေတာ လိုချင်တဲ့အရာဆိုလည်း မမှားပါဘူး ။

ဂန်းနားပရိတ်သတ်တွေအတွက် လှပတဲ့နောက်ထပ် ရက်သတ္တပတ်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဆောင်းပါးမှာလည်း ဒီနိုင်ပွဲအကြောင်းကို အသေးစိတ်ရေးသားပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: