ထရော့ဆတ်ဒ် ကပြောတဲ့စကား ၊ ထရိုဆတ်ကိုပြောတဲ့စကား

နာရီပိုင်းအတွင်းမှာ ချက်ချင်းဖြစ်မြောက်လာခဲ့တဲ့ အသင်းရဲ့ ဇန်နဝါရီခြေလှမ်းတွေကြောင့် ဂန်းနားပရိသတ်တွေ ကျေနပ်အားရနေမှာ ဖြစ်ပါတယ် ။ ထရော့ဆက်ဒ်ကိုလည်း အာဆင်နယ်ဂျာစီနဲ့ မြင်တွေ့ခဲ့ရတာကြောင့် ‌ကျေနပ်နေကြမယ်လို့ ထင်ပါတယ်။

အသစ်စက်စက် ဂန်းနားတစ်ယောက် ဖြစ်လာခဲ့တဲ့ လီအန်ဒရို ထရော့ဆက်ဒ်က သူဟာ အာဆင်နယ်ကစားသမား ဖြစ်လာခဲ့ပြီဖြစ်တာကြောင့် အသင်းရဲ့ပရိသတ်များတွေရဲ့အိပ်မက်များတွေ တကယ်ဖြစ်လာအောင် ကူညီပေးချင်တယ်လို့ ပြောပြလာခဲ့ပါတယ် ။

ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ပွဲမှာ ‌၇ဂိုးသွင်းယူထားပြီး အာတေတာ လက်အောက် မှာလည်း ဒီပုံစံကောင်းကို ဆက်ထိန်းထားပြီး အသင်းအတွက် အောင်မြင်မှုယူဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ် ။

Arsenal.com နဲ့ ပထမဆုံးအင်တာဗျူးမှာ ထရော့ဆက်ဒ်က 

 “အာဆင်နယ်အတွက်ကစားရဖို့  ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ် အာဆင်နယ်ဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး ကျွန်တော်လုပ်နိုင်တာတွေကို ပရိသတ်တွေမြင်အောင် ပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။  အားလုံးက ကျွန်တော်တို့ ဘယ်လိုကောင်းကောင်း လုပ်နေလဲဆိုတာ တွေ့ကြပါတယ်။   ကျွန်တော်တို့ဟာ ပရိသတ်တွေရဲ့ အိပ်မက်တွေကို အောင်မြင်အောင် ကူညီပေးဖို့ ဒီကို ရောက်လာတာပါ

ကျွန်တော် တစ်နေ့ပြီးတစ်နေ့ အစွမ်းကုန် ကြိုးစားပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။  ကျွန်တော်ရဲ့ အရည်အသွေးတွေကိုလည်း ပိုကောင်းစေချင်တယ်။  အာတေးတားက တကယ်ကောင်ူတဲ့ နည်းပြတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်၊ အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်ပြီး  ကစားသမားတစ်ယောက်အနေနဲ့လည်း ပိုကောင်းလာဖို့ မျှော်လင့်မိပါတယ်။

ကွင်းထဲမှာ ပရိသတ်တွေကို မြင်ရတာ အရမ်းပျော်ရွှင်မိပါတယ်။  ပရိသတ်တွေကို ကျွန်တော် အစွမ်းကုန်ပေးဆပ်နိုင်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော် တတ်နိုင်သမျှ မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပြီး အတူတူ အောင်ပွဲခဲနိုင်မယ်လို့ မျှော်လင့်ပါတယ်

ထရော့ဆက်ဒ်ဟာ ပင်လယ်စင်ရော်တွေနဲ့ နိုင်ငံအသင်းအတွက် တိုက်စစ်နေရာစုံမှာ အသုံးတော်ခံခဲ့ပြီး တောင်ပံတိုက်စစ် ၊ အထောင်တိုက်စစ်တွေမှာ ကစားနိုင်သလို နောက်ချန်တိုက်စစ်မှူးအနေနဲ့လည်း ကစားနိုင်စွမ်း ရှိပါသေးတယ်။

အာဆင်နယ်နဲ့စာချုပ်မချုပ်မီ အာတေတာ ၊ အီဒူးတို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ဒီလိုနေရာစုံကစားနိုင်စွမ်းရှိတာဟာ သူ့ကို မြောက်လန်ဒန်တွင် ရှင်သန်အောင် ကူညီပေးလိမ့်မယ်လို့ ခံစားရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ် ။

သူတို့က ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ တကယ်ကြိုက်တယ်လို့ ပြောပါတယ် ကျွန်တော်ဟာ အသင်းရဲ့စနစ် ကစားချင်တဲ့ပုံစံနဲ့ တကယ်လိုက်ဖက်တယ်လို့ သူတို့က ပြောပါတယ်။  ကျွန်တော်က စွယ်စုံရပြီး နေရာစုံမှာကစားနိုင်တာကြောင့်  ကျွန်တော်နဲ့အတူအလုပ်လုပ်ဖို့ သူတို့က စောင့်မျှော်နေကြတယ်။ မီခေးလ်က ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အလုပ်တွဲလုပ်ရဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ် 

 “တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ ကျွန်တော်ကောင်းတယ်လို့ထင်ပါတယ်။ ကျွန်တော် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ကစားရတဲ့အခါ အခွင့်အရေးတွေရလာရင် အဆုံးသတ်နိုင်ပါတယ်   ဒါ့ကြောင့် ခက်ခဲတဲ့ပွဲတွေမှာ အနိုင်ရလဒ်ရယူဖို့ အသင်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်

ကျွန်တော်ဟာ နေရာလွတ်ကျဉ်းကျဉ်းတွေမှာ  ကောင်းကောင်းကစားနိုင်ပါတယ်   ကျွန်တော်မှာ အတွေ့အကြုံကောင်းတွေလည်း အများကြီးရှိနေပြီမို့ ဒါတွေဆီ အသင်းဆီ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်

 “ဒါက ပရီးမီးယားလိဂ်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးရာသီပါပဲ ဘရိုက်တန်မှာ ကျွန်တော့်ရဲ့ ခြေစွမ်းက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်   ကမ္ဘာ့ဖလားအပြီးမှာတော့ သိပ်မကစားခဲ့ရပေမယ့် အာဆင်နယ်အသင်းလို ထိပ်တန်းအသင်းကြီးတစ်ခုအတွက် အကြီးကျယ်ဆုံးအဆင့်မှာ ကိုယ့်ကိုယ်ကိုပြသခွင့်ရတော့မှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။

 ” အာဆင်နယ်မှာ သမိုင်းကြောင်းတွေ အများကြီးရှိထားပြီး ကျွန်တော်ဟာ ဒီသမိုင်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ချင်ပါတယ်။  အဲဒါကြောင့် ဒီပရောဂျက်မှာ ပါဝင်ခဲ့တာပါ။  ဒီမှာရှိဖို့ တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။  ပရိသတ်တွေနဲ့အတူ အကြီးကျယ်ဆုံးစင်မြင့်မှာ ကိုယ့်ကိုယ်ကို ပြသချင်ပါတယ်

ကာလရှည်ပစ်မှတ် မူဒရစ်ခ်ကို ချဲလ်ဆီးဆီ မထင်မှတ်ပဲ လက်လွှတ်ခဲ့ရပြီးနောက် အီဒူးဟာ ထရော့ဆက်ဒ်ကို အချိန်တိုအတွင်း အရခေါ်ခဲ့တာပဲဖြစ်ပါတယ် ။  ဒီအဖြစ်အပျက်ကြောင့် အီဒူးအပေါ် ဒေါသထွက်နေသူတွေလည်း အတန်အသင့်လျော့ပါးသွားကြပုံပါပဲ။ ဂန်းနားအသစ်ဖြစ်လာတဲ့ အသက်၂၈နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ် ပွဲစဥ်၁၆ပွဲ ကစားပြီးချိန်မှာ ၇ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ထရော့ဆက်ဒ်ဟာ အရန်ကစားသမားအနေနဲ့ ပါ၀င်လာဖို့လည်း ရှိနေပါတယ် ။ 

ဂန်းနားကွင်းလယ်လူဟောင်း ရေးပါလာကတော့ ထရော့ဆက်ဒ်အနေနဲ့ အာဆင်နယ် အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရမယ်လို့ မမျှော်လင့်ထားဖို့ သတိပေးလာခဲ့ပါတယ် ။ အသင်းရဲ့တိုက်စစ်မှာ ဆာကာ ၊ မာတင်နယ်လီတို့လို ကစားသမားတွေ ရှိနေတာကြောင့် ထရော့ဆက်ဒ်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ လွယ်မှာမဟုတ်ပါဘူး ။

ထရော့ဆက်ဒ်က တကယ်ကောင်းတဲ့ ကစားသမားတစ်ဦးပါ ဒါပေမယ့် သူက ဆာကာ မာတင်နယ်လီ တို့ကို ကျော်ဖြတ်ပီး ပွဲထွက်ခွင့် ရမှာတော့ မဟုတ်ပါဘူး အသင်းရဲ့အရန်လူစာရင်းမှာ စမစ်ရိုလို အရည်အသွေးမြင့် ကစားသမား ရှိနေပါတယ်

မန်ချက်စတာစီးတီး အသင်း ရဲ့ အရန်လူစာရင်းကို ကြည့်ကြည့်မယ်ဆိုရင် ထိပ်တန်းကစားသမားတွေကို တွေ့မြင်ရမှာပါ အာဆင်နယ် အသင်း ရဲ့ အရန်လူစာရင်း နဲ့ နှိုင်းယှဉ်ရင် လုံးဝကွဲပြားနေပါတယ်

လွယ်လွယ်ကူကူနေရာမရနိုင်ကြောင်းကို သတိပေးခဲ့ပေမယ့်  ဒီ ဘယ်လ်ဂျီယံသားရောက်ရှိလာခြင်းကိုတော့  ပါလာက တော်တော်လေးကြိုဆိုထားပါသေးတယ်။

အာဆင်နယ်ဟာ အရန်အင်အားလိုအပ်နေခဲ့တာပါ မူဒရစ် ကို ချဲလ်ဆီးဆီ လက်လွှတ်လိုက်ရတော့ သူတို့ အခြားကစားသမားသစ်ရှာဖွေဖို့ လိုအပ်ခဲ့ပါတယ် မူဒရစ်ခ်အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက အရမ်းများနေတော့ အလောင်းအစားဆန်လွန်ပါတယ်  ကျနော်သဘောအရဆိုရင် မူဒရစ်ခ်ကို မခေါ်စေချင်ခဲ့ဘူး

အာဆင်နယ် အသင်းက တောင်ပံကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ ထရော့ဆက်ဒ်ဟာ ဒီရာသီအစောပိုင်း အန်ဖီးလ်မှာ လီဗာပူးလ်ကို ဟက်ထရစ် သွင်းထားတဲ့ ကစားသမားပါ သူ့အတွ​က် ပေးရတဲ့ ပြောင်းရွှေ့ကြေးက သင့်တင့်ပါတယ် သူ့လို ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီး သား ကစားသမားကို ဒီဈေးနဲ့ ခေါ်ဖို့ အာဆင်နယ်အနေနဲ့ နှစ်ခါ‌တောင် စဉ်းစားစရာမလိုပါဘူး လို့ ရေးပါလာက ဆိုပါတယ် ။

အနှစ်ချုပ်သုံးသပ်ရရင်တော့ ထရိုဆတ်ရောက်ရှိလာခြင်းဟာ အသင်းအတွက် Versatile ဖြစ်တဲ့ကစားသမားတစ်ယောက်​ရောက်ရှိလာတယ်လို့ ဆိုရမှာဖြစ်ပြီး  ပိုမိုတောင့်တင်းတဲ့ ဂန်းနား Squad ကို မြင်ရမှာပါ။ အနီးဆုံးပွဲမှာတင်ပဲ​သက်သေပြနိုင်ဖို့ကိုလဲမျှော်လင့်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: