ရိုက်စ်သတင်းက သေချာပေါက်ကျယ်လောင်ဖို့ရှိနေတဲ့ ဂန်းနားရပ်ဝန်း

ဒီသီတင်းပတ်ထဲမှာ ဂန်းနားရပ်ကွက်ထဲ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေသူကတော့ ဒီကလန်ရိုက်စ်ပါပဲ ။ အရင်ကလည်း အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်ကို စိတ်၀င်စားနေတယ် ၊ ဂန်းနားဟောင်းကြီးတွေက အာဆင်နယ်အနေနဲ့ ၀က်စ်ဟမ်ကပ္ပတိန်ကိုခေါ်ယူသင့်တယ်လို့ အကြံပေးတဲ့ သတင်းတွေ စသည်ဖြင့် မကြာခဏ ကြားခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ အီဒူးရဲ့ ပစ်မှတ်ထဲ ဒီကလန်ရိုက်စ် တကယ်ရောက်လာပုံပါပဲ ။ အာဆင်နယ်ရဲ့ နွေရာသီ အဓိကပစ်မှတ်ဟာ ဒီကလန်ရိုက်စ်ဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။ 

ဒီကလန်ရိုက်စ်ကို မန်ချက်စတာယူနိုက်တက် ၊ ချဲလ်ဆီးစတဲ့ အသင်းတွေကလည်း စိတ်၀င်စားနေပါတယ် ။ အသင်းဟာ ဇန်နဝါရီအပြောင်းရွှေ့ရဲ့ အဓိကပစ်မှတ် မာဒရစ်ခ်ကို ချဲလ်ဆီးဆီ လက်လွှတ်ခဲ့ရသလို ပြီးခဲ့တဲ့နွေကတည်းက အသင်းနဲ့သတင်းထွက်နေခဲ့တဲ့ ပါးလ်မီးယစ်ကွင်းလယ်လူ ဒန်နီလိုကလည်း နော်တင်ဟမ်ဖောရက်စ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ် ။

အပြိုင်အဆိုင် ကစားသမားခေါ်ရတဲ့ bidding war တွေမှာ အာဆင်နယ်ဟာ ပြိုင်ဘက်ကို အသာမရခဲ့တာများပါတယ် ။ ပြီးခဲ့တဲ့နွေမှာ လီဆန်ဒရိုမာတီနက်ဇ်ကို ယူနိုက်တက်ဆီ လက်လွှတ်ခဲ့ရသလို မာဒရစ်ကိုလည်း ချဲလ်ဆီးဆီ လက်လွှတ်ခဲ့ရပါပြီ ။

 အပြိုင်အဆိုင်ခေါ်ယူမှုတွေ ရှိလာပြီဆိုရင် ငွေပိုပေးနိုင်တဲ့သူက အများအားဖြင့် အနိုင်ရလေ့ရှိသလို ကစားသမားရဲ့တန်ကြေးကလည်း ပိုမြင့်တက်သွားလေ့ရှိပါတယ်။ ဒါ့ကြောင့် အီဒူးဟာ bidding war တွေကို ရှောင်ခဲ့တာ ဖြစ်နိုင်ပါတယ် ။ ဒါဟာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မူဝါသပါပဲ ။

ဒီလို bidding war တွေ ရှောင်သွားတတ်တဲ့ အာဆင်နယ်ဟာ အခြားပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ အပြိုင် ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ပါ့မလားဆိုတာ စိတ်၀င်စားစရာပါ။

ချဲလ်ဆီး‌တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုကတော့ ဒီလန်ရိုက်စ်သာ အမ်းမရိတ်ကို ရောက်လာခဲ့မယ်ဆိုရင် အာဆင်နယ်ကို အများကြီး ပိုအင်အားကောင်းလာစေမယ်လို့ ယုံကြည်နေပါတယ် ။

ပါတေး ၊ ဒီကလန်ရိုက်စ်တို့ရဲ့ ကွင်းလယ်ဟာ ဗီအဲရာ ၊ ဂီလ်ဘာတိုဆေးလ်ဗားတို့ရဲ့ ကွင်းလယ်ကို ထပ်ပြီးမြင်ရသလို ဖြစ်လာလိမ့်မယ်လို့ ကက်စ်ကာရီနိုက ယုံကြည်နေပါတယ် ။

အာဆင်နယ်ဟာ လူငယ်ကစားသမားလေးတွေကို ခြွင်းချက်မရှိ ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးနိုင်ခဲ့ပါတယ် မာတင်နယ်လီ ဆာကာ အိုဒီဂတ်တို့က တိုက်စစ်မှာ ကစားနေကြတယ် ဒီအချိန်မှာ ရိုက်စ်က အခြားကစားသမားတွေရဲ့ အားနည်းချက်ကို ကာဗာလုပ်ပေးမှာဖြစ်ပြီး သူရဲ့အသင်းဖော်တွေ အကောင်းဆုံးကစားနိုင်အောင် ကူညီပေးနိုင်မှာပါ

ရိုက်စ်ဟာ ဘောလုံးကို ပြိုင်ဘက်ဆီက လုယူ‌နိုင်ပြီး ရှေ့တန်းကို မြန်မြန်ပို့ပေးနိုင်ပါတယ် ဒီလိုမျိုး လျင်မြန်ပြီး တိုက်စစ်ကို တိုက်ရိုက်ဘောလုံးပေးပို့ပေးနိုင်မယ့် ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေကို ဖတ်၊  ဘောလုံးကိုကြားဖြတ်လုယူပြီး အသင်းဖော်တွေဆီ ဘောလုံးအမြန်ပို့ပေးနိုင်တာဟာ သိပ်အရေးပါပါတယ်

ရိုက်စ်က အသက်၃၁နှစ်ရှိပြီဖြစ်တဲ့ ရှာကာရဲ့နေရာကို အဆင့်မြှင့်လိုက်သလို ဖြစ်မှာပါ အာဆင်နယ်ဟာ ကစားသမားအင်အား ပိုတောင့်တင်းလာမှာပြီး အသင်းရဲ့ကွင်းလယ်ဟာလည်း ပိုအင်အားကောင်းလာမှာပါ

သူ နဲ့ ပါတေးနဲ့သာ တွဲဖက်ကစားရင် ဗီအဲရာ နဲ့ ဂီလ်ဘာတိုဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အတွဲကို ပြန်တွေ့ရသလို ဖြစ်မှာပါ လို့ ကက်စ်ကာရီနိုက ဆိုပါတယ် ။

သူ့လိုပဲ​ပရိတ်သတ်တွေကလည်းရိုက်စ်ကို မြင်လိုစိတ်အလွန်များနေပါတယ်။ ပါတေးနေရာကို ပူပန်နေကြတဲ့ ပရိတ်သတ်တွေအတွက်လည်း ရိုက်စ်ဟာ အတိကျဆုံးအဖြေဖြစ်တာမို့   ရိုက်စ်သတင်းတွေဟာပိုပြီး များပြားလာဖို့ပဲရှိပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိပကတိအခြေအနေဟာလည်း အသံတွေပိုကျယ်လောင်စေဖို့ ဖြစ်လာဦးမှာပါ။နွေရာသီဇာတ်လမ်းက ခုကတည်းက စတင်နေပါပြီ။

Advertisement

Leave a Reply

%d bloggers like this: