ဂန်းနားတို့ရဲ့လက်ကျန်ခရီးထဲမှ အခက်ခဲဆုံးပွဲများ

ပြီးခဲ့တဲ့သီတင်းပတ် မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့ပြီးနောက် အာဆင်နယါဟာ ဒုတိယနေရာက မန်စီးတီးကို ရှစ်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်ထားခဲ့ပါတယ် ။ ကြားရက်မှာတော့ မန်စီးတီးဟာ တော့တင်ဟမ်ကို အနိုင်ရထားခဲ့တာကြောင့် အမှတ်ကွာဟာချက် ၅မှတ်သာ ရှိပါတော့တယ် ။

ဒီရာသီမှာ အကောင်းဆုံးပုံစံရနေတဲ့ ဂန်းနားတွေဟာ ၂၀၀၃-၂၀၀၄ရာသီနောက်ပိုင်း နှစ်ပေါင်း၂၀နီးပါး ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီးကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း ရှိနေပြီလို့ အသင်းရဲ့ပရိသတ်တွေက ယုံကြည်လာခဲ့ပါတယ် ။

ဒါပေမယ့်လည် အာတေးတားတို့ဟာ ပရီးမီးယားခရီးကြမ်းရဲ့ လက်ကျန်ပွဲ၂၀ကို ဖြတ်ကျော်ရဦးမှာပါ ။

ဒီ weekend မှာတော့ အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို အမ်းမရိတ်မှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစပါတယ် ။ လက်ရှိမှာ အကောင်းဆုံးပုံစံရနေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် အကြိတ်အနယဖြစ်လာမှာ အသေအချာပါပဲ ။ သမိုင်းကြောင်းပြိုင်ဖက်တွေလဲဖြစ်တာမို့ ခံစားချက်အရမန်ယူကို နိုင်ချင်နေကြပေမယ့် လက်တွေ့မှာတော့ ဂန်းနားတို့ရဲ့ ခရီးဟာ ရှည်ဆဲပါ .. ကြမ်းဆဲပါ။ ဒီပွဲနိုင်ရင်လဲ ချန်ပီယံခရီးက ကြမ်းဆဲပါ။

ဂန်းနားတွေဟာ ပထမအကျော့က အိုးထရက်ဒ်ဖို့ဒ် ရှုံးကြွေးကို အမ်းမရိတ်မှာ ပြန်ဆပ်လာဖို့ ၊ မန်စီးတီးကိုလည်း ရမှတ်၈မှတ်ပြန်ဖြတ်ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်နိုင်ဖို့ ဒီပွဲစဉ်မှာ အစွမ်းကုန်ကြိုးစားလာကြမှာပါ။

သရဲနီတွေရဲ့ စီချင်းတိုက်ပွဲပြီးရင် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အမြှောက်တပ်သားတွေရဲ့ ချန်ပီယံအိပ်မက်ကို အဆုံးအဖြတ်ပေးလာမယ့် ပွဲစဥ်တွေရှိပါတယ်။  အဲ့တာတွေကတော့

() မန်စီးတီး (အိမ်ကွင်း ) ၁၅၀၂၂၃

ချန်ပီယံဆုအတွက် အဓိကပရီးမီးယားလိဂ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အနိုင်ရလဒ်ယူထားဖို့ဟာ မဖြစ်မနေ အရေးကြီးလှပါတယ် ။ အာဆင်နယ်ဟာ ဖေဖော်ဝါရီလထဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး ဒီပွဲစဉ်ကိုလည်း အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံအိပ်မက်ဟာ ပိုမိုအရှိန်ကောင်းလာမှာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်ကို ကြီးစိုးနေတဲ့ မန်ချက်စတာမြို့သားတွေကလည်း အာဆင်နယ်ကို ဖိအားပေးဖို့အတွက် ဒီပွဲစဉ်မှာ အစွမ်းကုန်ကြိုးစားလာမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရာသီမှာ နှစ်ကျော့လုံးရှုံးနိမ့်ထားခဲ့တဲ့ မန်စီးတီးကို ဒီတစ်ကြိမ်မှာတော့  အာတေတာ တို့ဟာ  ရှုံးကြွေးပြန်ဆပ်ဖို့ ကြိုးစားလာမှာပါ ။ ဒီပွဲစဥ်ဟာ အမှတ်ပေးဇယားအတွက်သာမက အာဆင်နယ်ရဲ့ ခြေစွမ်းခြေစ ဘယ်လောက်ရှိသလဲဆိုတာလဲ အဖြေပေးမှာဖြစ်ပါတယ်။

()အက်စ်တွန်ဗီလာ (အဝေးကွင်း ) ၁၈၀၂၂၃

 ၂၀၁၉မှာ အမ်းမရိတ်ကနေ ထွက်ခွာသွားပြီးနောက်မှာ မကြာသေးမီက အက်စ်တွန်ဗီလာအသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ အူနိုင်းအမ်မရီ နဲ့ အာဆင်နယ်တို့ဟာ ပြိုင်ဘက်တွေအဖြစ် ပထမဆုံးပြန်လည်ရင်ဆိုင်တွေ့တော့မှာ ဖြစ်ပါတယ်။ ဗီလာရဲ့ခြေစွမ်းကလည်း မညံ့တဲ့အသင်းဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူ ၊ တော့တင်ဟမ်တို့ကို အနိုင်ယူထားတဲ့ အက်စ်တွန်ဗီလာဟာ အိမ်ကွင်းမှာ အာဆင်နယ်ကိုလည်း ဒုက္ခပေးဖို့ကြိုးစားလာမှာဖြစ်ပါတယ်။ ။ အာဆင်နယ်ဟာ အက်စ်တွန်ဗီလာကို ပထမရာသီ၀က်မှာတော့ (၂-၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဗီလာဟာ အသင်းကြီးတွေကို အကောင်းဆုံးအနှောင့်အယှက်ပေးနိုင်တာမို့ ဂန်းနားတို့အတွက်တော့မလွယ်တဲ့ပြိုင်ဖက်ပါပဲ။

()လီဗာပူးလ် (အဝေးကွင်း ) ၀၈၀၄၂၀၂၃

အာဆင်နယ်ဟာ  လီဗာပူးလ်နဲ့တွေ့တိုင်း ရလဒ်ကောင်းတွေရဖို့ အမြဲရုန်းကန်ခဲ့ရပေမယ့် ဒီရာသီပထမအကျော့မှာတော့ ဒီမှတ်တမ်းဆိုးကို ချေဖျက်ခဲ့ပြီး ကြိုးကြာနီတွေကို (၃-၂)နဲ့ အနိုင်ရခဲ့ပါတယ် ။ 

လက်ရှိမှာ ကြိုးကြာနီတွေဟာ အနိမ့်ပိုင်းကို ရောက်နေတယ်ပေမယ့် အထင်သေးလို့ရတဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူး ။ အန်ဖီးလ်ဟာ အာဆင်နယ်အတွက် အမြဲလိုလိုကစားရခက်‌စေတာကြောင့်  ဆယ်စုနှစ်တစ်ခုနီးပါး အဝေးကွင်းမှာ ကြိုးကြာနီတွေကို အနိုင်မရဖူးသေးတဲ့ ဂန်းနားတွေဟာ အန်ဖီးလ်ကျိန်စာ‌ဆိုးကို ဖြေနိုင်မလားဆိုတာ စိတ်၀င်စားစရာပါ။

()မန်စီးတီး (အဝေးကွင်း ) ၂၆၀၄၂၀၂၃

 အာတေတာတို့ နောက်ထပ်ရင်ဆိုင်ရဖို့ ကျန်နေသေးတာကတောါ အီးတီဟတ်အိမ်မက်ဆိုးပါ ။ အာဆင်နယ်ဟာ မန်စီးတီးကို အဝေးကွင်းမှာ အနိုင်မရခဲ့တာလည်း ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပါပြီ ။ 

ဒီရာသီမှာ တော့တင်ဟမ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး မြောက်လန်ဒန်ဒါဘီ အဝေးကွင်းမှတ်တမ်းဆိုးတစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ အန်ဖီးလ် နဲ့ အီးတီဟတ်ကျိန်စာဆိုးတွေကိုရော ဆက်ပြီးချေဖျက်နိုင်မလားဆိုတ တကယ်ကို စိတ်၀င်စားစရာပါ ။

အာတေတာကရော သူ့ရဲ့ဆရာကိုအနိုင်ယူပြီး “ဆရာ့ထက်တပည့် လက်စောင်းထက်” တာကို ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ထိုအချိန်မှာ ဖြစ်နေတဲ့ အသင်း ၂ သင်းရဲ့ရပ်တည်မှုကလည်း သူတို့ပွဲစဥ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်လာမှာပါ။

() နယူးကာဆယ် (အဝေးကွင်း) ၀၆၀၅၂၃

အက်ဒီဟောင်း ရဲ့ အသင်းဟာ ဒီရာသီမှာ အာဆင်နယ် ကို သရေကစားထားနိုင်တဲ့ အသင်းနှစ်သင်းထဲက တစ်သင်းဖြစ်ပါတယ်။ ။ အာဆင်နယ် အသင်း ဂိုးမသွင်း နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပြီး ဒီရာသီ ခံစစ် အကောင်းဆုံး အသင်းလည်း ဖြစ်ပါတယ် ။ Top Six နဲ့ ရင်ဆိုင်ခဲ့ရမှာလည်း လီဗာပူးလ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားပြီး အခြားအသင်းတွေကို ရှုံးနိမ့်ထားခြင်းမရှိပါဘူး ။

 ဒါ့ကြောင့် အာဆင်နယ်ဟာ ဒီရာသီမှာအမြန့်ပျံနေတဲ့ ငှက်ကျားတွေကို သူတို့ရဲ့အိမ်ကွင်း စိန့်ဂျိမ်းစ်ပက်ခ့်မှာ ရင်ဆိုင်ရမှာဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ရာသီမှာလည်း စိန့်ဂျိန်းပါ့ခ်က ရှုံးပွဲကြောင့် ချန်ပီယံလိဂ်အိပ်မက်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ချန်ပီယံဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။  အခက်အခဲတွေကလည်း တစ်ခုပြီးတစ်ခုပါ။ ဒါကြောင့် စမ်းသပ်မှုများစွာရှိနေသေးသလို  အာဆင်နယ်ကလည်း ရအောင်ကျော်ဖြတ်ပြရ​မှာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: