ရာသီဝက်မှာ ပြိုလဲမသွားဖို့

ဇန်နဝါရီဟာ အာဆင်နယ်အတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ။ အသင်းရဲ့ အဓိကတိုက်စစ်မှူးကို ဆုံးရှုံးထားတဲ့ အမြှောက်တပ်သားတွေဟာ ဘရိုက်တန် ၊ နယူးကာဆယ် ၊ တော့တင်ဟမ် ၊ မန်ယူစတဲ့ ခက်ခဲ့တဲ့ပြိုင်ဘက်တွေကို ၂၀၂၃ရဲ့ ပထမဆုံးလမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တန်စွမ်းကို စမ်းသပ်မယ့်လတစ်လလို့ ဆိုနိုင်ပါတယ်။

အခုဆို အာဆင်နယ်ဟာ ဘရိုက်တန်ကိုအနိုင်ယူထားခဲ့ပါတယ် ၊ နယူးကာဆယ်ကို သရေကျခဲ့တာကြောင့် အနည်းငယ် စိုးရိမ်စရာကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ weekend မှာ တော့တင်ဟမ်ကို အနိုင်ယူပြီး ဆယ်စုနှစ်တစ်ခုနီးပါး ဝေးကွာနေခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ အဝေးကွင်းနိုင်ပွဲကို။ ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ လိဂ်ပွဲ၁၈ပွဲကစားထားခဲ့ပြီး ၁၅ပွဲနိုင် ၊ ၂ပွဲသရေ ၊ ‌၁ပွဲရှုံးဆိုတဲ့ရလဒ်ကို ပိုင်ဆိုင်ထားပါတယ် ။ အမှတ်ပေးဇယားရပ်တည်မှုမှာလည်း ဒုတိယနေရာက မန်စီးတီးကို ရှစ်မှတ်အထိ ဖြတ်ထားခဲ့ပြီး ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ် ။

ဒါပေမယ့် အသင်းအတွက် စိုးရိမ်စရာရှိတာကတော့ အဓိကကစားသမားတွေ ဒဏ်ရာမရသွားဖို့ပဲ ဖြစ်ပါတယ် ။ အသင်းရဲ့ ဇန်နဝါရီ အဓိကပစ်မှတ် မာဒရစ်ခ်ဆီ လက်လွှတ်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ဘယ်ကစားသမားကို ကြိုးစားလာမလဲဆိုတာ မသိရသေးပါဘူး ။

ကွင်းလယ်အတွက်လည်း ဒီဇန်နဝါရီမှာတော့ ကစားသမားသစ်ခေါ်ယူဖို့မရှိပဲ လာမယ့်နွေမှသာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယိ ။

ဒါ့ကြောင့် အသင်းရဲ့ အရန်အင်အားဟာ အတော်‌လေးနည်းပါးနေပြီး အဓိကကစားသမားတွေထဲက တစ်ဦးဦးသာ ဒဏ်ရာရသွားခဲ့ရင် အစားထိုးဖို့ မလွယ်ကူတဲ့အနေအထားမှာ ရှိနေပါတယိ ။ ဒီလိုအရန်အင်အားမတောင့်တင်းမှုကြောင့် အသင်းရဲ့ ချန်ပီယံအိပ်မက်ပျက်စီးမှာကို ပရိသတ်တွေက စိတ်ပူနေကြပါတယ် ။

နောက်ဆုံးသတင်းတွေမှာတော့ နောက်ခံလူ ၊ ကွင်းလယ်နဲ့ တောင်ပံကစားသမားတွေပါဝင်နေပြီး အတည်မပြုနိုင်တဲ့သတင်းတွေပဲများနေတာပါ။  ဘရိုက်တန်ရဲ့  ထရိုဆတ်အတွက်တော့ အေးဂျင့်ဖက်ကနေ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ဂန်းနားတို့ဖက်ကတော့အထွေအထူးလှုပ်ရှားမှုမရှိသေးပါဘူး။

ဂန်းနားဟောင်းကြီး အီယန်ရိုက်ကတော့ အာဆင်နယ်ဟာ ဆာကာ ၊ အိုဒီဂတ် နဲ့သောမတ်စ်ပါတေးတို့ကို ဆုံးရှုံးလို့မဖြစ်ဘူးလို့ ဆိုလာခဲ့ပါတယ် ။ ဒီကစားသမားတွေဟာ လက်ရှိမှာ အကောင်းဆုံးပုံစံရ‌နေတာကြောင့် သူတို့ထဲကတစ်ဦးဦး ဒဏ်ရာရသွားမှာကို စိုးရိမ်မိတယ်လို့ အီယန်ရိုက်က ဆိုပါတယ် 

အိုဒီဂတ်၊  ပါတေး  ဒါမှမဟုတါ ဆာကာတစ်ဦးဦး ဒဏ်ရာရသွားခဲ့ရင် ကျွန်တော် စိုးရိမ်မိမှာပါ အထူးသဖြင့် အိုဒီဂတ်အတွက်ပေါ့ ဘာလို့လဲဆိုတော့ လက်ရှိမှာ သူဟာ ဒီရာသီရဲ့ အကောင်းဆုံးကစားသမားပါပဲ လို့ အီယန်ရိုက်ကဆိုပါတယ် ။

လက်ကျန်ဇန်နဝါရီဈေးကွက်မှာ အီဒူးဘာတွေ လှုပ်ရှားလာမလဲဆိုတာ မသိရသေးပါဘူး ။ ပါတေးမပါ၀င်နိုင်ချိန်မှာ အသင်းဟာ ဘယ်လောက်ရုန်းကန်ခဲ့ရလဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပြီးပါပြီ ။ ဒီတော့ ဒဏ်ရာပြဿနာတွေဟာ အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်ကို အနှောင့်အယှက်မပေးလာဖို့ပဲ ဆုတောင်းရတော့မှာပါပဲ ။ ကစားသမားသစ်ဝယ်ယူဖို့အောင်မြင်မှသာ အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့ ထိုင်ဆုတောင်းနေရတဲ့ဘဝကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

ဂန်းနားတို့အနေနဲ့ မူလ Plan တွေအရှိန်အဟုန်နဲ့သွားနေတယ်ဆိုပေမယ့်  ၊ ဖြစ်လာတဲ့အခင်းအကျင်းပေါ်မူတည်ပြီးလုပ်ဆောင်သင့်တယ်လို့တော့ ဝေဖန်မှုတွေရှိနေပါတယ်။ လက်တွေ့ဆုံးဖြတ်ချက်ကတော့ ဘုတ်အဖွဲ့ဝင်တွေရဲ့  ရည်မှန်းချက်နဲ့အစီအစဥ်တွေကိုပဲစောင့်ကြည့်ရတော့မှာပါ။

Advertisement

Leave a Reply

%d bloggers like this: