အနာဂတ်ကတော့ သူ့ဟာသူဖြစ်သွားပါလိမ့်မယ် – အက်ဒီ

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဒဏ်ရာနဲ့ပြန်လာခဲ့တဲ့ ဂျေးဆူဟာ သူ့ရဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် သူမရှိမယ့် နှစ်လလောက်အတွက် အက်ဒီအန်ကက်တီးယားဟာ အသင်းရဲ့အဓိကတိုက်စစ်မှူးအနေနဲ့ ကစားရဖို့ အခွင့်အရေးရလာခဲ့ပါတယ် ။

အန်ကက်တီးယားဟာ ပြီးခဲ့တဲ့နွေမှာ အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဘာမှကြီးကြီးမားမား မလုပ်ပြနိုင်သေးတကြောင့်  ဂျေးဆူဒဏ်ရာရနေချိန်မှာ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသင့်တယ်လို့ အချို့က အကြံပေးခဲ့ကြပါတယ် ။

ဒါပေမယ့် အာတေတာကတော့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စိတ်မ၀င်စားခဲ့ပဲ  အန်ကက်တီးယားကိုသာ အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အန်ကက်တီးယားကလည်း ဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချခဲ့ပြီး အသင်းအတွက် နောက်ဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ၄ပွဲမှာ၄ဂိုး သွင်းယူထားခဲ့ပါတယ်။ မြောက်လန်ဒန်ဒါဘီမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အကောင်းဆုံးပုံစံကိုပြသခဲ့ပါတယ်။

ဂန်နားတိုက်စစ်ကိုသာ ဦးဆောင်နိုင်ပါ့မလားလို့ သံသယ၀င်ခဲ့ပရိသတ်တွေကို အက်ဒီဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ချေဖျက်ပြနေပါတယ် ။ ဒီလိုအသင်းအတွက် ခြေစွမ်းပြဂိုးတွေ သွင်းယူနေပေမယ့် ဂျေးဆူသာ ဒဏ်ရာကပြန်သက်လာရင် အန်ကက်တီးယားဟာ သူ့ရဲ့ပရီးမီးယားလိဂ် ပွဲထွက်ခွင့်တွေကို ဆုံးရှုံးရဖို့ ရှိနေပါတယ် ။

ဒါပေမယ့် အန်ကက်တီးယားကတော့ ဂျေးဆူကို ဒဏ်ရာကနေ အမြန်ဆုံးသက်သာလာစေဖို့ မျှော်လင့်နေကြောင်း ပြောပြလာခဲ့ပါတယ် ။ 

ပထမဆုံးအနေနဲ့ ကျွန်တော်သူ့ကို အမြန်ဆုံး သက်သာစေချင်ပါတယ် ကျွန်တော်တို့ ဂျေးဆူကို အသင်းမှာ ပြန်ပါနေစေချင်ပါပြီ၊ အသင်းက သူ့ကို လိုအပ်ပါတယ် ကျွန်တော်ကတော့ တစ်ပွဲပြီးတစ်ပွဲ ဖြတ်သန်းသွားမှာပါ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာ ကျွန်တော်သိပါတယ် အသင်းအတွက် ကျွန်တော်ဘာတွေ ယူဆောင်ပေးနိုင်မလဲဆိုတာသိပါတယ်

အသင်းမှာ ပါ၀င်နိုင်ဖို့ အသင်းကို ကူညီနိုင်ဖို့အတွက် ကျွန်တော် အလုပ်ကြိုးစားနေပြီး အကောင်းဆုံး ပေးဆပ်နေပါတယ် ဒါ ကျွန်တော်ရှာဖွေနေတဲ့ အရာအားလုံးပါပဲ၊ အနာဂတ်ကတော့ သူ့ဘာသာသူပဲ ကြည့်ကြပ်ဂရုစိုက်သွားပါလိမ့်မယ် 

အာဆင်နယ်လူငယ်လေးဟာ သူ့ရဲ့အခွင့်အရေးအတွက် ကြိုးစားမှာဖြစ်ပေမယ့် စိတ်ဆန္ဒကတော့ အဆင့်အတန်းအပြည့်ပါပဲ။

အသင်းမှာ တိုက်စစ်မှူးနှစ်ဦးသာ ရှိတာကြောင့် အန်ကက်တီးယား နဲ့ ဂျေးဆူနှစ်‌ယောက်လုံး ကြံ့ခိုင်မှုပြည့်နေဖို့က အာတေတာအတွက် သိပ်အရေးကြီးလှပါတယ် ။ ဖေဖော်ဝါရီမှာလည်း ယူရိုပါလိဂ်ပွဲတွေပြန်လည်စတင်တော့မှာ ဖြစ်တာကြောင့် ဂျေးဆူဒဏ်ရာကနေ အမြန်ဆုံးသက်သာလာဖို့ လိုအပ်ပါတယ် ။

ဘရာဇီးလ်တိုက်စစ်မှူးဟာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး မြက်ခင်းစိမ်းပေါ် အမြန်ဆုံးခြေပြန်ချနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ သို့သော် နောက်ဆုံးရသတင်းတွေအရလည်း သူ့ရဲ့ ဒဏ်ရာဟာ ဧပြီလလောက်ထိရောက်မယ်လို့ ရေးသားနေကြပြန်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အက်ဒီကြောင့်အဆုံးအဖြတ်ချိန်မှာ အသင်းက အားနဲခဲ့ရတယ်လို့ ဆိုကြပါတယ်။ စာရေးသူကတော့  အက်ဒီကလည်း အကောင်းဆုံးလုပ်ဆောင်ပြခဲ့တယ်လို့ပဲ ယူဆပါတယ်။ အရာရာကို သူတစ်ဦးထဲက ဆွဲတင်စရာမှမလိုခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျေးဆူ ပြန်ကောင်းဖို့ ဆုတောင်းရမှာဖြစ်ပြီး ၊  အက်ဒီဟာလည်း အသင်းရဲ့ ရတနာတပါးပဲဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: