မီခေးအာတေတာကတော့ သူရဲ့ကစားသမားတွေကို တော့တင်ဟမ်ရဲ့ အိမ်ကွင်းအသစ်မှာ ပထမဆုံးနိုင်ပွဲ ရှာဖွေဖို့ စိန်ခေါ်လိုက်ပါတယိ ။ အာဆင်နယ်ဟာ တော့တင်ဟမ်ရဲ့ အိမ်ကွင်းအသစ်ကို နောက်ဆုံးသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ သုံးပွဲစလုံးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ် ။
အာတေတာဟာ သူရဲ့ အာဆင်နယ်မန်နေဂျာဘ၀မှာ အိုးထရက်ဖို့ဒ်နိုင်ပွဲ ၊ စတန်းဖို့ဒ်ဘရစ်ခ်ျနိုင်ပွဲတွေကို ရယူခဲ့ပြီးဖြစ်ပါတယ် ။ ဒါကြောင့် တော့တင်ဟမ်ရဲ့ အိမ်ကွင်းအသစ်မှာ အနိုင်ရဖူးတဲ့ မှတ်တမ်းကိုပါ အာတေတာဟာ ပိုင်ဆိုင်လိုနေတာ ဖြစ်ပါတယ် ။ ဂန်းနားတွေဟာ ကြက်ဖမြီးကောင်ပေါက်ကို အဝေးကွင်းမှာ အနိုင်မရခဲ့တာလည်း ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ် ။
” ပြီးခဲ့တဲ့နှစ်တွေအတွင်း ၁၅နှစ် ၊ ၁၇နှစ် ဒါမှမဟုတ် အနှစ်၂၀လောက် ကျွန်တော်တို့ မနိုင်ခဲ့တဲ့ ပြိုင်ဘက်အိမ်ကွင်းတွေ ရှိခဲ့တယ် ။ ဒီနေရာတွေမှာ ကျွန်တော်နိုင်ပွဲရချင်ပါတယ် ၊ ဒီတော့ လာမယ့်စနေနေ့မှာ မှတ်တမ်းဆိုးတွေကို ကျော်ဖြတ်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ၊ အခွင့်အရေးတစ်ခု ရှိနေပါတယ် “
“ဒါဟာ ကျွန်တော်တို့မှာရှိနေတဲ့ စိန်ခေါ်မှုပါပဲ ၊ ကျွန်တော်တို့ သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ယူနိုင်ရပါမယ် ၊ အသင်းရဲ့ကစားသမားတွေဟာ တကယ်ကိုကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ် “
” ကျွန်တော်တို့အားလုံး စိတ်ဓာတ်တွေတက်ကြွနေကြတယ် ၊ အတူတူကစားရတဲ့အပေါ် သဘောကျနေကြတယ် ၊ အသင်ကလည်း နေရာကောင်းတစ်ခုမှာ ရှိနေပါတယိ ။ ဒီတော့ ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ့်အရာတွေကို ဆက်ပြီးတိုးတက်အောင်လုပ်ရပါမယ်။ ။ ကျွန်တော်တို့ကို ဒီနေရာအထိ ရောက်စေခဲ့တဲ့ အရာတွေကိုလည်း ဆက်ပြီးထိန်းသိမ်းထားရပါမယ်“
၂၀၁၃-၁၄ကတည်းက အာဆင်နယ်ဟာ တော့တင်ဟမ်ကို အိမ်ကွင်း ၊ အဝေးကွင်းနှစ်ကျော့စလုံးမှာ အနိုင်မယူနိုင်သေးပါဘူး ။ ပထမအကျော့ အမ်းမရိတ်မှာ တော့တင်ဟမ်ကို (၃-၁)နဲ့အနိုင်ရထားတဲ့ အာဆင်နယ်ဟာ တနင်္ဂနွေမှာသာ ကွန်တီရဲ့တော့တင်ဟမ်ကို အနိုင်ရခဲ့ရင် မြောက်လန်ဒန်မြို့ခံပြိုင်ဘက်တွေကို နှစ်ကျော့စလုံးအနိုင်ယူနိုင်မှာပါ ။
ဒါဘီပွဲစဉ်တစ်ခုကို ကစားရမှာနဲ့ ပတ်သက်ပြီးလည်း အာတေတာက ခုလိုပြောပြလာခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဒီလိုဒါဘီပွဲစဉ်တွေ ကစားရတာကို တကယ် သဘောကျပါတယ် ။ ကျွန်တော်တို့ဟာ ဒီလိုကစားပွဲတွေကစားဖို့ ဒီနေရာမှာ ရှိနေတာပါ ။ ဒီကစားပွဲဟာ ဒီရာသီမှာ ကျွန်တော်တို့အတွက် အကြီးကျယ်ဆုံး ကစားပွဲတွေထဲက တစ်ခုပါ “
” ဒီပွဲဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါတယ် ၊ ကျွန်တော့်ရဲ့ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော်သိပါတယ် ။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖို့ ၊ ဒီပွဲကိုအနိုင်ရမယ့်အရာတွေကို လုပ်ဆောင်နိုင်ဖို့ အာရုံစိုက်ထားရပါမယ် “ လို့ အာတေတာကဆိုပါတယ် ။
နောက်ဆုံးသတင်းများအရ ကစားသမားသစ်တွေရောက်လာဖို့ဆိုတာ အချိန်ကာလတစ်ခုယူရဦးမှာဖြစ်လို့ ပွဲကြပ်ကာလကို ဖြတ်ကျော်ဖို့ဆိုတာ လက်ရှိလူငယ်တသိုက်ရဲ့ ပုခုံးပေါ်မှာသာ အပြည့်အဝ ကျရောက်နေပြီပဲဖြစ်ပါတယ်။ ဂန်းနားတို့ ဘယ်လောက်ထိခရီးရောက်မလဲဆိုတာကို စမ်းသပ်မယ့်ကာလနောက်ထပ်တစ်ခုပဲဖြစ်ပါတယ်။