ယုံကြည်မှုအပြည့်နဲ့တော့တင်ဟမ်ကွင်းသွားကြမယ် – အယ်လ်နီနီ

အောက်ဖို့ဒ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ (၃-၀)နဲ့ အနိုင်ရခဲ့တာဟာ  တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် ယုံကြည်မှုတွေ ပေးခဲ့တယ်လို့ အယ်လ်နီနီက ဆိုပါတယ် ။ အီဂျစ်သားဟာ ချစ်သူဘယ်လောက်ရှိထားမလဲမသိပေမယ့် မုန်းသူတော့မရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အေးချမ်းတဲ့မျက်နှာ  ၊ အာဆင်နယ်မှာ နေလိုအကြောင်းအမြဲတန်းပွင့်ပွင့်လင်းလင်းရှိနေသူ .. ပြီးတော့ လိုအပ်တိုင်းလဲထိုက်သင့်တဲ့စွမ်းဆောင်မှုကိုပြထားတဲ့သူ။

FAပွဲစဉ်ရဲ့  ၆၄မိနစ်မှာ အီဂျစ်သားဟာ ဗီအဲရာရဲ့ဖရီးကစ်ကနေ အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီဂိုးဟာ ပိတ်ဆို့နေတဲ့ ဂန်းနားတို့ရဲ့ ဂိုးလာဘ်ကိုပွင့်သွားစေခဲ့ပါတယ်။ အောက်စ်ဖို့ကို နိုင်သွားတဲ့ အာဆင်နယ်ဟာ နောက်တစ်ဆင့်မှာတော့ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာတော့မှာပါ ။ 

ပြီးခဲ့တဲ့သီတင်းပတ်မှာ EPL မှာ နယူးကာဆယ်ကို သရေကျခဲ့ပြီး အမှတ်လျော့ခဲ့ရပေမယ့် အောက်ဖို့ဒ်နဲ့ပွဲစဉ်မှာ ခုလိုအနိုင်ရလဒ်ရယူနိုင်ခဲ့တာဟာ လာမယ့်သီတင်းပတ်တွေမှာ တော့တင်ဟမ် ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ရင်ဆိုင်ရမယ့် အသင်းအတွက် ယုံကြည်မှုတွေ ရှိစေခဲ့တယ်လို့ အယ်လ်နီနီက ယုံကြည်နေပါတယ် ။

ပွဲအပြီးမှာတော့ ဂန်းနားကွင်းလယ်လူကြီးက ခုလိုပြောပြလာခဲ့ပါတယ် ။

ဒီနေ့မှာ အနိုင်ရလဒ်ရယူနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် သိပ်ကို အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ဒီပွဲပြီးရင် နောက်လာမယ့်ပွဲစဉ်ကမြောက်လန်ဒန်ဒါဘီပွဲစဉ် ဖြစ်နေတယ် ဒီတော့ ကျွန်တော်တို့ဟာ အဝေးကွင်းမှာ အနိုင်ရလဒ်ရယူမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ (တော့တင်ဟမ်ကွင်းကို ) သွားဖို့ လိုတယ် ကျွန်တော်တို့ FA ဖလားပြိုင်ပွံမှာလည်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပါပြီ

“ဒါဘီပွဲစဉ်ဆိုတာ ကျွန်တော်တို့ အားလုံးအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲဆိုတာ ကျွန်တော်တို့ အားလုံးသိကြတယ် ၊ ဒီတော့ ယုံကြည်မှုအပြည့်နဲ့ ကျွန်တော်တို့ တော့တင်ဟမ်ကွင်းကိုသွားကြမယ် ၊ ပြီးရင် အနိုင်သုံးမှတ်ယူမယ်”

အောက်စ်ဖို့ဒ်နဲ့ပွဲစဉ် ပထမပိုင်းမှာ အာဆင်နယ်ဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အိမ်ရှင်တွေရဲ့ ကျစ်လစ်တဲ့ခံစစ်ကို ပြိုလဲစေခဲ့တာကတော့ အယ်လ်နီနီရဲ့ အဖွင့်ဂိုးပဲ ဖြစ်ပါတယ် ။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ၊ ဒီလိုဂိုးသွင်းယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အယ်လ်နီနီက ခုလိုပြောပြလာခဲ့ပါတယ်။

ကျွန်တော်တို့ အားမလိုအားမရ ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ် ဒါပေမယ့် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တယ် ကစားပွဲကို ကျွန်တော်တို့ စိုးမိုးထားနိုင်ခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ဘူး ပထမပိုင်းအပြီးမှာ အမှားအချို့ကို ကျွန်တော်တို့ ပြင်ဆင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့တယ် အနိုင်ရခဲ့တယ်

ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းကိုကူညီနိုင်ခဲ့လို့ ပျော်ပါတယ် ဒါက ကျွန်တော့်အတွက် သိပ်ကိုထူးခြားပါတယ်။ ဘာလို့လဲဆိုတေ့ အာဆင်နယ်ဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ် ဒီအသင်းအတွက် ဂိုးသွင်းနိုင်တာဟာ တကယ်ကို ကောင်းမွန်တဲ့အရာပါပဲ လို့ အယ်လ်နီနီက ဆိုပါတယ်။

အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကြီးတွေမှာ ခြေစွမ်းပြတယ်ဆိုတာဟာ အီဂျစ်သားနဲ့သိပ်စိမ်းတဲ့ကိစ္စမဟုတ်ိလု့   ဝှိုက်ဟတ်လိန်းမှာလည်း အခွင့်အရေးတွေရလာရင် တစ်ခုခုလုပ်ပြနိုင်မလားစောင့်ကြည့်ရပါဦးမယ်။ အသင်းကလဲ သူ့ကိုလိုအပ်တဲ့အချိန်တွေသေချာပေါက်ရှိနေဦးမှာပါ။ အာဆင်နယ်ကိုရော အီဂျစ်သားကိုပါ အားပေးရမယ့်အခိုက်အတန့်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: