အာတေတာ ၊ အာဆင်နယ်  နဲ့  တဆင့်နှိမ့်သတ်မှတ်ခံရခြင်းကိစ္စများ

အာဆင်နယ်ရဲ့ သက်တော်‌ရှည် မန်နေဂျာကြီး အာဆင်၀င်းဂါးရဲ့ ခေတ်အလွန်မှာ အသင်းရဲ့ ပဲ့ကိုင်ရှင်အသစ်ဟာ တုနှိုင်းစံမမီတဲ့ အူနိုင်းအမ်မရီ ပဲဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ၀င်းဂါးအလွန် ဖရိုဖရဲ အမြှောက်တပ်ကို အမ်မရီဟာ ပြန်လည်မစုစည်းနိုင်ခဲ့ပါဘူး။ နည်းပြကောင်းတစ်ဦးဖြစ်ပေမယ့် အကြောင်းမလှစွာပဲ အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။ ဒါ့အပြင် ဆယ်စုနှစ် ၂ ခုနှစ်ပါး အောင်ပွဲနဲ့ဝေးကွာခြင်းဟာ အသင်းအပေါ် အထင်မြင်သေးစေခဲ့ပါတယ်။

ဒါ့ကြောင့် အသင်းရဲ့တာ၀န်ရှိသူတွေဟာ ၂၀၁၉မှာတော့ အူနိုင်းအမ်မီနဲ့ လမ်းခွဲခဲ့ပြီး အာတေတာကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ အာဆင်နယ်မန်နေဂျာရာထူးအတွက် ရေပန်းစားခဲ့သူတွေဟာ အာတေတာ နဲ့ အန်ဆယ်လော့တီတို့ ဖြစ်ပါတယ်။ 

ခရွန်ကီ မိသားစု နဲ့ ဘုတ်အဖွဲဟာ အန်ဆယ်လော့တီလို ဝါရင့်နည်းပြတစ်ဦးအစား အာတေတာလို စီနီယာနည်းပြအတွေ့အကြု့မရှိသေးတဲ့သူတစ်ဦးကို ယုံကြည်ခဲ့တာဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ မေးခွန်းထုတ်သူများထဲမှာ ဘောလုံးလောကထဲကလူတွေပါဝင်သလို  ဂန်းနားပရိတ်သတ်တွေကအစ ပါဝင်ပါတယ်။ Personal Profile မရှိသလောက်နဲပါးတဲ့ အာတေတာကို ဒီနေရာနဲ့ထိုက်တန်တယ်လို့ ထင်တဲ့သူက ခပ်ရှားရှားပါ။

ဒါ့‌ကြောင့် အာတေတာ ကို အာဆင်နယ်နည်းပြ ခန့်အပ်လိုက်ချိန်မှာ စပါယ်ရှယ်၀မ်းလို့ လူသိများတဲ့ မော်ရင်ဟိုက ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ မော်ရင်ဟိုက တော့တင်ဟမ်အသင်းရဲ့ မန်နေဂျာအဖြစ် တာ၀န်ယူနေတာ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ်အလုပ်လုပ်နေတဲ့ ၊ မန်နေဂျာ အတွေ့အကြုံမရှိသေးတဲ့ အာတေတာက အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာတဲ့အပေါ် မော်ရင်ဟိုဟာ နားမလည်နိုင်ခဲ့ပါဘူး ။

ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်ကနေ ရယ်စရာကောင်းတဲ့ အချက်တစ်ချက်ပဲ တွေ့ခဲ့တယ်ဗျ အရင်တုန်းက အကောင်းဆုံးမန်နေဂျာတွေဆိုတာ အောင်မြင်မှုတွေ အများကြီးနဲ့သူတွေပေါ့ အခုကျတော့ ရှုံးပွဲအနည်းဆုံးသူက အကောင်းဆုံး မန်နေဂျာတဲ့ဗျ လို့ အားတေးတားကို မန်နေဂျာ ခန့်အပ်ခဲ့တဲ့အပေါ် ပေါ်တူဂီသားနည်းပြကြီးက လှောင်ပြောင်ခဲ့ပါတယ်။

မော်ရင်ဟိုက အန်ဆယ်လော့တီကို ကျော်လွန်ပြီး အာတေးတားကို ရွေးချယ်ခဲ့တဲ့အပေါ် နားမလည်နိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 

အန်ဆယ်လော့တီမှာ ချန်ပီယံလိဂ်ဖလား သုံးလုံးရှိတယ် ၊အီတလီ ပြင်သစ် နဲ့ အင်္ဂလန်မှာလည်း ဆုဖလားတွေ ရခဲ့တယ်   ဒါပေမယ့် အန်ဆယ်လော့တီက အာတေးတားကို ရှုံးသွားတယ်တဲ့ဗျ။ ဘာလို့လဲ ကျွန်တော်မသိဘူး သူက ပွဲ၂၀၀ ရှုံးထားလို့လား ကျွန်တော် ပွဲ၁၅၀၁၈၀လောက် ရှုံးပြီးပြီ သူက ကျွန်တော့်ထက် အသက်နည်းနည်းပိုကြီးပါတယ်

ကျွန်တော်ထင်တာကတော့ အခုချိန်မှာ ဘယ်နှစ်ပွဲနိုင်ခဲ့လဲဆိုတာထက် ဘယ်နှစ်ပွဲမရှုံးခဲ့ဘူးလဲဆိုတာက ပိုအရေးကြီးသွားပြီထင်ပါတယ် ဒီတော့ ဒီနေ့မှာ အကောင်းဆုံးမန်နေဂျာဆိုတာ ရှုံးပွဲလုံး၀မရှိသေးတဲ့သူတွေ ထင်ပါတယ် 

အာတေတာကို နည်းပြခန့်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်နိုင်တဲ့ တစ်ခုတည်း‌သော အကြောင်းပြချက်ကတော့ သူတို့က CVs ဖောင်တွေ ယူလာမယ် ပြီးရင် ဘယ်သူက မန်နေဂျာဘ၀မှာ ရှုံးပွဲပိုနည်းလဲ ပိုများလဲဆိုတာ တွေ့မယ် ပြီးတော့ ရှုံးပွဲပိုနည်းတဲ့သူကို အလုပ်ပေးလိုက်တာပါပဲ အခြားအကြောင်းပြချက်တော့ ကျွန်တော်ရှာမတွေ့ပါဘူး

မော်ရင်ဟို နည်းတူပဲ အာတေးတားကို အာဆင်နယ်နည်းပြ ခန့်အပ်ခဲ့တဲ့အပေါ် မယုံကြည်သူတွေ အများကြီး ရှိခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီအကုန်မှာ ဥရောပ၀င်ခွင့်တစ်နေရာ နဲ့ လွဲချော်ခဲ့တာ ၊ ၂၀‌၂၁-၂၂ရာသီအကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့တာတွေ ရှိခဲ့ပေမယ့် အာတေတာဟာ အခုဆိုရင် အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းအပေါ် တင်ပေးခဲ့ပါပြီ။

အာတေတာဟာ အချိန်တစ်ခုယူပြီး ငယ်ရွယ်တဲ့ ၊ အောင်မြင်မှုတွေ ဆာလောင်နေတဲ့ ၊ ထက်မြက်တဲ့ အစုအဖွဲ့တစ်ခုကိုတည်ဆောက်ထားခဲ့ပါပြီ။ အာတေးတားဟာ ၀င်းဂါးချန်ရစ်ခဲ့တဲ့ မြို့ပျက်တစ်ခုကို အစကနေ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါပြီ။ 

မော်ရင်ဟိုကတော့ သူပြောခဲ့တဲ့ စကားလုံးတွေအတွက် နောင်တရနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်အသင်းအပေါ်မှာရှိတဲ့ Overall အခြေအနေတွေကတော့ ပြေင်းသေးပုံမပေါ်ပါဘူး။ အသင်းဟာ ထိုက်တန်တဲ့လေးစားမှုကို မရရှိသေးပါဘူး။ မနေ့တုန်းက နယူးကာဆယ်ပွဲမှာ  ပင်နယ်တီတောင်းဆိုကြတဲ့အပေါ်ကို FA  က စုံစမ်းမယ်ဆိုတဲ့ကိစ္စကိုလဲမြင်မိကြမှာပါ။ ဒါဟာအသင်းအပေါ်မှာ ကျရောက်နေတဲ့ဖိအားတွေဘယ်လောက်များပြားသလဲဆိုတာ သက်သေပြနေတဲ့အချက်တွေထဲကတစ်ချက်ပါ။

နောက်ထပ် ပရိတ်သတ်တွေ မကျေမနပ်ဖြစ်နေကြတဲ့ကိစ္စကို ထပ်ပြီးရေးချင်ပါသေးတယ်။ ဒါကတော့ ကစားသမားခေါ်ယူမှုကိစ္စပါ။

အရင်ကအာဆင်နယ်အသင်းဟာအများပိုင်ဖြစ်တဲ့အတွက်ကစားသမားဝယ်တာရောင်းတာကိုဘုတ်အဖွဲ့နဲ့ဆုံးဖြတ်ကြပါတယ်။ကစားသမားတန်ကြေးကိုပေါက်စျေးထက်အများကြီးပိုပေးပြီးဝယ်လေ့မရှိပါဘူး။ငွေသုံးကြမ်းတဲ့ပြိုင်ဘက်တွေဝင်ပါလာရင်လက်လွှတ်ခဲ့ရတာများပါတယ်။ ချဲလ်ဆီးမန်ယူလီဗာပူးလိုအသင်းမျိုးပါလာရင်လက်လွှတ်ရဖို့များသွားပါပြီ။အဲဒီတော့ targeted players ကိုလူသိရှင်ကြားထုတ်မပြောပဲစျေးကွက်ပိတ်ခါနီးမှစာချုပ်ချုပ်လိုက်ရတာမျိုးပါ။ ပြန်ပြောရရင် အာရှာဗင်၊ အိုဇေး၊ ဆန်းချက်တို့ကိုခေါ်ခဲ့သလိုမျိုးပေါ့။


အခုကတစ်ဦးတည်းပိုင်ဖြစ်သွားတော့အာဖန်တွေမျှော်လင့်ချက်ပိုထားလာကြမှာနားလည်ပါတယ်။ အသင်းကလဲဇယားထိပ်ဆုံးမှာဆိုတော့ပိုင်ရှင်တွေကောင်းကောင်း support လုပ်ပေးဖို့မျှော်လင့်နေကြမှာပါ။သို့သော် စီးပွားရေးတရပ်ဖြစ်နေတဲ့ ခေတ်သစ်ဘောလုံးလောကမှာ ပစ်မှတ်ကစားသမားတွေကလဲလူသိရှင်ကြားမို့လို့စျေးအဆမတန်တက်ကုန်တယ်။ အသစ်ခေါ်မယ့်ကစားသမားဟာ ပေပေလို skills ကောင်းပေမဲ့လိဂ်နဲ့လုံးဝအံဝင်ဂွင်ကျမဖြစ်တဲ့ကစားသမားမျိုးဆိုရင် ဆိုတဲ့စိုးရိမ်စိတ်မျိုးပိုင်ရှင်တွေမှာရှိနိုင်ပါတယ်။ ဒီအကြောင်းကိုလဲ​သတင်းတွေမှာ တွေ့ရပါတယ်။

ပရိတ်သတ်ဆိုတာ အရာအားလုံးလိုက်ပြီးနားလည်ပေးစရာမလိုသလို ၊ ဆုဖလားတွေလိုချင်တာလဲ အပြစ်ဆိုစရာမရှိပါ။ သို့သော် အသင်းရဲ့သဘောသဘာဝနဲ့ကိုက်ညီတဲ့အားပေးမှုဆိုရင်ပိုကောင်းပါတယ်။ အသင်းဟာ မူဝါဒကို လက်ကိုင်ထားပြီး ကိုယ့်အရှိန်နဲ့ကိုယ်သွားလေ့ရှိကြသူတွေပါ။ အခုလက်ရှိကစားသမားတွေနဲ့ပဲဒီနေရာကိုရောက်ခဲ့တာပါ။

လက်ရှိသွားနေတဲ့ Process ၊ အသင်းရဲ့ရောက်ရှိမှုတွေဟာ ပရိတ်သတ်တွေလိုချင်တာ မဟုတ်သည့်တိုင်အောင် မျက်နှာငယ်စရာမရှိတာကိုတော့လက်ခံရမှာပါပဲ။ ဘောလုံးလောကမှာလည်း လတ်တလောမြင်ရသလောက် အနဲငယ်သော Pundit တွေကသာအသိအမှတ်ပြုနေကြပြီး ၊ အရှိန်အဝါကိုလဲ ပြန်လည် တည်ဆောက်နေဆဲအသင်းတစ်သင်းဖြစ်လို့ ပရိတ်သတ်အားပေးမှုဟာ အခရာကျလှပါတယ်။ 

ကျွန်တော်တို့ပရိတ်သတ်တွေအနေနဲ့လည်း အဆိပ်အတောက်မဖြစ်စေတဲ့ အားပေးမှုတွေနဲ့ Support ကြဖို့လိုပါတယ်။  လာမယ့်ရက်တွေမှာလဲ ပွဲကြပ်တွေစောင့်နေတာမဟုတ်လား။

Advertisement

Leave a Reply

%d bloggers like this: