အပြောင်းအရွှေ့အနှစ်ချုပ် (MMT 6pm – 6 Jan)

ဂန်းနားတာဝန်ရှိသူတွေနဲ့ ပရိတ်သတ်တွေအတွက် အလွန်တရာစိတ်လှုပ်ရှားစရာ ကောင်းတဲ့ကာလတစ်ခုကိုဖြတ်သန်းနေပါတယ်။ ဒေးဗစ်အွန်းစတိန်းရဲ့ နောက်ဆုံး သတင်းပေးမှုအရ  ဂန်းနားတို့ဟာ မူဒရစ်နဲ့ ဖိလစ်တို့အပေါ် တော်တော်လေး ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ ဆောင်းရာသီ ပစ်မှတ်ကစားသမား စာရင်းထဲမှာ ဘာစီလိုနာတိုက်စစ်ကစားသမား ဖာရန်တောရက်စ်လည်း အရံအဖြစ် ပါ၀င်နေဆဲဖြစ်ကြောင်းရေးသားနေကြပြန်ပါတယ်။

ဆိုလိုတာက ထိပ်တန်းပစ်မှတ်တွေမရရင် တောရက်စ်ပေါ့လေ။  ဒါပေမယ့် ဘာစီလိုနာကတော့ သူတို့ရဲ့ကစားသမားကို ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ရာသီအချို့ဖြတ်သန်းခဲ့တဲ့ ဖာရန်တောရက်စ်ဟာ ပြီးခဲ့တဲ့နှစ်မှာတော့ ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ လီ၀န်ဒေါစကီး ရောက်လာပြီးနောက်ပိုင်း ဇာဗီရဲ့ ပွဲထွက်လူစာရင်းမှာ ပထမဦးစားပေး ကစားသမားအနေနဲ့ ပါ၀င်ခွင့်မရတော့တဲ့ စပိန်လက်ရွေးစင်ဟာ ကတ်တလန်မြေကနေ ထွက်ခွာဖို ရှိနေတယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့သတင်းတွေရဲ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုကတော့ ဘာစီလိုနာဟာ သူတို့ရဲ့ကစားသမားကို ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ ဆိုထားပါတယ်။

ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပါတယ် သူ့ရဲ့အ‌ပြောင်းအရွှေ့အတွက် အခြားအသင်းတွေနဲ့ ဆွေးနွေးနေတာမျိုး မရှိပါဘူး

ဘာစီလိုနာဟာ သူတို့ရဲ့လူစာရင်းကို ရာသီကုန်အထိ အသင်းမှာ ဆက်ထိန်းထားဖို့ပါပဲ ဇူလိုင်(လာမယ့်နွေရာသီအပြောင်းအရွှေ့) မှသာ ကစားသမားအချို့ အပြောင်းအလဲ လုပ်ပါလိမ့်မယ် လို့ ရိုမန်နိုက ပြောခဲ့တာပါ။

တောရက်စ်ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ကြီးကြီးမားမား လုပ်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး ။ ဒါပေမယ့် သူဟာ အသက်၂၂နှစ်သာ ရှိသေးတာကြောင့် အနာဂတ်မှာ ထိပ်တန်းတိုက်စစ်ကစားသမားတစ်ယောက် ဖြစ်နိုင်ချေရှိနေပါတယ် ။ ကမ္ဘာ့ဖလားတုန်းကလည်း ထိုက်သင့်တဲ့ခြေစွမ်းကို ပြသထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အက်သလက်တီကို မက်ဒရစ်ကစားသမား ယာအိုဖီးလစ်ကိုလည်း အငှားခေါ်ယူဖို့ ဆန္ဒရှိပေမယ့် ကစားသမားအတွက် ပေးချေရမယ့် လစာငွေ နဲ့ အက်သလက်တီကိုကို ပေးချေရမယ့် အငှားစရိတ်က အင်မတန်မြင့်မားတာကြောင့် သတိထားလုပ်ဆောင်နေဆဲဖြစ်ပါတယ်။  

မူဒရစ်ခ်ကို ရရှိဖို့ အပြင်းအထန်ကြိုးစားနေပေမယ့် ရှက်တာဒိုးနက်က သူတို့ရဲ့ကစားသမားအတွက် အလွန်မြင့်မားတဲ့ ငွေကြေးပမာဏတစ်ရပ်တောင်းဆိုနေတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့သိရပြီး နောက်ဆုံးရ ကောလဟာလအချို့အရ အာဆင်နယ်ဟာ ယူရို၈၅သန်းထက် ‌ပိုပေးဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။ ကစားသမားဖက်က အသင်းကိုအလေးသာနေတာကြောင့် အခြေအနေတွေကတော့ မျှော်လင့်ချက်ထားလို့ရနေဆဲလို့ သတင်းများက တပြေးညီဖော်ပြနေကြပါတယ်။

တစ်ခုခုလုပ်ဖြစ်သွားဖို့ဟာ ဂန်းနားပရိတ်သတ်တွေအမျှော်လင့်ဆုံးအရာဖြစ်ပါလိမ့်မယ်။ ကျွ်န်တော်တို့ ဆက်စောင့်ကြည့်ရအောင်။

Advertisement

Leave a Reply

%d bloggers like this: