အာတေတာအတွက် အရံခုံမှာ ကစားသမားတွေထပ်ရှိသင့်ပါတယ် – ဂယ်ရီနဗီးလ်

သရဲနီဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဖလားလက်မဲ့ကာလများကို ရပ်တန့်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိနေတယ်လို့ ယုံကြည်နေပါတယိ ။ ဒါ့ကြောင့် အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ ကစားသမားအင်အားဖြည့်တင်းဖို့ ငွေသုံးသင့်တယ်လို့ ဂယ်ရီနဗီးလ်က အကြံပေးလာခဲ့ပါတယ်။ သူပြောတဲ့ စကားအများစုဟာ ကျိုးကြောင်ဆီလျှော်မှုမရှိတာတွေ ၊  အနှုတ်သဘောဆောင်တာတွေသာများလေ့ရှိပေမယ့် ယခုအကြိမ်ကတော့ နည်းပြကို ချီးကျူးထားသယောင်ယောင်ပါပဲ။

လက်ရှိမှာ အာဆင်နယ်ဟာ အံ့ဩဖို့ကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ် ။ မနှစ်က ထိပ်သီးလေးသင်းစာရင်း မ၀င်ခဲ့တဲ့အသင်းဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဦးဆောင်နိုင်ဖို့ ရှိနေတာပါ။ လက်ရှိပြသနေတဲ့ ခြေစွမ်းများအရ ချန်ပီယံလမ်းကြောင်းက အသင်းတသင်းဆိုတာကတော့ သေချာနေပြီဖြစ်ပါတယ်။ ဒါဟာ တကယ်ကို အသိအမှတ်ပြုထိုက်တဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုဖြစ်ပြီး အသင်းနဲ့ပရိသတ်တွေဟာ လှပတဲ့ ၂၀၂၂-၂၀၂၃ဘောလုံးရာသီ နိဂုံးကို စတင် အိမ်မက်နိုင်ကြပြီဖြစ်ပါတယ်။

ဒဏ်ရာရကစားသမားတွေ ၊ အရန်ကစားသမားအင်အားနည်းပါးမှုတွေကြောင့် မီခေးလ်အာတေတာ ဟာ ဒီရာသီမှာ အသင်းရဲ့ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်တာ သိပ်မရှိခဲ့တာကို တွေ့ခဲ့ရပါတယ် ။ မန်ယူဂန္တဝင် နဗီးလ်ကတော့ အာတေတာအတွက် ပိုများပြားတဲ့ ရွေးချယ်စရာရှိသင့်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဒီနေ့ နယူးကာဆယ်ကို ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ်လူစာရင်းဟာ လိဂ်ရဲ့ အသင်း၁၀သင်းကနေ ၁၅သင်းလောက်ထိကို ကောင်းကောင်းရင်ဆိုင်နိုင်မယ့် လူစာရင်းပါ ဒီညမှာ သူတို့ အရမ်းမဆိုးခဲ့ပါဘူး ဒါပေမယ့် အာတေတာ အတွက် လဲလှယ်စရာ ကစားသမားတွေ အရန်ခုံတန်းပေါ်မှာ ရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ် သူတို့ အပြောင်းအရွှေ့ဈေးကွက်မှာ ၀င်လှုပ်ရှားသင့်ပါတယ် 

လက်ရှိ သူတို့ဟာ လိဂ်ချန်ပီယံဖြစ်နိုင်မယ့် နေရာမှာ ရှိနေပါတယ် ဒီတော့ သူတို့ ဒီနေရာကို နောက်တစ်ကြိမ် ဘယ်တော့ ထပ်ရောက်နိုင်မလဲ ဘုတ်အဖွဲ့ နဲ့ ပိုင်ရှင်တွေဟာ ရလဒ်တစ်မှတ်ကနေ သုံးမှတ်အပြည့်ရှာဖွေပေးနိုင်မယ့် ကစားသမားနှစ်ဦး ရှာနိုင်မှာလား လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။

အာဆင်နယ်အဖို့တော့ အသင်းက အကောင်းဆုံးပုံစံမှာ ရှိနေသလို အခြားအသင်းကြီးကလည်း အကောင်းဆုံးပုံစံမှာ ရှိမနေတာကြောင့် ဂန်းနားတွေအတွက် ချန်ပီယံဖြစ်ဖို့ ဒီရာသီထက် ပိုကောင်းတဲ့အခွင့်အရေး ရှိမှာမဟုတ်ပါဘူး။

အသင်းရဲ့ကွင်းလယ် နဲ့ တိုက်စစ်ကို အင်အားဖြည့်ဖို့ဆိုတာ ဒီဆောင်းရာသီဈေးကွက်အတွက် အာဆင်နယ်ရဲ့ အဓိကပစ်မှတ်ပဲ ဖြစ်ပါတယ် ။ အီဒူးအနေနဲ့ အာဆင်နယ်လိုနေတဲ့ ကစားသမားတွေကို ရအောင်ရှာဖွေပေးမလား ၊ ဘုတ်အဖွဲ့ကကော အသင်းကို ငွေသုံးခွင့်ပြုမှာလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: