စာရေးသူဟာပွဲပြီးသုံးသပ်ချက် ဆိုတဲ့စကားစုအစား ပွဲပြီးဆောင်းပါးလို့သုံးနှုံးလေ့ရှိပါတယ်။ အကြောင်းကတော့ ပွဲတစ်ပွဲအလွန်မှာနည်းစနစ်ပိုင်းဆိုတာထက် ပိုမိုများပြားတဲ့အကြောင်းအရာတွေရှိတတ်လို့ပါပဲ။ နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲစဥ်ကိုကြည့်နေရင်း မှတ်စုလေးတွေထုတ်ထားကာ ပွဲအပြီး မနက်စောစောမှာတင်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ သို့သော် မနက်လင်းတဲ့အထိမတင်ဖြစ်သေးပဲ ပရိတ်သတ်တွေရဲ့ခံစားချက်တွေကို ပိုပြီးလေ့လာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဒီစာစုဟာ ပိုပြီးအကြောင်းအရာများလာပါတယ်။ ထုံးစံအတိုင်း မတိုလွန်းမရှည်လွန်းနဲ့ပဲ ဂိုးမရှိသရေကျတဲ့ပွဲကိုတင်ဆက်သွားပါ့မယ်။
ပွဲအကြောင်း
ဒိုင်အကြောင်းကစပါမယ်။ ဒီလိုပွဲမျိုးတွေကို ၃၈ ပွဲမှာ ၃-၄ ပွဲတော့ ကြုံကိုကြုံရပါလိမ့်မယ်။ ပြီးတော့ အသင်းကိုယ်စီကလဲ ဒီဒဏ်ကို အနဲနဲ့အများရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဂ်လန်ဒိုင်တွေရဲ့အရည်အသွေးဟာ ပြောစရာအများကြီးရှိတာ အားလုံးအသိပါ။ ဒီတော့ လက်ထိတာတွေ ၊ ဆွဲလှဲခံရတာတွေအတွက် ပြောစရာရှိတာပြောပြီးရင် စိတ်အပင်ပန်းမခံပဲကျော်ပစ်လိုက်ဖို့ပဲအကြံပြုပါတယ်။ ပြဿနာရင်းမြစ်က အရည်အသွေးမပြည့်ဝတဲ့ဒိုင်တွေပဲဖြစ်ပါတယ်။
ကွင်းထဲက ကိစ္စကလည်းရှင်းပါတယ်။ ပြိုင်ဖက်ဟာ နှစ်ထပ်ခံစစ်နဲ့ ပွဲထွက်လာတယ်။ အခွင့်အရေးနဲနဲပဲရတယ်။ One Chance One Goal သမားမရှိဘူး။ ဂျေးဆူပါလာရင် ဘောလုံးကိုင်ပြီး တဖက်နောက်တန်းဖရိုဖရဲဖြစ်စေမှာအမှန်ပေမယ့် ဂျေးဆူရှိမနေပါ။ အန်ကတ်တီးယားရဲ့ စွမ်းဆောင်ရည်ဟာ ဒီပွဲမှာ ဆေးဖက်မဝင်ပါဘူး။ ဒီလိုနဲ့ပဲ အထက်စီးက ကစားပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ Key Player တချို့ Form နဲနဲအောက်တယ်။ ပွဲရဲ့ Narrative က ဒီလောက်ပဲ။ နောက်ပြီး ပွဲဆက်များတဲ့ကြားထဲက ကစားနေကြတာကိုလည်းမမေ့စေချင်ပါဘူး။
နောက်ပွဲအကြပ်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရ အသိပေးချက်တွေဖြစ်လာတာကပဲ ကြီးမားတဲ့အမြတ်လို့ဆိုရပါမယ်။
ဇယားအနေအနေအထား
၇ မှတ်ကွာ အနေအထားကို ပြန်လည်ဆုံးရှုံးရနိုင်တာကြောင့် အားလုံးစိတ်ပူကြပါတယ်။ သို့သော် Worse Case Scenario ဟာ ၅ မှတ်ဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ရှုံးနိုင်ချေရှိတယ်လို့ ကြိုတွေးထားတဲ့ပွဲစဥ်ကနေ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မပျော်ပေမယ့်လည်း ဖြစ်တန်စွမ်းများထဲက တစ်ခုဆိုတာကို လက်ခံစေချင်ပါတယ်။ ပွဲကြပ်ကာလအလွန်မှာ အမှတ်ကွာဟချက် ခပ်နဲနဲရှိထားပြီး ဇယားထိပ်က ဦးဆောင်သွားမယ်ဆိုတာမျိုးဟာလည်း အခြေအနေကောင်းတရပ်ဖြစ်ပါတယ်။
ပရိတ်သတ်တွေကြားထဲက အသံများ
ဒီဆောင်းပါးတင်ဖို့ ကြာသွားတဲ့အကြောင်းဖြစ်ပါတယ်။
ပထမဦးစွာဂန်းနားပရိတ်သတ်တွေစိတ်ထဲရှိနေတာတွေကို မြင်သလောက်ရေးချပါ့မယ်။
- အောင်ပွဲအလွန်ရချင်နေပါတယ်။ ဒါကလည်းဖြစ်သင့်ပါတယ်။ ကျွန်တော်လဲ တူတူပါပဲ။ နှစ်ကာလကြာမြင့်စွာဝေးကွာနေခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆိုတာကို ဂုဏ်ယူချင်နေပါပြီ။
- ပရိတ်သတ်အကြားတွန်းထိုးမှုတွေကို ဒေါသဖြစ်နေကြပါတယ်။ အာဆင်နယ်ဆိုရင် တဆင့်နိမ့်လို့သတ်မှတ်ထားကြတဲ့ပြိုင်ဖက်အသင်းပရိတ်သတ်တွေ၊ Pundit တွေကြောင့်အဓိကပေါ့။ အခုပွဲသရေကျတာကို ၅ ပွဲဆက်ရှုံးလို့ အဆင့် ၁၀ လောက်ရောက်နေသလို လှောင်နေကြတာတွေကို စမြင်နေရပါတယ်။ ဒါ့အပြင် အာဆင်နယ် နဲ့ အာတေတာ မဖြစ်ထွန်းပါဘူးလို့ ပြောထားတဲ့ ဂန်းနားဟောင်း ပရိတ်သတ်တွေကလည်း “ ငါအစက မပြောဘူးလား “ ဆိုတဲ့ စကားနဲ့အတူ အသင့်ရှိနေကြပါတယ်။
- အားပေးသူတွေ မဝံ့မရဲဖြစ်နေကြတယ်။ အချိန်တန်ရင် တခုခုကြောင့်ပြိုလဲသွားမယ်လို့ ကိုယ်တိုင်ယူဆနေကြတယ်။
သေချာပြန်တွေးကြည့်ရင် ဂန်းနားတို့ ယနေ့ပြသနေတဲ့အစွမ်းများဟာ တစ်ရာသီထဲ ထဖြစ်လာတာမဟုတ်ပါဘူး။ ဒီလိုအရှိန်တွေပြန်ကျသွားဖို့ဆိုရင်တော့ ၂ ရာသီလောက်ဆက်တိုက်အမှားတွေလုပ်မှဖြစ်မှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်ယိမ်းယိုင်သွားမှာမျိုးကို အလွန်စိတ်မပူစေချင်ပါဘူး။
နောက်တချက်ကတော့ ၃၈ ပွဲပြေးရတဲ့ခရီးမှာ အမှတ်လျော့တဲ့ပွဲတွေလာဖို့ရှိပါတယ်။ လက်ရှိချန်ပီယံအသင်းတောင် မထင်မှတ်ပဲအမှတ်လျော့တာကြောင့် အာဆင်နယ်နောက်အသဲအသန်လိုက်နေရတာကိုမြင်ရမှာပါ။ ဒါကြောင့်မို့လို့ အမှတ်လျော့ရမဲ့ပွဲတွေကို လျော့ချနိုင်မယ်။ နိုင်ကိုနိုင်ရမယ့် အခြေအနေမှာ အမှတ်တွေရယူနိုင်မယ်ဆိုရင် ရလဒ်ကောင်းကိုရပါလိမ့်မယ်။ ပရီးမီးယားလိဂ်ဆိုတာ ဒါကြောင့် ခြေကောင်းတာအပြင်အခြားအချက်တွေပါမှီတည်နေတာဖြစ်ပါတယ်။
အနှစ်ချုပ်ဆိုရရင် အသင်းအပေါ်စိတ်ပူကြတယ်၊ အခြားပရိတ်သတ်တွေ နဲ့ သုံးသပ်သူတွေရဲ့ စကားတွေကို ခံပြင်းနေကြတယ် ဆိုပေမယ့် ဒီအချက်တွေကိုကျော်လွှားနိုင်မှာက ပရိတ်သတ်တွေရဲ့အားပေးမှုနဲ့ အသင်းသားအားလုံးရဲ့ကြိုးစားမှုကသာအဖြစ်ဖြစ်လို့ ကျွန်တော်တို့တွေ ကိုယ့်အလုပ်ကိုယ်လုပ်ရပါလိမ့်မယ်။ နောက်လာမယ့် ၂ ပွဲဆက်မှာ အမှတ်ပြည့်ရဖို့တူတူအားပေးကြရအောင်ပါ။