ဘရိုက်တန်နဲ့ ပွဲအကြို အာတေတာ ဘာတွေပြောခဲ့လဲ

ဒီနှစ်သစ်ကူးညမှာတော့ အာဆင်နယ်ဟာ ဘရိုက်တန်ရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။ ပွဲအကြိုအင်တာဗျူးလ်မှာတော့ မီခေးလ်အာတေးတားဟာ မီဒီယာတွေရဲ့ မေးခွန်းတွေကို ခုလိုပြန်လည် ဖြေကြားခဲ့ပါတယ်။

ပီလီနဲ့ပတ်သက်ပြီး 

” သူနဲ့ပတ်သက်ပြီး ကျွန်တော်မြင်ခဲ့ရတဲ့ အရာအားလုံးဟာ ဗီဒီယိုတွေ နဲ့ သူ့ကိုအပြင်မှာ သိတဲ့လူတွေကနေ တစ်ဆင့်ပါပဲ ။ သူဟာ ကမ္ဘာ့ဘောလုံးရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တဲ့ လူပါပဲ ။ သူက အရာအားလုံးကို လုပ်နိုင်စွမ်းရှိပြီး ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်ပါ ။ တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ ၊ ပြီးခဲ့တဲ့နှစ်တွေမှာ မာရာဒိုနာ ၊ အခု ပီလီဆိုတော့ ကျွန်တော်တို့မှာ ကြီးမားတဲ့ ဆုံးရှုံးမှု နှစ်ခုရှိပါပြီ”

အသင်းက ဘရာဇီးလ်ကစားသမားတွေနဲ့ ပီလီအကြောင်း ပြောဖြစ်လား 

“ပြီးခဲ့တဲ့နေ့က ကျွန်တော်တို့ ဒီအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ သူတို့ အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ် ၊ ပီလီဆိုတာ ဘရာဇီးလ်ရဲ့ အကျော်ကြားဆုံး ပုံရိပ်တွေထဲက တစ်ခုမဟုတ်လားဗျ ။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ”

ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်မီ အသင်းရဲ့အခြေအနေ 

“ဒဏ်ရာရနေတဲ့ ကစားသမားအချို့က လွဲလို့ ကျန်တာအားလုံး အဆင်ပြေပါတယ် ။ အားလုံးက ကောင်းကောင်း လေ့ကျင့်ခန်း ဆင်းနေပါတယ်”

တိုမီယာဆု ပြန်လာနိုင်ဖို့ နီးစပ်နေပြီလား 

“ဟုတ်ပါတယ် ၊ သူ ပြန်ကစားနိုင်ဖို့ ပိုပိုပြီး နီးစပ်လာပါပြီ ။ သူ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း ဆင်းနေပါပြီ ၊ ဒီတော့ သူကစားနိုင်တော့မှာပါ”

EFL ဖလားပွဲမှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့လဲ 

“သူတို့ဟာ တကယ်ကောင်းတဲ့ အသင်းတစ်သင်းပါ ။ သူတို့ဟ။ တကယ်မြင့်မားတဲ့ ခြေစွမ်းတစ်ခုကို ပြသထားနေခဲ့တာပါ ။ သူတို့ဟာ ကစားပွဲကို လွှမ်းမိုးထားနိုင်ဖို့ သင့်လျော်တဲ့ ကစားဟန်လည်း ရှိတယ် ၊ ကိုယ်ပိုင်ပုံစံ နဲ့ ယုံကြည်မှုတွေလည်း အများကြီး ရှိပါတယ် ။ နည်းပြကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ သူ ဘရိုက်တန်မှာ အလုပ်‌ကောင်းကောင်းလုပ်နေပါတယ်”

အန်ကက်တီးယား ပွဲထွက်လာခဲ့ပြီး ဂိုးသွင်းခဲ့တဲ့အပေါ်  

“ဒါဟာ ကစားသမားတွေဆီကနေ ကျွန်တော်တို့ လိုအပ်တဲ့အရာပါပဲ ။ ကျွန်တော်တို့ ဂက်ဘီကို ဆုံးရှုံးထားရတယ် ၊ သူ မရှိတာဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ ။ ဒါပေမယ့် အက်ဒီမှာ အရည်အသွေးကောင်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ပါတယ်။ ဒါကို သက်သေပြဖို့ အခွင့်အရေးလိုခဲ့ပြီး Boxing Day နေ့မှာ သူ သက်သေပြနိုင်ခဲ့ပါတယ်”

နှစ်သစ်မှာ အမှတ်ပေးဇယားထိပ်ဆုံးပေါ် ရှိနေမယ့်အပေါ် ဘယ်လိုခံစားရလဲ 

“အရမ်းကို ကောင်းပါတယ် ၊ ဒါပေမယ့် ကျွန်တော်ကတော့ မနက်ဖြန်အတွက်ပဲ တွေးနေမိပါတယ်။ ပြိုင်ဘက်အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ ကစားပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသပြီး ကောင်းကောင်း ကစားနိုင်ဖို့ပါပဲ ။ ဒါကိုပဲ အာရုံစိုက်ထားပါတယ် ။ လက်ရှိ ကျွန်တော်တို့ ရှိနေတဲ့နေရာနဲ့ ပတ်သက်ပြီး တကယ်ကို ပျော်ရွှင်မိပါတယ် ။ ဒါပေမယ့် ကျွန်တော်အမြဲ ပြောခဲ့သလိုပဲ ကျွန်ဝောာ်တို့ ပိုကောင်းအောင်လုပ်နိုင်ပါသေးတယ်၊ ဒါကို နောက်လာမယ့် ပွဲစဉ်တွေမှာ ပြသနိုင်ဖို့ လိုပါတယ်”

စမစ်ရို အသင်းရဲ့လူစာရင်းထဲ ပြန်ပါလာနိုင်ဖို့ နီးစပ်ပြီလား 

“အတော်လေး နီးစပ်နေပါပြီ ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သူဟာ အတော်လေးတိုးတက်ခဲ့ပါတယ် ။ အခုဆို လေ့ကျင့်ခန်းအစီအစဉ်အချို့မှာ သူပါ၀င်နိုင်ခဲ့ပါပြီ ။ သူအဆင်ပြေနေပါတယ် ။ သူကစားပွဲထဲ ပြန်ပါနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

Boxing Day ပွဲစဉ်မှာ တိုက်စစ်ကစားသမား ၃ယောက်လုံး ကစားနိုင်ခဲ့တဲ့ အပေါ် 

“ကစားပွဲတစ်ပွဲပဲ ရှိပါသေးတယ် ၊ လာမယ့် သုံးရက်တိုင်းမှာ ဒီလိုဆက်လုပ်နေဖို့ ၊ တည်ငြိမ်မှုတွေ ပြသနိုင်ဖို့ လိုအပ်ပါတယ် ။ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ ဒါကိုလုပ်ပြနိုက်ဖို့ အခွင့်အရေးတစ်ခု ရှ်နေပါတယိ”

Advertisement

Leave a Reply

%d bloggers like this: