ပြင်သစ်အသင်းမှာ ပုံ‌မှန်နေရာရဖို့ ဆာလီဘာ ဘာတွေလိုအပ်သေးလဲ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆာလီဘာဟာ 1st runner up ရခဲ့တဲ့ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂန်းနားလူငယ်လေးဟာ ပြင်သစ်အသင်းအတွက် တစ်ပွဲသာ လူစား၀င် ကစားခွင့်ရခဲ့ပါတယ်။

မန်ချက်စတာဗဟိုခံစစ်ကစားသမား ဗာရိန်း ၊ ဘိုင်ယန်မြူးနစ်နောက်ခံလူ အူပါမီကာနို နဲ့ လီဗာပူစလ်ကစားသမား ကိုနာတေးတို့က ဒီဒီယာဒက်စ်ချမ့်ပ်စ်ရဲ့ ပြင်သစ်လူစာရင်းမှာ အဓိကပါ၀င်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝီလီယံဆာလီဘာဟာ အရန်ခုံပေါ်ကနေပဲ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲစဉ်အများစုကို ကြည့်ရှုနေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီ မာဆေးလ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ၊ ဒီရာသီမှာ အာဆင်နယ်နဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေအရ ဆာလီဘာဟာ ပြင်သစ်အသင်း မန်နေဂျာ ဒက်စ်ချမ့်ပ်စ်ရဲ့ အသိအမှတ်ပြုမှုကို ဒီထက်ပို ရရှိခဲ့သင့်တယ်လို့ ဆိုနိုင်ပါတယ်။

တစ်ဖက်က ကြည့်ပြန်ရင်လည်း ဒက်စ်ချမ်ပ့်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆာလီဘာလို့ နိုင်ငံတကာပွဲစဉ် အတွေ့အကြုံနုနယ်သေးတဲ့ ကစားသမား အစား ဗာရိန်း ၊ အူပါမီကာနို ၊ ၏ကိုနာတေးတို့လို့ ဝါရင့်ကစားသမားတွေကို ပိုယုံကြည်ခဲ့တာကို အပြစ်တင်စရာ မရှိပါဘူး။

အာဆင်နယ် ဂန္တ၀င် ကီဗင်ကမ်းဘဲလ်ကတော့ ဆာလီဘာအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာ အခိုင်အမာရဖို့အတွက်ဆိုရင် နိုင်ပွဲတွေဆက်ပြီး ရယူနိုင်ဖို့ပဲ လိုအပ်တယ်လို့ အကြံပေးလာခဲ့ပါတယ်။

Highbury Squad YouTube Channel မှာ ကမ်းဘဲလ်က ဆလီဘာကို ခုလို အကြံပြုခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းမှာ ဆာလီဘာထက်ပိုပြီး ကစားခွင့်ရခဲ့တဲ့သူတွေဟာ သူ့ထက် ဝါရင့်တဲ့ ကစားသမားတွေ ဖြစ်ပါတယ် ဒါပေမယ့် ဆာလီဘာ ပွဲထွက်ခွင့် မရခဲ့တဲ့ အကြောင်းအရင်းကတော့ သူဟာ ဆုဖလားအောင်မြင်မှုတွေ မရသေးလို့ပါ

ဒီတော့ သူ့အနေနဲ့ ကလပ်အသင်းမှာ နိုင်ပွဲတွေ ဆက်ရယူနေဖို့ ခြေစွမ်းတွေ ဆက်ပြနေဖို့၊ တစ်လတာအကောင်းဆုံး ကစားသမားဆုတွေ ဆက်ရနေဖို့ ကောင်းကောင်းဆက်လုပ်နေဖို့ လိုအပ်ပါတယ်  ဒါဆိုရင် ဒက်စ်ချမ့်ပ်က သူ့ကို အမြဲစောင့်ကြည့်နေပြီး လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဆာလီဘာဆိုတဲ့ နာမည်ရှိနေမှာပါ လူငယ်ကစားသမားတစ်‌ယောက်အတွက် ဒါက သိပ်အရေးကြီးတယ် လို့ဂန်းနားဟောင်းကြီးက ဆိုပါတယ်။

ဆာလီဘာဟာ အသက်၂၁နှစ်အရွယ်မှာပဲ အသက်အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုမျိုး ကို ပြသခဲ့ပြီးပါပြီ။ တစ်နေ့မှာညကမ္ဘာ့ထိပ်တန်း ဗဟိုခံစစ် ကစားသမားတစ်ဦး ဖြစ်လာနိုင်တဲ့ ပါရမီမျိုးလည်း ဆာလီဘာဟာ ပိုင်ဆိုင်ထားပါတယ်။

ဒီတော့ ကီဗင်ကမ်းဘဲလ်ပြောသလိုပဲ ဆလီဘာဟာ သူဘယ်လိုကစားသမားဖြစ်တယ်ဆိုတာ ဆက်ပြီး သက်သေပြနေဖို့ပဲ လိုအပ်ပါတော့တယ်။ မဝေးလှတဲ့ တစ်နေ့မှာတော့ ဒီလူငယ်‌လေးဟာ အံ့ဩစရာတွေကို လုပ်ပြနိုင်မယ်ဆိုတာ ယုံမှားသံသယ၀င်စရာ မရှိလှပါဘူး။ နောက်တန်းဆိုတာလဲအသင်းတသင်းအတွက်အလွန်အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာပဲမဟုတ်လား။

Advertisement

Leave a Reply

%d bloggers like this: