ကစားခွင့်လိုချင်ရင် လစာလျှော့ရမယ်လို့ ဆဲဒရစ် ထောက်ပြခံရ
ဖူဟမ်အသင်းကိုပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်လာခဲ့ပေမယ့် ဆဲဒရစ်ရဲ့ လစာတောင်းဆိုမှုကြောင့် အနဲငယ်ကျန့်ကြာနေတယ်လို့ The Sun သတင်းစာက ဖော်ပြလာပါတယ်။ အဆိုပါ အချက်ကို Just Arsenal ရဲ့ ဆောင်းပါးရှင် မာတင်ကလည်း ကစားသမားအနေနဲ့ အရံခုံက ပြောင်းချင်ရင်တစ်ခုခုတော့စွန့်လွတ်ရလိမ့်မယ်ဆိုပြီး ထောက်ပြလာပါတယ်။ ဆဲဒရစ်ဟာ တိုမီယာစု ရဲ့အရံဖြစ်ခဲ့ပေမယ့် ဂျပန်သားမကစားနိုင်ချိန်မှာလဲ ကစားခွင့်မရပဲ ဘန်ဝှိုက်ကို နေရာလွှဲပေးခဲ့ရတာဖြစ်ပါတယ်။
ဖာရန်းတောရက်စ်အကြောင်း မှတ်ချက်ပြုလာတဲ့ နာမည်ကျော်သတင်းထောက်
အာဆင်နယ်နဲ့သတင်းထွက်ဖူးတဲ့ ဖာရန်တောရက်စ်နဲ့ပတ်သတ်ပြီး နာမည်ကျော်သတင်းထောင် Dean Jones က အခုလိုပဲမှတ်ချက်ပြုခဲ့ပါတယ်။
“ ဖာရန်တောရက်စ်တစ်ယောက် အလျှင်အမြန်အသင်းပြောင်းလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာကာနဲ့ပတ်သတ်သူတွေဖက်ကလဲအဲ့လိုပဲတွေးမှာပါ။ ဒါပေမယ့် သူသာအသင်းသစ်ကိုရှာပြီးပိုကောင်းတာတစ်ခုခုလုပ်မယ်ဆိုရင်တော့ အာဆင်နယ်အသင်းက အသင့်တော်ဆုံးပါပဲ “ လို့ Give Me Sport အစီအစဥ်ကို ပြောကြားသွားခဲ့တာပါ။
ဇန်နဝါရီမှာ အလုပ်များမယ်လို့ ထုတ်ပြောသွားခဲ့တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့အနေအထားကို နားလည်ကြောင်း ထုတ်ပြောခဲ့ပြီး ၊ လုပ်စရာရှိတာတွေကိုလည်းလုပ်နေတယ်လို့ဆိုခဲ့ပါတယ်။
“ ကျွန်တော်တို့ ဘာလုပ်နေတယ် ဘယ်အခြေအနေမှာရှိနေတယ်ဆိုတာ သိပါတယ်။ ကိုယ်လုပ်ဆောင်ရမယ့်အရာတွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ် .. ကျွန်တော်တို့ ခပ်သွက်သွက်လှုပ်ရှားမှာပါ “ လို့ ဒီဇင်ဘာ ၂၆ ရက်နေ့အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
ဘန်နာဆာကိုလည်း ပြန်ခေါ်လိုနေတယ်လို့ ရေးသားနေ
အီတလီသတင်းစာ Corriere dello Sport ရဲ့ဖော်ပြချက်အရ ဂန်းနားတို့ဟာ တချိန်က လူငယ်ကစားသမားဟောင်းဖြစ်တဲ့ အေစီမီလန်ကွင်းလယ်လူ ဘန်နာဆာကို ပြန်လည်ခေါ်ယူနေတယ်လို့ သိရပါတယ်။ ဘန်နာဆာဟာ အေစီပရိတ်သတ်အချစ်တော်ကစားသမားလဲဖြစ်သလို စွမ်းဆောင်ရည်ကောင်းတွေလဲ ပြသထားနိုင်သူဖြစ်ပါတယ်။ တန်ကြေးကတော့ ပေါင် ၄၄ သန်းခန့်ရှိမယ်လို့လည်း သတင်းများမှာ ဆက်စပ်ရေးသားနေကြပါတယ်။
ရာဘီယော့ကို လိုချင်နေတယ်လို့ အီတလီသတင်းစာရေးသား
အီတလီသတင်းစာ Repubblica ရဲ့ရေးသားချက်အရ အာဆင်နယ်တို့ဟာ ဂျူဗီကွင်းလယ်လူ ရာဘီယောကို ဇန်နဝါရီမှာ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၇ နှစ်သားကို ယခင်ကလည်း ခေါ်ယူလိုကြောင်းသတင်းထွက်ခဲ့ပြီး အခုတဖန်နာမည်ထွက်လာတာဖြစ်ပါတယ်။ ရာဘီယော့ကို စပါးအသင်းကလည်းခေါ်ယူလိုနေကြောင်းသတင်းများမှာ ဖော်ပြနေကြပါတယ်။