သူတို့ခရီးကောင်းကောင်းဆက်နိုင်မှာပါ – ယာယာတိုရေး

ဂျေးဆူမပါ၀င်တဲ့ ဂန်းနားတပ်သားတွေဟာ သူတို့ရဲ့ အမြှောက်သံတွေကို ဘယ်လောက်ကျယ်ကျယ် ပစ်ဖောက်နိုင်မလဲဆိုတာ ရင်ခုန်ရမယ့် အချိန်ရောက်လာခဲ့ပါပြီ။ ဒါကစမ်းသပ်မှုအကြီးကြီးတစ်ခုပါပဲ။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ် စိန်ခေါ်နိုင်ပြီလားဆိုတဲ့အဖြေအတွက် ဒီစိန်ခေါ်မှုကို အာတေတာတို့ လူစု ဘယ်လို ရင်ဆိုင်မလဲဆိုတာ သိပ်ကို စိတ်၀င်စားစရာ‌ ကောင်းလှပါတယ်။ အဆုံးမှာ အသင်းဟာ အရင်လို အဖျားရှူးသွားမှာလား ဒါမှမဟုတ် ရာသီအစက ပုံစံကောင်းကို ဆက်ပြသနိုင်မှာလား ၊ ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်စိတ်ကို ပြသနိုင်မှာလား၊ လာမယ့် နှစ်သစ်မှာ ဒီအဖြေကို ကျွန်တော်တို့ သိရပါလိမ့်မယ်။ မနှစ်ကလိုအိမ်မက်ဆိုးတွေကလည်း မပြီးသေးပါဘူး။

အသင်းရဲ့ အဓိက ကစားသမား ဂျေးဆူမရှိရင် အာဆင်နယ်ပြိုလဲသွားနိုင်တယ်လို့ သတိပေးသံတွေကို အများကြီးကြားခဲ့ရပါတယ် ။ ဒါပေမယ့် ဂျေးဆူ တကယ်ဒဏ်ရာရသွားချိန်မှာတော့ အသင်းဟာ ရာသီအစက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေသူတွေလည်း ရှိနေပါတယ်။  အဲ့ဒီလူတွေထဲက တစ်ဦးကတော့ ယာယာတိုရေးပါပဲ။ တဖက်မှာလည်း တစ်ပွဲလောက် အမှတ်လျော့တာနဲ့ တန်းဆင်းဇုန်အသင်းနဲ့ တတန်းထဲထားပြီး ဝေဖန်ခံရဖို့ရှိနေပါတယ်။

မန်စီးတီးရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့် အာဆင်နယ်ဟာ ပုံစံကောင်းကို ဆက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ မန်စီးတီးကွင်းလယ်လူဟောင်းက ယုံကြည်နေပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ မန်စီးတီးကို ငါးမှတ်ဖြတ်ထားပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးပဲဖြစ်နေဆဲပါပဲ။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူတို့ရဲ့စိန်ခေါ်နိုင်စွမ်းကို ပြသထားခဲ့ပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာလည်း အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ဆက်ဦးဆောင်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိနေဆဲလို့ တိုရေးက ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်မှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ် သူတို့ဟာ လက်ရှိပုံစံအတိုင်း ရှေ့ဆက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ လတ်တလောမှ ဂျေးဆူရဲ့ ဒဏ်ရာပြဿနာ ရှိနေတာတောင်မှပေါ့

ဒါပေမယ့် အခြားမတူညီတဲ့ အချက်တွေကိုလည်း ကြာ့်ကညတာပေါ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ သူတို့ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ မန်စီးတီးက တကယ်တောင့်တင်းတဲ့ အသင်းဆိုပေမယ့် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ဆက်ဦးဆောင်နိုင်လောက်သေးတယ်လို့ ကျွန်တော်ထင်ပါတယ် ဆိုတဲ့အကြောင်း ယာယာတိုရေးက ဆိုပါတယ်။

ပရိတ်သတ်တွေအနေနဲ့ကတော့ ယုံသလိုလို မယုံသလိုလိုအပြင် ၊  လက်ညိုးတွေကလဲအသင်းဖြစ်နေတာမို့  အာဆင်နယ်နဲ့အာတေတာ တစ်ခုခုလုပ်ပြနိုင်ဖို့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: