ကစားသမားတွေဟာ ခံစားချက်ကိုယ်စီနဲ့အသင်းကိုပြန်လာကြမှာကြိုသိထားခဲ့ပါတယ် – အာတေတာ

အင်္ဂါနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဒူဘိုင်းစူပါဖလား ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ အေစီမီလန်ကို (၂-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ အာဆင်နယ်အတွက် သွင်းဂိုးတွေကိုတော့ အိုဒီဂတ် ၊ နယ်လ်ဆင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းမျဉ်းအရ ပွဲချိန်မိနစ်၉၀ ပြီးဆုံးချိန်မှာ ပင်နယ်တီ အဆုံးအဖြတ် ဆက်လက် ခံယူခဲ့ပြီး အာဆင်နယ်ကပဲအနိုင်ရခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် ပွဲစဉ်၂ပွဲအပြီးမှာ ရမှတ်၈မှတ်နဲ့ ဒူဘိုင်းစူပါဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။

ချစ်ကြည်ရေး ဖလားပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ဆိုပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ မစတင်ခင် အသင်းဟာ ပုံစံကောင်းတစ်ခုမှာ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ အချက်က ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီဖြစ်တဲ့ ပါတေး ၊ ဘန်ဝှိုက်တို့ဟာ ဒီပွဲစဉ်မှာ ပါ၀င်လာခဲ့ကြပါတယ်။ ကာတာကနေ ပြန်လာတဲ့ ကစားသမားတွေဟာ အသင်းနဲ့ အကောင်းဆုံး ပြန်ပူးပေါင်းနိုင်ခဲ့တဲ့အပေါ် အာတေတာက ၀မ်းသာနေပါတယ်။

ဒါဟာ အရမ်းကောင်းပါတယ် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရ သူတို့ရဲ့ တုံ့ပြန်ပုံတွေပေါ့ ပြိုင်ပွဲအပြီးမှာ ကစားသမားတွေဟာ အသင်းဆီပြန်လာပြီး ဒူဘိုင်းမှာ ရှိနေချင်ကြပါတယ် ဂရင်းနစ်ရှာကာလည်း ဒူဘိုင်းကို ရောက်နေပြီဖြစ်ပြီး အသင်းအတွက် ပြန်ကစားဖို့ စိတ်အားထက်သန်နေပါတယ်

ယူရို ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ရှိနေတဲ့ နွေရာသီမှာလည်း ဒီလိုဖြစ်တတ်ပါတယ် ပြိုင်ပွဲအဆင့် အသီးသီးကနေ ပြနလာတဲ့ ကစားသမားတွေ ရှိနေမှာဖြစ်ပြီး ဒါကို ကျွန်တော်တို့က လိုက်လျောညီထွေဖြစ်အောင် ညှိယူရပါမယ် တစ်ဦးချင်းစီရဲ့ ခံစားချက်နဲ့အနေအထားတွေကို ကျွန်တော်တို့ သိခဲ့တယ် အဆင်ပြေစေဖို့ အစီအစဉ်ဆွဲဖို့ ကြိုးစားခဲ့တယ် ကျန်တဲ့သူတွေလည်း အသင်းနဲ့ အမြန်ဆုံး ပြန်ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ဆိုတဲ့အကြောင်း အာတေတာက ပြောပြလာခဲ့ပါတယ်။

အေစီမီလန်နဲ့ ပွဲစဉ်အပြီးမှာ‌တော့ အာဆင်နယ်ရဲ့ ဒူဘိုင်း ခရီးစဉ်ဟာ ပြီးဆုံးခဲ့ပါပြီ။ ၀က်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားမယ့် Boxing Day ပွဲစဉ်မတိုင်မီမှာတော့ အာဆင်နယ်ဟာ ဂျုဗင်တပ်နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေပါတယ်။

အေစီမီလန်ကို အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီးလည်း အာတေတာက ခုလို ဆိုပါတယ်။

ဒီအနိုင်ရလဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ နဲ့ လေ့ကျင့်ရေးကွင်းဆီ သွားဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ သူတို့ တကယ်တော်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် လူငယ်ကစားသမားလေးတွေကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ် သူတို့ တကယ်ကို အကူအညီပေးခဲ့ပါတယ်

ယူ၁၈ ယူ၁၆ နဲ့ ယူ၂၁ ကစားသမားလေးတွေဟာ ကျွန်တော်တို့ လိုအပ်တဲ့ ခြေစွမ်း နဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားခဲ့ပါတယ် တကယ်ကောင်းတဲ့ အသင်းတစ်သင်းကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်

ကျွန်တော်တို့ကို မေးခွန်းတွေအများကြီး ထားပေးခဲ့တဲ့ လိုင်ယွန်နဲ့စာရင် အေစီမီလန်ဟာ အရမ်းကွဲပြားတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။ အားလုံးခြုံပြောမယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး တကယ်ကို အားကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်

အေစီမီလန်နဲ့ ပွဲအပြီး အာတေးတားရဲ့ပြောစကားတွေကို အာဆင်နယ်ရဲ့ တရား၀င်၀က်ဘ်ဆိုဒ်ကနေ ကောက်နှုတ်တင်ဆက်ခြင်း ဖြစ်ပါတယ်။ နှစ်သက်စရာကစားပုံကို ပြသထားနိုင်တဲ့ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်ကို ဟန်မပျက် ဆက်သွားနိုင်မယ်လို့လည်း ယူဆရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: