အန်ကတ်တီးယားအတွက်အခွင့်အရေးပါ –  ဆီဗက်စတြာ

လာမယ့်ဇန်နဝါရီမှာ အသင်းရဲ့ ဦးစားပေးပစ်မှတ်ဟာ ကွင်းလယ် နဲ့ တိုက်စစ်တောင်ပံကို အားဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျေးဆူ ဒဏ်ရာရသွားချိန်မှာတော့ အာဆင်နယ်ဟာ တိုက်စစ်မှူးသစ် တစ်ဦးကိုပါ ခေါ်ယူသင့်တယ်လို့ အသင်းရဲ့ ကစားသမားဟောင်းတွေက အကြံပေးလာကြပါတယ်။

ဂျေးဆုဟာ ဒဏ်ရာကြောင့် ၂လ ၊ ၃လလောက် အနားယူဖို့ ရီနေတာကြောင့် အသင်းရဲ့ ‌အထောက်တိုက်စစ်မှူး စစ်စစ်ဆိုလို့ အန်ကက်တီးယား တစ်ယောက်သာ ကျန်ရှိပါတော့တယ် ။ ဒါပေမယ့် ဂန်းနားဟောင်းတစ်ဦးဖြစ်တဲ့ ဆီဗက်စတြာကတော့ အာဆင်နယ်အနေနဲ့ ဂျေးဆုရဲ့ နေရာမှာ အစားထိုးဖို့ လာမယ့်ဇန်နဝါရီမှာ ကစားသမားသစ် မခေါ်ယူသင့်ဘူးလို့ အကြံပေးလာခဲ့ပါတယ်။

အသင်းဟာ လက်ရှိလူစာရင်းနဲ့ပဲ ရှေ့ဆက်သင့်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဒဏ်ရာရနေချိန်မှာ အန်ကက်တီးယားကို အခွင့်အရေးပေးသင့်တယ်လို့ ဆီဗက်စတြာက ယုံကြည်နေတာ ဖြစ်ပါတယ်။

ကစားသမားသစ်တစ်‌ယောက် ၀ယ်တာဟာ သိပ်အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး အာဆင်နယ်အနေနဲ့ လက်ရှိလူစာရင်းနဲ့ပဲ ရှေ့ဆက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အန်ကက်တီးယားဟာ တကယ်မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အဲ့ဒီအဆင့်ကို အပြည့်အ၀ မရောက်သေးပါဘူး။ ဒါပေမယ့် အခုချိန်ကတော့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ အချိန်ပါပဲ သူအ့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ဂိုးတွေသွင်းဖို့ လိုပါတယ်

ဂျေးဆူ ဒဏ်ရာရသွားတာဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ ဘာလို့လဲဆိုတော့ သူဟာ အာဆင်နယ်အသင်းရဲ့ ကစားပုံအတွက် သိပ်ကို အရေးပါပါတယ်။ သူဟာ အခြားကစားသမားတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးတယ် ဒါပေမယ့် ကစားသမားတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ အခြားကစားသမားတစ်ယောက်အတွက် အခွင့်အရေးရလာတာပါပဲ လို့ ဆီဗက်စတြာက ဆိုပါတယ်။

အာတေတာ နဲ့ အီဒူးတို့ဟာလည်း လာမယ့်ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ထက် ကွင်းလယ် နဲ့ တောင်ပံတိုက်စစ်ကို အင်အားဖြည့်ဖို့ပဲ အဓိက ပစ်မှတ်ထားလာဖို့ ရှိနေပါတယ် ။ 

အသင်းမှာ အဓိက တိုက်စစ်မှူး ရှိနှင်ပြီးသား ဖြစ်တဲ့အပြင် အာတေတာဟာလည်း ရေတိုအတွက် ကစားသမား ခေါ်ယူလေ့မရှိတာကြောင့် လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ထက် အန်ကက်တီးယားကိုပဲ အခွင့်အရေး ပေးလာဖို့ ရှိနေပါတယ် ။ ရင်းစ်မှာ အငှားချထားတဲ့  အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဘာလိုဂန်ကို ပြန်လည်းခေါ်ယူနိုင်ချေ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အန်ကက်တီးယားအနေနဲ့ အခုလို ပွဲထွက်ခွင့်မိနစ်တွေမှာ ဒီအခွင့်အရေးကို အပိုင် အသုံးချနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ် ။ ပြီးခဲ့တဲ့နှစ်တုန်းကလဲ ထူးခြားတဲ့ရုန်းအားတွေနဲ့အတူ အသင်းကို အကျိုးပြုခဲ့တာမြင်ရပါတယ်။ ဒီလိုဆက်ဖြစ်ဖို့လား အားလုံးက အလိုရှိနေကြပါတယ်။

Advertisement

Leave a Reply

%d bloggers like this: