မူဒရစ်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ အာဆင်နယ်

မူဒရစ် နဲ့ အာဆင်နယ်အသင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ The Athletic က ဖော်ပြလာခဲ့ပါတယ်။ တိကျခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုက လာတာ‌ဖြစ်တာကြောင့် အာဆင်နယ်ဟာ မူဒရစ်ကို တကယ် ကြိုးစားနေပြီလို့ ယုံကြည်ရပါတယ်။ ဒါဟာ ကစားသမားသစ်မျှော်နေတဲ့ အာဆင်နယ်ပရိတ်သတ်တွေအတွက် သတင်းကောင်းပါပဲ။

The Athletic ရဲ့အဆိုအရ မူဒရစ်က အာဆင်နယ်ရဲ့ ဇန်နဝါရီ ဦးစားပေးပစ်မှတ်လို့လည်း သိရပါတယ်။ ရှက်တာဒိုးနက်ဟာ သူတို့ရဲ့ ကစားသမားအတွက် ယူရိုသန်း၁၀၀ ဈေးခေါ်ထားပေမယ့် ဒီ့ထက်နည်းတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ကစားသမားဘက်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့လာချင်တယ်လို့ အရိပ်အမြွက် ပြောပြထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ် နဲ့ မူဒရစ်အကြား ဆွေးနွေးမှုတွေက အဆင်ပြေပြေ ပြီးမြောက်သွားဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေးအတွက်သာ ရှက်တာဒိုးနက်နဲ့ အဓိကဆွေးနွေးသွားရဖို့ ရှိနေပါတယ်။

မကြာသေးမီက အီဒူး ၊ အာတေးတားတို့ဟာ အာဆင်နယ်အသင်းပိုင်ရှင် ဂျို့ရှ်ခရွန်ကီနဲ့ အမေရိကန်မှာ တွေဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအပြီးမှာတော့ ခရွန်ကီဟာ အာတေတာ ၊ အီဒူးတို့ကို လာမယ့်ဇန်နဝါရီမှာ စိတ်ကြိုက်ကစားသမားတွေ ခေါ်ယူခွင့် ပေးသွားဖို့ ရှိနေပါတယ်။

အစောပိုင်းမှာ အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီမှာ သုံးစွဲဖို့ ဘတ်ဂျက် ပေါင်သန်း၅၀ပဲ ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အသင်းပိုင်ရှင်တွေဟာ အာတေးတားနဲ့ အီဒူးတို့ကို အပြည့်အ၀ ကူညီသွားဖို့ ပြင်ဆင်ထားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင် ပရိသတ်တွေအတွက်တော့ တကယ်၀မ်းသာစရာပါပဲ။

မူဒရစ်ဟာ ဒီရာသီ ယူကရိန်းပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြနေသူ ဖြစ်ပြီး လိဂ်ပွဲ ၁၂ပွဲအပြီးမှာ ၇ဂိုးသွင်း ၊ ၆ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ရှက်တာဒိုးနက် ကစားသမားဟာ အသင်းအတွက် ၃ဂိုးသွင်း ၊ ၂ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။

မူဒရစ်သာ အမ်းမရိတ်ကို တကယ်ရောက်လာခဲ့ရင် အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက် တကယ်ဖြစ်လာစေဖို့ အများကြီး အကူအညီပေးလာမယ်လို့ ယုံကြည်ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ဇင်ချန်ကိုရဲ့ ဇနီးဖြစ်သူနဲ့ အမေးအဖြေကဏ္ဏမှာလည်း မူဒရစ်ဟာ အသင်းပြောင်းလိုကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: