ဆမ်ဘာသားတစ်ယောက်ရဲ့ တရွေ့ရွေ့ခရီးစဥ်

ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်ကတော့ ဂျေးဆူကို အံဩစရာကောင်းတဲ့ ကစားသမားလို့ ချီးမွမ်းခန်း ဖွင့်လာခဲ့တယ်။ ဂျေးဆူနဲ့အတူ တွဲကစားဖူးတဲ့သူတိုင်း ဒီအချက်ကို သိတယ်လို့ မန်စီးတီးကွင်းလယ်လူက ဆိုပါတယ်။ ဒုတိယနေရာမှာပဲအများဆုံးရှိခဲ့သူတစ်ယောက်ဟာ တရွေ့ရွေ့နဲ့ ခရီးနှင်နေတာသိသာပါတယ်။

ဂရီးလစ်ရှ်ဟာ မနှစ်ကနွေမှာ အက်စ်တွန်ဗီလာကနေ မန်စီးတီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၁၀၀နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ် ။ ဂျေးဆူကတော့ ပြီးခဲ့တဲ့နွေမှာ အီးတီဟတ်ကို စွန့်ခွာပြီး စွန့်စားခန်းအသစ်တွေအတွက် အမ်းမရိတ်ကို ရောက်လာခဲ့ပါတယ်။ ဆာအိုပေါ်လိုမြို့ရဲ့လမ်းမပေါ်က ကောင်လေးဟာ အပျော်တန်းအသင်းတစ်သင်းနဲ့အတူ ဘဝကို စတင်ခဲ့ပြီး ၂၀၁၃ မှာတော့ ပါးမီးရပ်စ်နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဂရီးလစ်ရှ် နဲ့ ဂျေးဆူတို့ဟာ မန်စီးတီးကစားဖော်တွေအဖြစ် တစ်ရာသီကြာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂရီးလစ်ရှ်ဟာ ဘရာဇီးလ်တိုက်စစ်မှူးကို တခုတ်တရ ချီးမွမ်းခန်းဖွင့်လာခဲ့ပြီး ဂျေးဆုဟာ လေ့ကျင့်ရေးကွင်းမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

သူနဲ့ တွဲကစားဖူးတဲ့ ဘယ်သူ့ကိုမဆို မေးကြည့်နိုင်ပါတယ် သူက အဓိကစားသမားပါ အခုဆို သူဟာ အရင်ကထက် အသိအမှတ်ပြုမှုတွေကို ပိုရနေပြီဆိုတာ ကျွန်တော်သိပါတယ်

“‌ရိုးရိုးသားသား ပြောရရင် လေ့ကျင့်ရေးကွင်းမှာ သူက တကယ်ကို ကြောက်စရာကစားသမားပါ ပြီးခဲ့တဲ့လက ဆာကာကို သူ့အကြောင်းမေးတော့ဂျက်ရေ တကယ်မယုံနိုင်စရာသူဗျလို့ ဆာကာက ပြန်ဖြေခဲ့ပါတယ် လို့ ဂရီးလစ်ရှ်က ဆိုပါတယ်။

ဂျေးဆူဟာ မန်စီးတီး တိုက်စစ်ရဲ့ အဓိကကစားသမားမဖြစ်ခဲ့သလို ပုံမှန်ပွဲထွက်ခွင့်တွေလည်း မရရှိခဲ့ပါဘူး။ မန်စီးတီးမှာ  ကစားသမားကောင်းတွေ အများအပြားရှိတဲ့အပြင် တိုက်စစ်မှူးစစ်စစ်ကို အသုံးပြုလေ့မရှိတတ်တဲ့ ဂွာဒီယိုလာရဲ့ နည်းဗျူဟာကြောင့် ဂျေးဆူရဲ့အခန်းကဏ္ဍဟာ မန်စီးတီးမှာ သိပ်မပေါ်လွင်ခဲ့ပါဘူး။  ဒါ့အပြင် လက်ရွေးစင်အသင်းမှာလဲ ဒုတိယဦးစားပေးသာဖြစ်ပါတယ်။

အမ်းမရိတ်မှာတော့ ဘရာဇီးလ်သားဟာ အာဆင်နယ် တိုက်စစ်ကို ဦးဆောင်ခွင့်ရထားသလို အီတီဟတ်မှာ မပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကို အာဆင်နယ်ဂျာစီ ၀တ်ဆင်ရင်း ပြသနေခဲ့ပါတယ် ။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေမှာ ဂျေးဆုဟာ သွင်းဂိုးတွေ ပျောက်ဆုံးနေခဲ့တယ်ဆိုပေမယ့် အသင်းရဲ့ တိုက်စစ်မှာ မရှိမဖြစ်အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဆဲပါပဲ။

ကစားသမားဘဝပွဲပေါင်း ၄၀၀ နားနီပြီဖြစ်ပြီး သွင်းဂိုးပေါင်း ၁၅၀ ပြည့်လုပြည့်ခင်ဆိုတာ သူ့အသက်အရွယ်နဲ့ဆိုရင်တော့ မညံ့တဲ့မှတ်တမ်းပဲဖြစ်ပါတယ်၊ အမြဲတန်း ဒုတိယဖြစ်ခဲ့ပေမယ့် ဂန်းနားတွေဆီအရောက်မှာတော့ နေရာမှန်ကိုရောက်ခဲ့ပြီလို့ အခိုင်အမာပြောနိုင်နေပါပြီ။ ပရိတ်သတ်က ချစ်တယ်၊ ကစားသမားကလည်း အသင်းလိုအပ်တာကို အကောင်းဆုံးဖြည့်ဆည်းပေးနေတယ်။ ဂန်းနားပရိတ်သတ်တွေနဲ့ဂျေးဆူကြားချိတ်ဆက်မှုက ရိုးရှင်းစွာခိုင်မြဲစပြုနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: