မျှော်နေကြတဲ့ လူငယ်ကြယ်ပွင့်လေး

စမစ်ရိုကို မြက်ခင်း‌စိမ်းတွေပေါ်မှာ မမြင်ခဲ့ရတာ အတော်ကြာပါပြီ။ သူ့အကြောင်းဆောင်းပါးတွေလဲ မရေးဖြစ်တာကြာနေပြီဖြစ်ပါတယ်။ တလှည့်စီအစွမ်းပြနေကြတဲ့လူငယ်ကစားသမားတွေက တစ်ကြောင်း သူကလဲ ပျောက်နေတာက တစ်ကြောင်းမို့ ကျောနံပါတ် ၁၀ ဟာ မြင်ကွင်းမှာ ရှိမနေခဲ့ပါဘူး။ မြက်ခင်းတွေနဲ့ဝေးနေတဲ့ စမစ်ရိုတစ်ယောက်ဒီရက်ပိုင်းမှာတော့ ပိုမိုတောင့်တင်းတဲ့ ခန္တာကိုယ်နဲ့အတူ မီဒီယာစာမျက်နှာတွေထက် ပြန်ပေါ်လာပါတယ်။  ကြွက်သား ဒဏ်ရာကြောင့် ရက်သီတင်းပတ်များစွာ အနားယူနေခဲ့ရတဲ့ စမစ်ရိုဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ၄၈မိနစ်သာ ကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် စမစ်ရို နောက်ဆုံးကစားပေးခဲ့တဲ့ပွဲစဉ်ကတော့ စက်တင်ဘာ၄ရက်နေ့၊ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့စဉ်က ဖြစ်ပြီး လူစား၀င်ကစားသမားအနေနဲ့ မိနစ်အချို့ ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဒီနောက်မှာတော့ သူဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့ အာဆင်နယ် နဲ့ စမစ်ရိုတို့ဟာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလန်သားလေးဟာ ရက်ရှည်အနားယူရဖို့ ဖြစ်လာပြီး  ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

စမစ်ရိုကို အားလုံးက လွမ်းနေကြပါတယ်။ ဒါ့အပြင်အသင်းမှာ အခက်အခဲတစ်ခုဖြစ်လာတိုင်း သူသာရှိရင်ဆိုတဲ့ တမ်းတမှုတွေလဲ တကယ်ဖြစ်နေခဲ့တာပါ။ လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကလည်းသူ့ရဲ့ နောက်ဆုံးလူစာရင်းမှာ ဂန်းနားလေးကို ရှိစေချင်တဲ့ပုံမှာရှိပါတယ်။

လက်ရှိမှာတော့  စမစ်ရိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းကောင်းစကြားရပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ပထမဆုံးယှဉ်ပြိုင်မယ့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါ၀င်နိုင်ဖို့ စမစ်ရိုဟာ ရည်မှန်းထားပါတယ်။

လက်ရှိမှာ အသင်းနဲ့အတူ ဒူဘိုင်းရောက်နေတဲ့ စမစ်ရို က Sky Sports နဲ့ အင်တာဗျူး မှာ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ ဘယ်အချိန်မှာ အသင်းအတွက် ပြန်ကစားနိုင်မလဲဆိုတာ ပြောပြလာခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားအပြီး ပထဆုံးပွဲစဉ်မှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ် အခုကျွန်တော် ဒူဘိုင်းမှာ ရှိနေပြီး ဒဏ်ရာကနေ အပြည့်အ၀ပြန်သက်သာလာဖို့ ကြိုးစားနေပါတယ် ဒီနေ့က ကျွန်တော့်ရဲ့နားရက်ပါ မနက်ဖြန် ကျွနါတော်လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပါပြီ

ကျွန်တော် ကစားကွင်းထဲ ပြန်ရောက်လာပါပြီ။ ဒီခံစားချက်က တကယ်ကိုကောင်းပါတယ် လို့ စမစ်ရိုက ဆိုပါတယ်။

စမစ်ရိုဟာ အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာ ရဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ် ။ လက်ရှိအသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ မာတင်နယ်လီက အထူးခြေစွမ်းပြနေသလို ကွင်းလယ်တိုက်စစ်မှာလည်း အိုဒီဂတ်အပြင် ဗီအဲရာပါ ရှိနေပါတယ် ။

ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ဂိုးရယူပေးခဲ့တဲ့ စမစ်ရိုဟာ ဒီရာသီမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်ရင်း ဂန်းနားတို့အတွက် အားအင်တစ်ခုဖြစ်လာမလား ဆိုတာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ တွေ့မြင်ရဖို့ ရှိနေပါတယ်။

ကစားသမားသစ်ခေါ်ယူဖို့ အတွက် အသင်းဖက်ကလဲစိုင်းပြင်းနေပုံပါ။ ဒါပေမယ့် စမစ်ရို သာ ကောင်းကောင်ပြန်ကစားနိုင်မယ်ဆိုရင် အသင်းမှာ အားအင်သစ်တခုကို တန်းပြီးရလိုက်တယ်လို့ဆိုရမှာပါပဲ။ အသင်းရဲ့ ကစားကွက်ကိုကောင်းစွာသက်ရောက်နိုင်တဲ့စမစ်ရိုဟာ အသင်းဆီကို အချိန်မှီပြန်လာဖို့ လိုအပ်နေတဲ့ အားအင်တစ်ခုပါပဲ။

Advertisement

Leave a Reply

%d bloggers like this: