ဘယ်လိုပြိုင်ပွဲမဆိုကစားဖို့ အသင့်ရှိနေပါပြီ – ဒန်နီလို

ပြီးခဲ့တဲ့နွေမှာ အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒန်နီလိုဟာ လာမယ့်‌ဇန်ဝါရီမှာ ကစားးမားအ၀ယ်ထွက်လာမယ့် အီဒူးရဲ့  အ၀ယ်စာရင်းထိပ်ဆုံး‌နားမှာ ရှိနေမယ်လို့ ယုံကြည်ရပါတယ် ။ 

နည်းစနစ်ဒါရိုက်တာကနေ အားကစားဒါရိုက်တာဖြစ်လာခဲ့တဲ့ အီဒူးကတော့ ဘရာဇီးလ်ကြယ်ပွင့်တွေကို အမ်းမရိတ်ကို တင်သွင်းဖို့ ပိုပြီးကြိုးစားလာနိုင်ပါတယ်။

 ပြီးခဲ့တဲ့နွေမှာ ချန်ပီယံလိဂ်၀င်ခွင့်အတွက်ဆိုတဲ့ရည်မှန်းချက်နဲ့ ဈေး၀ယ်ထွက်ခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ဆိုတဲ့ ရည်မှန်းချက်အသစ်နဲ့ ဈေး၀ယ်ထွက်ရတော့မှာပါ။ ဂန်းနားတို့ရဲ့ တိုးတက်မှုတွေက သိပ်ကိုမြန်ပါတယ်။ ဒီလိုတိုးတက်မှုကလည်း ကစားသမားစျေးကွက်ကို စိန်ခေါ်ရာမှကြီးစွာသော သက်ရောက်မှုရှိပါတယ်။

ပြီးခဲ့တဲ့နွေ ၊ ဥရောပဘောလုံးပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ ဘရာဇီးလိဂ်မှာတော့ ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ အချိန်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့် ပါးမီးယက်စ်အသင်း မန်နေဂျာဟာ သူ့ရဲ့အားထားရတဲ့  ကစားသမားကို ရာသီ၀က်မှာ လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘရာဇီးလ်လိဂ်ပြိုင်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ ။ ကစားသမားဟာလည်း ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေပါပြီ။ အခြားပြိုင်ပွဲတွေမှာ ကစားဖို့ အသင့်ဖြစ်နေပြီ လို့ ဒန်နီလိုက ဆိုပါတယ်။

ကမ္ဘာပေါ်က ဘယ်ပြိုင်ပွဲမှာမဆို ကစားဖို့ လုံ‌လောက်တဲ့ ရင့်ကျက်မှု ရှိနေပြီလို့ ကိုယ့်ကိုယ်ကို မြင်ပါတယ် ကျွန်တော်အသင့်ဖြစ်နေပါပြီ

ပါးမီးယပ်စ်က ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ အဘယ်လ်‌ဖာရဲရား ရောက်ရှိလာမှုနဲ့အတူ ကျွန်တော်ဟာ ကိုယ့်ရဲ့စိတ်ကို ပိုပြီးသန်မာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်

ဒီလိုအပြောင်းအရွှေ့ကိစ္စတွေကြား ကျွန်တော်၀င်မပါချင်ပါဘူး။ တကယ်လို့ ကျွန်တော့်အတွက် မှန်ကန်တဲ့အရာဖြစ်မယ်ဆိုရင် ပြောပြဖို့ ကျွန်တော့်ရဲ့အေးဂျင့်ကို မှာထားပါတယ် ဒါဆိုရင်တော့ ပါးမီးယပ်စ် နဲ့ ကျွန်တော်တို့ သေချာဆွေးနွေးကြပြီး ဘယ်အရာက အားလုံးအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်တာပေါ့ လို့ ဒန်နီလိုက ဆိုပါတယ်။ 

အသက် ၂၁နှစ်အရွယ်သာရှိသေးတဲ့ ဘရာဇီးလ်သားလေးဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ ကြယ်ပွင့်ကစာသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ပါတေးရဲ့ ကွင်းလယ်ခံစစ်နေရာမှာ အစားထိုးနိုင်သူ ဖြစ်တာကြောင့် အီဒူး နဲ့ အာတေတာတို့ရဲ့ မျက်စိကျစရာ ဖြစ်နေတဲ့ ကစားသမား ဖြစ်နေခဲ့တာပါ။

နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ အာတေတာကို ပိုင်ရှင်တွေဖက်ကလိုတာအကုန်ထောက်ပံ့ပေးသွားမယ်လို့ သိထားရပြီး ၊ စပိန်သားက ဒန်နီလိုနဲ့တောင်ပံတစ်ဦးကိုခေါ်ယူသွားမယ်လို့ ခန့်မှန်းချက်တွေရှိနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: