Editorial – သတင်းထွက်လာတဲ့ ဒီပေး ကိုအသင်းအတွက်ခေါ်မယ်ဆိုရင် ..

ဘာစီလိုနာ တိုက်စစ်ကစားသမား ဒီပေးကတော့ လာမယ့် ဇန်နဝါရီမှာ စပိန်မြေကနေ ထွက်ခွာပြီး အသင်းသစ်ရှာဖွေဖို့ သေချာသလောက်ရှိနေပါပြီ ။ 

ဘာစီလိုနာ နဲ့ ကစားသမားတို့ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်အထိ ကျန်ရှိနေသေးတာ ဖြစ်ပေမယ့် ကြွေးမြီပြဿနာတွေရှိနေတဲ့ ကက်တလန်အခြေစိုက်အသင်းဟာ ဒီပေးအတွက် ပေးချေရတဲ့ လစာငွေကို လျှော့ချနိုင်ဖို့အတွက် လာမယ့်ဇန်နဝါရီမှာ သူ့ကို ရောင်းချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ အာဆင်နယ်အသင်းကိုလည်း မီဒီယာတွေက ဒီပေးကို စိတ်ဝင်စားတဲ့အသင်းစာရင်းထဲထည့်သွင်းလာပါတယ်။

ပြီးခဲ့တဲ့နွေမှာလည်း ဒီပေးဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး အာဆင်နယ်နဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီပေးလည်း ဘာစီလိုနာက မထွက်ခွာဖြစ်ခဲ့သလို အာဆင်နယ်ဟာလည်း မာကွင်ဟိုစ်ကလွဲပြီး အခြား တောင်ပံတိုက်စစ်ကစားသမား ခေါ်ယူခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီမှာ winger တစ်ဦး၀ယ်ယူသွားဖို့ ရှိနေတာကြောင့် နယ်သာလန်သားဟာ အီဒူး နဲ့ အာတေတာတို့ မျက်စိကျမယ့် ကစားသမားဖြစ်လာနိုင်ပါတယ်။ဒီပေးကလည်း ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် နူးကမ့်ကနေ ထွက်ခွာလိုနေပြီး ဘာစီလိုနာကလည်း ကစားသမားအတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုတစ်ခုရရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ သို့သော် သတင်းက ခိုင်မှာမှုမရှိသလို ဒီပေးနဲ့ ဂန်းနားကိစ္စ ကလဲ သတင်းမရှိရင် ကောက်ထည့်ထားတဲ့သဘောလဲ ဆန်ပါတယ်။ ဒီတော့ Brainstorm အနေနဲ့ပဲ ဒီပေးဟာ ဂန်းနားတို့အတွက် ပိုကောင်းနိုင်သလားဆိုတာကို ယျေဘူယျသုံးသပ်ကြည့်ရအောင်။

ဒီပေးဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာတော့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ၂၀၁၇မှာ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ နယ်သာလန်သားဟာ ပြင်သစ်မြေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လေး၁၃၉ပွဲကစား ၆၃ဂိုးသွင်းယူခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၁မှာတော့ သူဟာ ဘာစီလိုနာရဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။

အသက် ၂၈နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာအတွက် ပွဲ၃၀ကစားထားခဲ့ပြီး ၁၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ပွဲကြီးတွေတိုးဖူးတယ်။  ပြိုင်ပွဲမျိုးစုံကို ဖြတ်သန်းဖူးတယ်ဆိုတာက မက်လုံးတစ်ခုလို ၊ အသင်းအတွက် အင်အားတစ်ခုလိုဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း ဂန်းနားလူငယ်အစုအဖွဲဟာ အတွေ့အကြုံစတင်ရင့်ကျက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝါရင့် သဘာရင့်ဆိုတာ တစ်ခုထဲကတော့ သိပ်ပြီး ကြီးမားတဲ့ အကျိုးရလဒ်မဖြစ်ဘူးလို့ ဆိုရမှာပါပဲ။

ဒါပေမယ့် ဒီပေးအနေနဲ့ အသင်းကို ပိုကောင်းအောင်လုပ်ပေးနိုင်တဲ့ အချက်တွေလဲရှိပါတယ်။အဲ့တာကတော့ ခြေစွမ်းနဲ့ ကစားဟန်ပဲဖြစ်ပါတယ်။ တောင်ပံကနေ  အတွင်းကို ချိုးဝင်တယ်ဆိုတာ ခေတ်ပေါ်လိုအပ်ချက်တစ်ခုဖြစ်သလို ၊ အာတေတာ တွင်တွင်သုံးနေတဲ့ ထိုးစစ်ဆင်ဟန်လဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပေးအနေနဲ့အသင်းရဲ့ ကစားဟန်မှာ အံဝင်ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ အလွတ်တည်ကန်ဘောတွေမှာ အားကိုးရမယ့်သူတစ်ယောက်တိုးလာတာပါ။

ဒါ့အပြင်အသင်းဟာ လူအင်အားနဲနေပါတယ်။ ဒီပေးလိုကစားသမားမျိုးကို လူစာရင်းမှာရှိနေစေတာက လူငယ်အသင်းက ကစားသမားတစ်ယောက်ကို ထည့်ထားခြင်းထက် ပိုပြီးတာသွားပါတယ်။ နောက်တစ်ချက်က လက်ရှိစီနီယာလူငယ်တွေဟာ အကယ်ဒမီကလူငယ်တွေနဲ့ အတူတူ အသင်းကို နောက်တဆင့်ကိုဆွဲတင်နေကြတာပါ။ ဒီနေရာမှာ မာတင်နယ်လီ ဆာကာ တို့ပဲရုန်းနေရတဲ့ အထွေထွေတာဝန်တွေကို ဒီပေးက ခွဲယူနိုင်ပါတယ်။  Commercial ဖက်ချမ်းကကြည့်ရင်လဲ ဒီပေးကို ကာလတို စာချုပ်နဲ့ရနိုင်ပါတယ်။  အာတေတာအနေနဲ့ သူပြင်ဆင်ခြင်တဲ့အရာတွေကိုပြင်ဆင်ဖို့ ဒီပေးက ၂ ရာသီလောက် ကြားဝင်တောင့်ထားပေးနိုင်မယ်လို့ ယူဆပါတယ်။

အာဆင်နယ်ဟာ ရှက်တာဒိုးနတ်တောင်ပံတိုက်စစ်ကစားသမား မူဒရစ်နဲ့လည်း ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ယူကရိန်းကလပ်က သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအများအပြား အလိုရှိ‌နေတာဟာ အခက်အခဲ တစ်ခုဖြစ်နေပါတယ် ။ ဒါ့ကြောင့် အီဒူးတို့ဟာ ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် ဒီပေးဘက် လှည့်လာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: