ဆာကာဟာ အပြုံးတစ်ခုနဲ့ ရှင်သန်နေတာပါ – ဒီကလန်ရိုက်စ်

ပရီးမီးယားလိဂ်ပြိုင်ပွဲတွေနဲ့ဝေးနေ‌တဲ့အချိန်မှာ ခုလို ကမ္ဘာ့ဖလားပွဲစဉ်တွေကနေပဲ အာဆင်နယ်ကစားသမားတွေကို စောင့်ကြည့်နေရတော့မှာပါ။ ဒီရာသီမှာ ကလပ်အသင်းနဲ့အတူ အမြင့်ပျံနေတဲ့ ဂန်းနားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ ပရိသတ်တွေက စိတ်၀င်စားနေကြပါတယ်။ 

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန် နဲ့ အီရန်တို့ရဲ့ ပွဲစဉ်မှာတော့ ဆောက်ဂိတ်ရဲ့ အသင်းဟာ ကာတာမြေမှာ အာရှထိပ်သီးအသင်းကို ဂိုးသွင်းလေ့ကျင့်ပြီး (၆-၂)ဂိုး ရလဒ်နဲ့အနိုင်ရခဲ့ပါတယ် ။ ဒီပွဲစဉ်မှာ ဆာကာဟာ သွင်းဂိုးနှစ်ဂိုစရယူနိုင်ခဲ့ပြီး သူ့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားပွဲဦးထွက်မှာပဲ သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီသွင်းဂိုးနှစ်ဂိုးစလုံးဟာ အတော်လေးကို လှပခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပထမသွင်းဂိုးကိုတော့ ထောင့်ကန်ဘောကနေ မက်ဂွိုင်းယား ခေါင်းတိုက်ချပေးခဲ့တဲ့ဘောလုံးကို ဆာကာဟာ မြေမကျကန်ချက်နဲ့ အပြင်းကန်သွင်းခဲ့တာပါတယ်။ ဒုတိယသွင်းဂိုးမှာတော့ ဆာကာဟာ သူရဲ့ စတိုင်အတိုင်း ညယတောင်ပံကနေ ဂိုးဧရိယာထဲကို ချိူး၀င်ပြီး အီရန်နောက်ခံလူတွေကို တကိုယ်တော် ကျော်ဖြတ်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဆာကာဟာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့သလို မိုက်ကယ်အို၀င် ၊ ဘယ်လင်ဂမ်တို့ပြီးရင် ပြိုင်ပွဲကြီးတွေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ တတိယမြောက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ယူရိုဖိုင်နယ်မှာ အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဆာကာဟာ လက်ရှိမှာတော့ ဒီအိပ်မက်ဆိုးကို ကျော်လွန်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

ဘုကာယိုဆာကာ ရဲ့ ခြေစွမ်းကို အင်္ဂလန်အသင်းဖော် ဒီကလန်ရိုက်စ်က ချီးမွန်းခန်းဖွင့်လာခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရိုက်စ်က သတင်းထောက်တွေကို ဆာကာနဲ့ပတ်သက်ပြီး ခုလိုပြောပြလာခဲ့ပါတယ်။

သူလုပ်ပြခဲ့တာတွေက တကယ်ကို မယုံနိုင်းရာပါပဲ  ..  ဒါဟာ သူရဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို အားလုံးပြောပြလိုက်သလိုပါပဲ

မနှစ်ကနွေ(ယူရိုပြိုင်ပွဲအပြီး)မှာ ဘာဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့ တွေ့ခဲ့ကြမှာပါ။ လူတိုင်းက သူနဲ့အတူ ရှိနေပေးခဲ့တယ် ဒီနောက်မှာတော့ အာဆင်နယ်နဲ့အတူ သူဟာ ပြန်ပြီး တောက်ပလာခဲ့ပါတယ်။ သူဟာ အပြုံးလေးတစ်ခုနဲ့အတူ ဘောလုံးကစားနေတာ ခင်ဗျားတို့တွေ့ရမှာပါ။ လေ့ကျင့်ရေးကွင်းမှာ သူ့ကို မြင်ရင် ဒီနားတဝိုက်မှာ အပျော်ရွှင်ဆုံးသူက ဆာကာပဲဆိုတာ သိနိုင်ပါတယ် ကျွန်တော်တို့ သူ့အတွက် အရမ်း ပျော်ရွှင်မိပါတယ် လို့ ရိုက်စ်ကဆိုပါတယ်။

ဒါ့အပြင်ဆာကာ ရဲ့ အရည်အချင်းတွေကို ဂန်းနားဟောင်းတဖြစ်လဲ လူငယ်နည်းပြ ဝီရှိုင်းယားကလဲ အခုလိုမှတ်ချက်ပြပြန်ပါတယ်။ သူ့အဆိုအရတော့ ဆာကာဟာ အာဆင်နယ်လူငယ်အသင်းမှာ စံပြဖြစ်တယ်လို့ မှတ်ယူရမှာပါ။

သူနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲအံအားသင့်ရတာ‌ကတော့ သူသာ အမြဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်တာပါပဲ ဒါ တကယ်ကို မယုံကြည်နိုင်စရာပါ …  ဒီလိုမျိုး ကစားပွဲမှာ ကြုံရတဲ့အခြေအနေတွေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချဖို့ဆိုတာ လူငယ်ကစားသမားတစ်ယောက်မှာ မြင်ရဖို့ သိပ်ခက်ပါတယ် သူက အခုမှ ၂၁နှစ်ပြည့်ခါစပဲ ရှိသေးတာပါ ။ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ယူ၁၈ ကစားသမားလေးတွေကို ဆာကာဆီကနေ သင်ယူဖို့ အမြဲတွန်းအားပေးပါတယ် 

တကယ်လို့ ၅ ကိုက်စာ ပေးပို့မှုတစ်ခု လုပ်ဖို့ လိုတယ်ဆိုရင် သူလုပ်လိုက်တာပါပဲ တစ်စုံတစ်ယောက်ကို ကျော်ဖြတ်ရမယ်ဆိုလည်း သူက ရအောင်လုပ်လိုက်တာပါပဲ သူဟာ အမြဲမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပါတယ်

သူရဲ့ နားလည်နိုင်စွမ်းအရ သူ ဘောလုံးပေးပို့မှု လုပ်လိုက်တဲ့နေရာမှာ  လူကပ်မခံထားရတဲ့ ကစားသမားတစ်ယောက်က ရှိနေပါလိမ့်မယ် ဒီလိုရှိနေအောင် သူဟာ အတင်းအကြပ်ကြိုးစားမှာ ဖိအားပေးမှာ မဟုတ်ပါဘူး

ဆာကာကို ပိုပြီးအဆင့်မြင့်တဲ့ကစားသမားဖြစ်လာဖို့အတွက် မျှော်လင့်နေကြတဲ့ ဂန်းနားပရိတ်သတ်တွေအဖို့ စီနီယာတွေရဲ့ မှတ်ချက် ၊ ကစားဖော်တွေရဲ့ မှတ်ချက်က အားဆေးဖြစ်လာမှာပါ။ တဖက်မှာလည်း စာချုပ်သစ်အမြန်ချုပ်ဖို့ ၊ အသင်းမှာကာလရှည်ရှိစေဖို့အတွင် ဆုတောင်းနေကြမှာပါပဲ။ ကမ္ဘာ့ဘောလုံးလောကမှာ ကြယ်ပွင့်သစ်တစ်ပွင့်ဟာ ဂန်းနားကိုယ်စားပြုပြီးတောက်ပခဲ့ပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: