World Cup Performance – အီရန်နဲ့ပွဲမှ ဆာကာရဲ့ခြေစွမ်း

အီရန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဆာကာ ဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး မိနစ် ၇၀ ထိ ပါဝင်ကစားသွားခဲ့ပါတယ်။  ငရုတ်သီးလေးအတွက် နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲကနေ ရရှိခဲ့တဲ့ ဖိအားနဲ့ ဝေဖန်ခံရမှုတွေဟာ တကယ်မဖြစ်ခဲ့သလိုပါပဲ။ ဆာကာဟာ ပေါ့ပေါ့ပါးပါးနဲ့ပဲ ပွဲကိုစတင်နိုင်ခဲ့ပါတယ်။

ကိန်းကို ဗဟိုမှာ ထားပြီးကစားတဲ့  ဆောက်ဂိတ်ရဲ့  ၄-၂-၃-၁ ကစားကွက်မှာ ဆာကာဟာ အလယ်တန်း ညာတောင်ပံအစွန် ကနေ ကစားခဲ့ပါတယ်။  စီနီယာတွေနဲ့ ကောင်းမွန်စွာတွဲဖက်ကစားသွားနိုင်ပြီး အာဆင်နယ်အသင်းမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကိုလည်း လက်ရွေးစင်အသင်းနဲ့အတူ ပြသနိုင်ခဲ့ပါတယ်။ ကစားဖော်တွေနဲ့ အနဲငယ်အချိတ်အဆက်လွဲတာတွေရှိပေမယ့် ပြောပလောက်အောင်တော့မဟုတ်ခဲ့ပါဘူး။

ညာတောင်ပံကနေ ပြိုင်ဖက်နောက်တန်းကို ထိုးဖောက်ရာမှာ  တည်ငြိမ်နေခဲ့ပြီး အာဆင်နယ်နဲ့ တုန်းက ကစားပုံအတိုင်း ဘောလုံးကိုကိုင်ပြီး  တဖက်နောက်တန်းကို ပွဲစဥ်တလျှောက်မှာ ဖိအားပေးနိုင်ခဲ့ပါတယ်။

ပထမဂိုးကိုတော့ ထောင့်ကန်ဘောကနေ တဆင့် မက်ဂွိုင်းယားခေါင်းတိုက်ချပေးတာကို မြေမကျ ကန်သွင်းခဲ့တာပါ။ ကန်ချက်ဟာ အရမ်းပြင်းထန်တာမျိုးမဟုတ်ပေမယ့် ထိချက်မှန်ပြီး လမ်းကြောင်းလည်းကောင်းခဲ့တာမို့ လှလှပပ ဂိုးဝင်ခဲ့ပါတယ်။  Rainbow shape လို့ပြောမရပေမယ့် မြေမကျကန်ချက်မှာ ဘောလုံးက ခပ်ကိုင်းကိုင်းထွက်သွားခဲ့တာပါ၊။ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ပုံစံကတော့ ဆာကာရဲ့ Signature လို့ ပြောရတဲ့ပုံစံမျိုးပါပဲ။ ညာခြမ်းကနေ ခြေယောင်ပြပြီး တဖက်နောက်တန်းတွေဟန်ချက်ပျက်ချိန်မှာ ကန်သွင်းယူသွားခဲ့တာပါ။ ဒီဂိုးကတော့ ဂိုးသမားအနေနဲ့ လှုပ်ရှားမှုတောင်မလုပ်နိုင်ခဲ့ပါဘူး။

၆၂ မိနစ်မှာ ဂိုးသွင်းပြီးတဲ့နောက် လူစားလဲမခံရခင်မှာ စတာလင်ကို လှလှပပ ချပေးနိုင်ခဲ့ပေမယ့် ဘောလုံးပျက်သွားခဲ့လို Assist ရမယ့် အခြေအနေကနေ လွဲချော်ခဲ့ပါတယ်။ ဆာကာဟာ ခံစစ်နဲ့ ချိတ်ဆက်ရာမှာလည်း တော်တော်လေးကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ရရင်တော့  တည်ငြိမ်မှု ၊ နည်းစနစ်ပိုင်းဆိုင်ရာအရ အပြောင်းအလဲကို လိုက်ရောညီထွေစွာ ကစားနိုင်မှု၊ တစ်ကိုယ်တော် စွမ်းဆောင်ရည်တွေကတော့  ဆာကာ ကိုပိုပြီးကောင်းမွန်တဲ့ကစားသမားဖြစ်လာပြီး Next Level ထိရောက်ဖို့ မျှော်လင့်နိုင်နေပြီဖြစ်ပါတယ်။ ဂန်းနားပရိတ်သတ်တွေကတော့ စာချုပ်သစ်မြန်မြန်ချုပ်ဖို့ ဆုတောင်းနေကြပြီထင်ပါတယ်။

အဖွင့်ပွဲမှာတင် ၂ ဂိုးသွင်းယူခဲ့တာဖြစ်လို့ ဆာကာဟာ ကမ္ဘာ့ဖလားမှာ အရှေ့က ဂန္တဝင်တွေရဲ့ မှတ်တမ်းတွေကြားထဲမှာ သူ့အတွက်လဲ နေရာတစ်နေရာရခဲ့ပြီဖြစ်ပါတယ်။ ပွဲမစခင်တုန်းကလဲ  တိုက်စစ်မှုးဟောင်းရွန်နီက

“ ဆာကာအနေနဲ့ ပွဲထွက်စာရင်းမှာပါလာခဲ့ရင် ဘယ်သူကမှ စောဒကတက်မှာ မဟုတ်ဘူး “ ဆိုတဲ့အပြုသဘောဆောင်တဲ့ မှတ်ချက်ကိုရရှိခဲ့တဲ့ ငရုတ်သီးလေးဟာ အာဆင်နယ်အသင်း အတွက်ရော ၊ လက်ရွေးစင်အတွက်ပါအရေးကြီးတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။

ဆာကာရဲ့ အီရန်နဲပွဲမှ စွမ်းဆောင်ရည်များ

-0.21 xG

-1 key pass

-3 shots on target

-4/9 ground duels won

-1/2 aerial duels won

-2 fouls won

-1 interception

-1 tackle

– 1 clearance

Advertisement

Leave a Reply

%d bloggers like this: