ကမ္ဘာ့ဖလားမှာ ရိုနယ်ဒို ထက် မက်ဆီကို ချန်ပီယံ ပိုဖြစ်စေချင်တယ်ဆိုတဲ့ နယ်လ်ဆင်

နယ်လ်ဆင်ကတော့ လာမယ့်ကမ္ဘာ့ဖလားမှာ မက်ဆီ နဲ့ ရိုနယ်ဒို ဦးအနက် မက်ဆီကိုပိုပြီး ချန်ပီယံဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ 

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတွေဖြစ်တဲ့ မက်ဆီ နဲ့ ရိုနယ်ဒိုတို့ဟာ သူတို့ရဲ့ ကစားသမားသက်တမ်းတစ်လျှောက် အသင်းလိုက်ရော ၊ တစ်ဦးချင်းဆီပါ အောင်မြင်မှုတွေ အကြိမ်ကြိမ်ရယူနိုင်ခဲ့သူတွေ ဖြစ်ပေမယ့် လက်လှမ်းမမီသေးတဲ့ အရာတစ်ခု တော့ရှိနေဆဲပါပဲ။ အဲ့ဒါကတော့ ကမ္ဘာ့ဖလားအောင်မြင်မှု‌ပဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ မက်ဆီနဲ့ရိုနယ်ဒို ဟာ သူတို့အတွက် ငါးကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနား နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကပ္ပတိန်နှစ်ဦးဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေက‌ စိတ်၀င်စားနေကြပါတယ်။

ဒါပေမယ့် ချန်ပီယံဟာ တစ်သင်းသာဖြစ်ခွင့်ရမှာ ဖြစ်တာကြောင့် သူတို့နှစ်ယောက်ထဲက တစ်‌ယောက်က ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို အမိနိုင်ငံဆီ ဂုဏ်ယူစွာနဲ့ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားကတော့ သူတို့ရဲ့ ကပ္ပတိန်အတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားမှာ မက်ဆီ နဲ့ ရော်နယ်လ်ဒိုတို့အနက် ဘယ်သူ့ကို  ချန်ပီယံဖြစ်စေချင်လဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ချိန်မှာတော့ နယ်လ်ဆင် မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ဘယ်ကစားသမား ရယူသွားမလဲလို့ မေးမြန်းခဲ့ချိန်မှာတော့ နယ်လ်ဆင်က ‌အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်ခဲ့ပါတယ်။  ESPN ရဲ့မေးခွန်းများကို နယ်လ်ဆင်က အခုလိုပဲဖြေပေးခဲ့တာပါ။

မေး –  မက်ဆီနဲ့ ရိုနယ်ဒို ဘယ်သူ့ကို ကမ္ဘာ့ဖလားရစေခင်လဲဗျ

နယ်လ်ဆင် –  မက်ဆီပါဗျာ

မေး –  ဟယ်ရီကိန်းနဲ့ ဘာပေ ဘယ်သူက ရွေဖိနပ်ဆုရမလဲ

နယ်လ်ဆင် – ကိန်းပေါ့ဗျာ

မေး – မာတင်နယ်လီနဲ့ ဆာလီဘာ ဘယ်သူက အကောင်းဆုံးလူငယ်ဆုရမလဲ

နယ်လ်ဆင် – နှစ်ဦးစလုံးကိုရစေချင်ပါတယ်

မေး – ခင်ဗျားအနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းချင်လား ဖန်တီးပေးချင်လား

နယ်လ်ဆင် – ဂိုးသွင်းချင်ပါတယ်

ရိုနယ်ဒိုနဲ့ မက်ဆီတို့ဟာ လာမယ့်ရက်ပိုင်းအတွင်း သူတို့ရဲ့ ကစားဖလားပထဆုံးပွဲစဉ်တွေကို ကစားရတော့မှာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားက နို၀င်ဘာ ၂၂ရက်နေ့မှာ ဆော်ဒီအာရေဘီးယားနဲ့ ‌ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရိုနယ်ဒို ပေါ်တူဂီကတော့ နို၀င်ဘာ ၂၄ရက်နေ့မှာ ဂါနာနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: