ဘီယာအစား ကျွန်တော်တို့နဲ့ပျော်ပါ –  ရမ်ဒေးလ်

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးကွင်းတွေထဲမှာ ဘီယာရောင်းချခွင့်ပြုမှာ မဟုတ်ဘူးလို့ FIFAက ကြေညာလာခဲ့ပါတယ်။ အနားကပ်မှသိရတဲ့ ဒီကိစ္စဟာ လုလင်များအတွက်သိပ်ပြီးစိတ်ပျက်စရာဖြစ်ပါတယ်။ ဒီတားမြစ်မှုကို စိတ်ပျက်နေမှာဖြစ်တဲ့ အင်္ဂလန်ပရိသတ်တွေအတွက် အာရွန်ရမ်ဒေးလ်က စကားလက်ဆောင် ပါးခဲ့ပါတယ်။

ဒီလို အရက်သေစာသောက်စားခွင့် ပိတ်ပင်ထားပေမယ့် ပရိသတ်တွေကို စိတ်လှုပ်ရှားရင်ခုန်ဆူညံမှုတွေပေးဖို့ အင်္ဂလန်ဟာ အသင့်ဖြစ်နေပြီလို့ ရမ်ဒေးလ်က ဆိုပါတယ်။

ဖီဖာဟာ ‌ခုလိုကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မယ့် ရက်ပိုင်းအလိုမှာ ခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖီဖာဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့ Budweiser (အရက်ဘီယာကုမ္ပဏီ)ကို လျော်ကြေးများစွာ ပြန်ပေးရဖို့ ရှိနေပါတယ်။

လာမယ့်ကမ္ဘာ့ဖလားကို သူရဲ့မိသားစု၀င်တွေလည်း လာရောက်အားပေးမှာ ဖြစ်တဲ့ အာရွန်ရမ်ဒေးလ်ကတော့ ပရိသတ်တွေအတွက် ခုလိုစကားဆိုခဲ့ပါတယ်။

ပရိသတ်တွေဟာ ဘီယာသောက်ဖို့အတွက် အခြားနည်းလမ်းတစ်ခု ရှာတွေ့လိုက်မယ်လို့ ထင်ပါတယ်။ ကစားပွဲအတွင်းမှာ ဘီယာတွေ အများကြီသောက်ဖို့ လိုတယ်လို့ ကျွန်တော်မထင်ပါဘူး

ဒီလို ဘီယာသောက်ခွင့်မရပေမယ့်လည်း ကျွန်တော်တို့ဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားရင်ခုန်ဆူညံမှုတွေ ပေးနို‌င်အောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က စည်းမျဉ်းတွေကို လေးစားလိုက်နာရမှာ ဖြစ်ပြီး အလုပ်ဆက်လုပ်ရမှာပါ။ ဘောလုံးကွင်းထဲမှာပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးနိုင်အောင် ကျွန်တော်တို့ ကိုယ်ကိုယ်ကို ဖိအားပေးရလိမ့်မယ် လို့ ရမ်ဒေးလ်က ဆိုပါတယ်။

ဒီလို ကွင်းအတွင်း အရက်ဘီယာသောက်သုံးခွင့် ပိတ်တာဟာ ပရိသတ်တွေအကြား အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။ FIFA နဲ့ ကာတာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်သူတွေအကြား တင်းမာမှုတွေလည်း မြင့်တက်စေခဲ့ပါတယ်။ ကာတာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်သူတွေက ဒိုဟာမှာ အရက်သေစာနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျမှတ်ထားခဲ့ပေမယ့် အရက်သေစာ သောက်သုံးခွင့်ပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကို ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ပြဿနာများစွာနဲ့ ကမ္ဘာ့ဖလားဟာ ခေါင်းစဥ်တွေမကုန်နိုင်သေးဘူးလို့ပဲဆိုရမှာပါ။

Advertisement

Leave a Reply

%d bloggers like this: