ဂန်းနားတို့ရဲ့ ကိုယ်ပိုင်ကြယ်လေးဆာကာ

ဂန်းနားလူငယ်လေးတွေကြောင့် ဂုဏ်ယူနေကြတဲ့ ပရိတ်သတ်တွေအတွက်တော့ အပျော်တွေမဆုံးသေးပါဘူး။  ငရုတ်သီးလေးဟာ ကွင်းပြင်ပမှာ လေးစားစရာလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အသဲနှလုံးလူငယ်လေးဟာ နိုင်ဂျီးရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ ကာနိုမှာရှိတဲ့ ကလေးအယောက်၁၂၀အတွက် life-changing operations ဆိုတဲ့ ဘ၀ကို ပြောင်းလဲစေမယ့် ခွဲစိတ်မှုတွေ ပြုလုပ်နိုင်အောင် ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းတွေမှာ ကြယ်ပွင့်လေးတွေကို ပိုင်ဆိုင်ရတဲ့အခါ  ပရိတ်သတ်တွေအနေနဲ့ ဂုဏ်ယူတတ်ကြပါတယ်။ ဒါကြောင့် အမ်ဘာပေ ၊ ဟာလန်းတို့ကို ပိုင်ဆိုင်ခဲ့ကြတဲ့ မိခင်အသင်းတွေ ၊ လက်ရှိအသင်းတွေဟာ လက်မထောင်နိုင်ကြတာဖြစ်ပါတယ်။ အာဆင်နယ်မှာလည်း အခြားပရိတ်သတ်တွေအားကျရလောက်တဲ့ လူငယ်လေးတွေအလွန်များပြားနေပြီဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ  အကယ်ဒမီကြယ်ပွင့်လေးကတော့ ကိုယ်ပိုင်ကြယ်လို့ပဲ ဆိုရမှာပါပဲ။

ပေါ့ဂ်ဘာ ၊ အိုဇေးလ် နဲ့ ဖိလစ်လမ်းတို့လို့ နာမည်ကျော်ပရဟိတဘောလုံးသမားတွေရဲ့ ကူညီထောက်ပံ့မှုတွေ ရထားခဲ့ Big Shoe ပရဟိတအဖွဲ့နဲ့ ဆာကာဟာ လက်တွဲပြီး နိုင်ဂျီးရီးယားက‌လေးငယ်တွေကို ခုလို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကူအညီပေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဆာကာက အခုလို ၀မ်းသာစကားဆိုလာခဲ့ပါတယ်။

ဒီလို ကူညီနိုင်ခဲ့တာဟာ ကျွန်တော့်ကို အရမ်းပျော်ရွှင်စေပါတယ်၊ အထူးသဖြင့် က‌လေးတွေ ပျော်နေတာ မြင်ရတဲ့အချိန်မှာပေါ့ သူတို့ရဲ့ မိဘတွေ ပျော်နေတာလည်း ကျွန်တော်တွေ့ခဲ့ရပါတယ် အခုဆို ဒီကလေးတွေဟာ သူတို့ရဲ့အနာဂတ်တွေကို ရှေ့ဆက်နိုင်မှာ ဖြစ်ပြီး အိပ်မက်တွေကို တကယ်ဖြစ်လာအောင် လုပ်နိုင်ပါပြီ၊ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း သူတို့မှာ အခွင့်အရေး အားလုံးရှိနေပါပြီ

ဒီတော့ ကျွန်တော် အရမ်းပျော်ပါတယ်၊ ကလေးတွေကို ဒီလိုဆက်ပြီး ကူညီနိုင်အောင် ကျွန်တော် ပိုပြီး၊ ပိုပြီး ကြိုးစားသွားမှာပါ

ခင်ဗျားသိပါတယ် ဒါက ကျွန်တော့်အကြောင်းလို့ မထင်ပါဘူး။ ဒါက ကလေးအ‌ယောက် ၁၂၀ရဲ့ အကြောင်းဆိုတာ သိသာပါတယ်။ သူတို့ကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့က အရေးကြီးပါတယ်၊ ဒီလို သူတို့စိတ်ချမ်းသာ ပျော်ရွှင်အောင်လည်း ကျွန်တော်တို့ လုပ်ခဲ့တယ်လို့ ထင်ပါတယ်

ဒီတော့ ကျွန်တော်‌ပျော်ပါတယ်။ ကျွန်တော် မှန်ကန်တဲ့ ပလက်ဖောင်းကို ရွေးချယ်နိုင်ခဲ့ပြီး ကလေးတွေအတွက် ဒီလိုအကူအညီပေးနိုင်ဖို့ မှန်ကန်တဲ့သူတွေကို ယုံကြည်ခဲ့တယ်လို့ ခံစားရပါတယ်။ BigShoeရေ ခင်ဗျားတို့ကို ရှာတွေ့ခဲ့တာ ကျွန်တော် ပျော်ရွှင်မိပါတယ်။ BigShoe နဲ့အတူတူ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကလေးတွေကို ကူညီဖို့ပါပဲ လို့ ဆာကာက ဆိုပါတယ်။

ဆာကာရဲ့ မိဘတွေက နိုင်ဂျီးရီးယားနွယ်ဖွားတွေ ဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ဟာ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ခုလို ကိုယ့်ရဲ့ လူမျိုးတွေရှိတဲ့၊ အကူအညီလိုအပ်နေတဲ့ နေရာကို အကူအညီပေးခဲ့တဲ့ ငရုတ်သီလေးရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲ။

ပင်နယ်တီအရိပ်ဆိုးကနေ တွန်းလှန်နိုင်ခဲ့သူအတွက် ၊ ကမ္ဘာ့ဖလားမှာ မှတ်တိုင်သစ်တွေစိုက်ထူဖို့အတွက် အားလုံးဝိုင်းပြီး အားပေးရမှာဖြစ်ပါတယ်။ သူဟာ ပြန်လာဖို့ ခဲယဥ်းတဲ့ စိတ်ထိခိုက်မှုကိုကျော်လွန်အောင်မြင်ခဲ့သူလဲဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: