မိုးပျံနေတဲ့ ကိန်းဂဏန်းတွေက ထင်မြင်ချက်သက်သက်ပါ – ကစားသမားရဲ့ အေးဂျင့်

ဒီသီတင်းပတ်အတွင်း မိုင်ခါလိုမူဒရစ်ခ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကျယ်လောင်လာခဲ့ပါတယ်။ The Athletic ရဲ့အဆိုအရ အာဆင်နယ်ကလည်း မူဒရစ်ကိုခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစား‌နေတယ်လို့ သိရပါတယ် ၊ ဒါပေမယ့် ယူကရိန်းထိပ်သီးတွေဟာ သူတို့ရဲ့ကစားသမားအတွက် သန်းတစ်ရာ အလိုရှိနေတယ်လို့လည်း The Athletic က ဆိုပါတယ်။

ဒါပေမယ့် မူဒရစ်ရဲ့ အေးဂျင့်ဖြစ်သူကတော့ ဒီလိုမျိုး မြင့်မားလွန်းတဲ့ ဈေးနှုန်းတွေဟာ မီဒီယာ‌တွေရဲ့ သတင်းဖွမှု သက်သက်သာ ဖြစ်ပြီး တိကျတဲ့အခြေခံအချက်အလက် မရှိဘူးလို့ ဆိုပါတယ်။ မူဒရစ်ရဲ့ ပြောင်းရွှေ့ကြေးဈေးနှုန်းကို တစ်စုံတစ်ယောက်က သိတယ်ဆိုရင် သူလည်း သိလိမ့်မယ်လို့ မူဒရစ်ရဲ့ အေးဂျင့်က ဆိုပါတယ် 

ကျွန်တော်သိသလောက် ရှက်တာဒိုးနက်ဟာ တရား၀င် ညှိုနှိုင်းမှုတွေ မလုပ်ရသေးပါဘူး ဒီလို မိုးပျံနေတဲ့ ကိန်းဂဏန်းတွေက တစ်စုံတစ်ယောက်ရဲ့ စိတ်ထင်မြင်ချက် ဒါမှမဟုတ် ထင်ကြေးအဖြစ် အင်တာနက်ပေါ်မှာ ရှိနေတာပါ

မူဒရစ်ဟာ ဟိုးအရင်ကတည်းက ယူကရိန်းနဲ့ ချန်ပီယံအသင်းကနေ ထွက်ခွာဖို့ လိုနေပြီဆိုတာ ကန်းနေတဲ့မျက်လုံးနဲ့တောင် မြင်နိုင်ပါတယ် သူဟာ ဒီထက်ပိုမြင့်မားတဲ့ အဆင့်တစ်ခုကို တက်လှမ်းဖို့ အသင့်ဖြစ်နေပါပြီ၊ သူဟာ တိုးတက်ဖို့ လိုအပ်ပါတယ်

ကျွန်တော်အမြင်အရဆိုရင် ဒီအတွက် အခုချိန်ဟာ အကောင်းဆုံးပါပဲ။ ဒီအပြောင်းအရွှေ့ကနေ လူတိုင်း အကျိုးအမြတ်ရပါလိမ့်မယ်။ ရှက်တာဒိုးနက် ၊နိုင်ငံအသင်းနဲ့ ကစားသမားအတွက် အကျိုးရှိပါလိမ့်မယ်

ဒါပေမယ့် မူဒရစ်ဟာ ရှက်တာဒိုးနတ်နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုထားတာပါ။ ဒီတော့ကျန်ရှိနေသေးတဲ့ ချန်ပီယံရှစ်ကစားပွဲတွေကို သူအာရုံစိုက်ထားပါတယ်၊ မူဒရစ် ရှက်တာဒိုးနက်ကနေ သွား မသွားကတော့ ကျွန်တော်ဖြေဖို့ အသင့်မဖြစ်သေးပါဘူး အားလုံးက ရှက်တာဒိုးနပ်ဘုတ်အဖွဲ့ပေါ်ပဲ မူတည်လိမ့်မယ် လို့ ကစားသမားရဲ့ အေးဂျင့်က ဖွင့်ဟလာခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေသလို အာတေးတားကလည်း မူဒရစ်ကို ခေါ်ယူလိုနေတာ အမှန်ပါပဲ။ ဒါပေမယ့် ရှက်တာဒိုးနက်ကတော့ သူတို့ရဲ့ကစားသမားကို ဈေးပေါပေါနဲ့ လက်လွှတ်လာဖို့ မရှိနိုင်တာက ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

စာရေးသူရဲ့ ကိုယ်ပိုင်အမြင်ကိုဖြည့်စွက်ရမယ်ဆိုရင် အသင်းဖက်က မြင့်မားလွန်းတဲ့မျှော်လင့်ချက်တွေကြောင့် ကစားသမားရဲ့ အေဂျင်စီဖက်ကနေ အလားအလာကောင်းတွေ လျော့ပါးမသွားစေဖို့ တဖန်ပြန်လည် ထုတ်ပြန်တာဖြစ်နိုင်ပါတယ်။ ကစားသမားကလည်း အာဆင်နယ်အကြောင်းမကြာခနထည့်သွင်းပြောဆိုဖူးတာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေတစ်ရပ်ဖြစ်လာနိုင်သလို  ၊ အလှုပ်ခတ်ဆုံးသော အပြောင်းအရွှေ့များထဲက တစ်ခုလဲဖြစ်လာနိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: