ကနဦး ပစ်မှတ်က အဆင့် ၄ ၊ ပိုကောင်းခြင်းများက ရာသီသစ်အတွက် အုတ်မြစ်

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မန်စီးတီးနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပွဲစဉ်ကို အာဆင်နယ်ပရိသတ် အချို့ ကြည့်ရှုနေခဲ့မှာပါ ။ ဒီပွဲကို မကြည့်နေခဲ့ရင်တော့ ပွဲစဉ်ရဲ့ ရလဒ်ကို အာဆင်နယ်ပရိသတ်အများစုဟာ စောင့်ကြည့်နေခဲ့မှာပါ။ အနီးဆုံးဖိအားပေးနေသူ ၊ လက်ရှိချန်ပီယံဖြစ်သူရဲ့ပွဲက ဂန်းနားတို့အတွက်အရေးကြီးပါတယ်။

အားလုံးသိတဲ့အတိုင်း ဒီပွဲမှာ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ အီတီဟတ်မှာ ဘရန့်ဖို့ဒ်ကို (၁-၂) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဆောက်ဂိတ်ရဲ့ လက်ရွေးစင်အသင်းမှာပါ၀င်ခွင့် မရခဲ့ တိုနေးရဲ့ ပေါက်ကွဲမှုတွေက မန်ချက်စတာ မြို့သားတွေကို အသည်းကွဲစေခဲ့ပါတယ်။

ဒီရလဒ်ဟာ ဂွာဒီယိုလာတို့လူစုအတွက် ပျော်ရွှင်ဖို့ မကောင်းခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေ အတွက်တော့ ၀မ်းသာစရာဖြစ်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ရှုံးပွဲကြောင့် အာဆင်နယ်ဟာ ဝူဗာဟန်တန်နဲ့ မကန်‌ရသေးခင်မှာပဲ World Cup Break ပြီးတဲ့အထိ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေဖို့ သေချာသွားခဲ့ပါတယ်။

တဆင့်ခြင်းတည်ဆောက်နေတဲ့အသင်းအတွက်  ပိုမိုတိုးတက်ရမယ် ၊ ပြိုင်ဖက်တွေထက် တိုးတက်မှုမြန်ရမယ်ဆိုတာ အခြေခံရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒီရာသီဟာ ခုချိန်ထိ အဆိုပါ Initial Objectives  တွေကနေ လမ်းကြောင်းချော်မသွားသေးပါဘူး။ ကွင်းတွင်းကွင်းပြင် ရလဒ်တွေက သက်သေပြနေခဲ့တာပဲ။ သို့သော် ပျမ်းမျှအမှတ်တွေပိုကောင်းနေကြတဲ့ နှစ်မှာမှ ဂန်းနားတို့ဟာ ဇယားထိပ်ကိုရောက်နေခဲ့ပါပြီ။ ဂန်းနားတို့ အပိုဆုကြီးကြီးမားမားရတော့မှာလား။

အာတေတာကတော့ ဒီပွဲကို အသင်းသားတွေနဲ့ အတူ ဘတ်စ်ကားပေါ်မှာ အတူကြည့်ခဲ့တယ်လို့ ဝူဗာဟန်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးတိတိကျကျပြောလာသူလဲရှိပါတယ်။

မန်စီးတီးရှုံးနိမ့်သွားချိန်မှာ အာဆင်နယ်ကစားသမားတွေ ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာ ဖော်ကောင်လုပ်လာသူကတော့ အသင်းရဲ့ ဂန္တ၀င်ကစားသမားကြီး အီယန်ရိုက်ပဲ ဖြစ်ပါတယ်။   အာဆင်နယ် အသင်းသားတွေဟာ ဘတ်စ်ကားပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဟစ်ကြွေးနေခဲ့ကြတယ်လို့ အီယန်ရိုက်က ဆိုပါတယ်။

ဒီလို ဘယ်သူမှ မမျှော်လင့်ထားပဲ ဘရန့်ဖို့ဒ်ကို မန်စီးတီးက ရှုံးနိမ့်သွားခဲ့တာပေါ့၊ ဒီပွဲစဉ်ကို အာဆင်နယ်ကစားသမားတွေက နည်းပြတွေနဲ့အတူ ကြည့်‌နေခဲ့ပြီး အားတက်သရောနဲ့ ဩဘာပေးနေခဲ့ပါတယ်လို့ ကျွန်တော်ကြားခဲ့ပါတယ်

“အာဆင်နယ်နဲ့ သက်ဆိုင်တဲ့ ဘယ်သူမဆို ဒီလိုပဲ တုံ့ပြန်မှာပါ။ အခုဆို ဝူဗာဟန်တန်ကို အနိုင်ယူဖို့ပဲ ကျန်တော့တာပါ။ အခြားဟာတွေအားလုံးထက် ဒါကို ကျွန်တော်ပိုပြီး စိတ်၀င်စားမိပါတယ်” လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီးကဆိုပါတယ်။ ပွဲအပြီးမှာလည်း​ဂန်းနားတို့ က အနိုင်ရပြီးဇယားထိပ်ကိုဦးဆောင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရည်မှန်းထားတယ်ဆိုရင် အာတေတာတို့ရဲ့ အဓိကပြိုင်ဘက်ဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးဖြစ်မယ်ဆိုတာ ယုံမှားသံသယရှိဖို့ မလိုပါဘူး။ ကိုယ်လုပ်ရယမ့်အလုပ်ကို အကောင်းဆုံး အာရုံစိုက်လုပ်နေရမှာ ဖြစ်သလို တစ်ဖက်မှာလည်း အနီးကပ်ဆုံး ပြိုင်ဘက်ခြေချော်သွားချိန်မှာ မဖြစ်မနေ အခွင့်ကောင်းယူဖို့ ကြိုးစားရမှာ အမှန်ပါပဲ။

ပရိတ်သတ်တွေအနေနဲ့ အဆင့် ၄ နေရာကိုပဲ အာရုံစိုက်ထားရတယ်ဆိုပေမယ့် ပိုကောင်းတဲ့ရလဒ်တွေအတွက်လည်းပျော်ရွှင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါအခြေအနေတွေဟာ နောက်ရာသီအတွက် အုတ်မြစ်ကောင်းများလည်းဖြစ်နေမှာပါ။ ပိုကောင်းတဲ့အသင်းဟာ တဖြေးဖြေးနဲ့ပိုကောင်းတဲ့ အခြေအနေသစ်တွေဆီကို ရောက်ရှိသွားမှာအသေအချာပါပဲ။

ပရိတ်သတ်တွေကလည်း တိုးတက်မှုတွေကို ဂုဏ်ယူရပါလိမ့်မယ်။

Advertisement

Leave a Reply

%d bloggers like this: