ကျွန်တော့်အကြောင်းသူတို့စဥ်းစားတဲ့အထိစောင့်ပါမယ် – ကာဇိုလာ

ဆန်တီကာဇိုလာဆိုတဲ့ နာမည်ဟာ အာဆင်နယ်ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ယနေ့ထိ ရှိနေဦးမှာပါ။ ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီးရခဲ့တဲ့ စပိန်သားဟာ ၂၀၁၈ခုနစ်မှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။  မှတ်တမ်းတွေထက် အခိုက်အတန့်တွေများတဲ့သူလို့ပဲဆိုရမှာပါ။

ဘယ်သန်လား ညာသန်လားဆို ခွဲခြားမရသူ ၊ ဘောလုံးကို မှော်၀င်စွာ ကစားနိုင်စွမ်းရှိသူ ၊ဖရီးကစ်တွေ လှပတဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးရယူတတ်သူ ကာဇိုလာဟာ ဆိုးဝါးတဲ့ ဒဏ်ရာပြဿနာတွေကြောင့် အာဆင်နယ်ကစားသမားဘ၀နောက်ဆုံးရာသီမှာ ရုန်းကန်ခဲ့ရပြီး အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါဘူး။  ဒါပေမယ့် ပရိတ်သတ်တွေထံကတော့ ထွက်ခွာမသွားခဲ့ပါဘူး။

ဒီနောက်မှာတော့ သူဟာ အမ်းမရိတ်ကနေ ထွက်ခွာခဲ့ရပြီး ဗီလာရီးရဲလ်မှာ ကစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗီလာရီးရဲလ်ကနေ  လက်ရှိကစားနေတဲ့ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

အခုဆိုရင်တော့ ကာဇိုလာဟာ ကစားသမားဘ၀ အဆုံးသတ်ကို ရောက်ရှိဖို့ နီးစပ်နေပါပြီ။ ကစားသမားဘ၀ကနေ အနားယူပြီးနောက် အာဆင်နယ်ကို ပြန်လာချင်တယ်လို့ ကာဇိုလာက ၀န်ခံလာခဲ့ပါတယ်။

ဒါပေါ့ဗျာ ကျွန်တော် အာဆင်နယ်ကို ပြန်လာချင်ပါတယ်။ အသင်းက ကျွန်တော့်အကြောင်း စဉ်းစားမိတဲ့အထိတော့ စောင့်ရမှာ‌‌ပေါ့။ နည်းပြတစ်ယောက်အနေနဲ့၊ ဒါမှမဟုတ် အားကစားဒါရိုက်တာ တစ်ယောက်အနဲ့ ဖြစ်ဖြစ် တစ်နေရာရာမှာ အသင်းအတွက် ကျွန်တော်ကူညီနိုင်တာ ရှိရင် ကူညီချင်ပါတယ်

အာတေးတားနဲ့ ဘယ်လို ဆက်ဆံရေးရှိလဲ ဆိုတာနဲ့ပတ်သက်ပြီးလည်း ကာဇိုလာက ခုလိုဆိုပါတယ်

ကျွန်တော် အာဆင်နယ်စရောက်တော့ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ခဲ့ဘူးဗျ

ပထမဆုံးနေ့မှာ သူ(အာတေတာ)က ကျွန်တော့်ကို ကြိုဆိုဖို့ ရှိနေခဲ့ပြီး ဒီနောက်မှာတော့ နေ့တိုင်းမှာ သူဟာ ကျွန်တော့်အတွက် အရမ်းကို အရေးပါခဲ့ပါတယ် (အာတေးတားနဲ့ကာဇိုလာတို့ဟာ စပိန်သားတွေ ဖြစ်ပါတယ်)”

ကာဇိုလာဟာ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဆိုးရွားတဲ့ ဒဏ်ရာပြဿနာတွေသာ မရှိခဲ့ရင် အသင်းရဲ့ ဂန္တ၀င်ကွင်းလယ်လူတစ်ဦးတောင် ဖြစ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း အာဆင်နယ်အပေါ် ကာဇိုလာ ဟာ သံယောဇဉ်ရှိနေဆဲ ဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကလည်း စပိန်သားကြီးကို ခုထိ သတိရနေဆဲပါပဲ။ 

လက်ရှိမှာ အသင်းရဲ့ မန်နေဂျာ ၊ လူငယ်အသင်းမန်နေဂျာနဲ့ အားကစားဒါရိုက်တာ ရာထူးတွေကို အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်တဲ့ အာတေးတား၊ အီဒူး၊ ဝီရှီးယား၊ မာတီဆက်ကာတို့က တာ၀န်ယူထားကြပါတယ်။ ကာဇိုလာအတွက်လည်း အသင်းမှာ နေရာတစ်နေရာ ရှိနေမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါဟာ Generation Legacy ဆိုတာကိုမျှော်လင့်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဆုလာဘ်တစ်ခုဖြစ်လာနိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: