ကြည်လင်နေပြီဖြစ်တဲ့ အိုဒီဂတ်ရဲ့ကောင်းကင်

ဝေဖန်မှုတသိုက်နဲ့စတင်ခဲ့တဲ့ ဂန်းနားလူငယ်လေးတွေဟာ တစ်ယောက်ပြီးတစ်ယောက် အကောင်းမြင်သူတွေပေါများလာခဲ့ပါပြီ။ အခုလဲ မန်ယူဂန္တဝင် ရီယိုဖာဒီနန်ဟာ အိုဒီဂတ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ပြောင်းလဲလိုက်ပြီလို့ ၀န်ခံလာခဲ့ပါတယ်။အာ‌တေတာက နော်ဝေးကွင်းလယ်လူကို အသင်းရဲ့ ကပ္ပတိန်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဖာဒီနန်ဟာ အိုဒီဂတ်ရဲ့ ဦးဆောင်နိုင်စွမ်းအပေါ် သံသယ၀င်ခဲ့ပါတယ်။ 

မန်ယူကွင်းလယ်လူဟောင်းဟာ အာတေတာရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး ကပ္ပတိန်လက်ပတ်ဟာ အိုဒီဂတ်အတွက် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်လာမယ်လို့ သံသယရှိခဲ့ပါတယ်။ ဖာဒီနန်နည်းတူ အသင်းရဲ့ ပရိသတ်တွေဟာလည်း အိုဒီဂတ်ဟာ ဂန်းနားလူငယ်တွေကို အကောင်းဆုံး ဦးဆောင်နိုင်ပါ့မလားဆိုတာ သံသယရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းဟာ ဒီရာသီမှာ ပုံစံကောင်းရနေပြီး World Cup Break မတိုင်မီ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဒုတိယနေရာက မန်စီးတီးကို ငါးမှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဝူဗာဟန်တန်နဲ့ ပွဲစဉ်မှာလည်း အိုဒီဂတ်ဟာ အသင်းရဲ့ အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး အဖိုးတန် အနိုင်သုံးမှတ်ကို ရယူပေးခဲ့ပါတယ်။ 

ဒါကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ပွဲအပြီး ၂ပွဲသာ အမှတ်လျော့ထားခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေအားလုံးကို အနိုင်ရထားခဲ့သလို ယူရိုပါလိဂ်မှာလည်း အုပ်စုဗိုလ်အနေနဲ့ ၁၆သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အိုဒီဂတ်ဟာလည်း ဒီရာသီသွင်းဂိုးခြောက်ဂိုးအထိ ရယူထားခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်နေပါတယ်။

Vibe with Five YouTube show မှာတော့  အာဆင်နယ်ကပ္ပတိန်လက်ပတ်ဟာ အိုဒီဂတ်အတွက် ၀န်ထုပ်၀န်ပိုးတစ်ခု ဖြစ်လာမလားဆိုတာ သံသယ၀င်ခဲ့ဖူးတယ်လို့ ဖာဒီနန်က ၀န်ခံခဲ့ပါတယ်။

အခြားသူတွေလိုပါပဲ အိုဒီဂတ် ခုလိုမျိုး အသင်းကို ဦးဆောင်နေပြီး အကောင်းဆုံးအခိုက်အတန့်တွေ ပိုင်ဆိုင်ထားတာကို မြင်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဒီလိုကပ္ပတိန်လက်ပတ်ဟာ သူ့အတွက် ၀န်ထုပ်၀န်ပိုးတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဖြစ်ချင်လည်း ဖြစ်မယ် ၊မဖြစ်ချင်လည်း မဖြစ်ဘူး။ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော် ပြောခဲ့တာပါ

“ဒီလူငယ်လေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ မရှိတာကတော့ သူက ကလေးဘ၀ကတည်းက စူပါစတားတစ်ယောက် ဆိုတာပါပဲ။ သူ ၁၃ ၊ ၁၄လောက်ကတည်းက ကျွန်တော်တို့ သူ့ကို သိခဲ့ပါတယ်။ အခုဆိုရင် သူဟာ အာဆင်နယ်ရဲ့ ကပ္ပတိန်တစ်ယောက်အဖြစ် အသင်းကို အကောင်းဆုံး ဦးဆောင်နေပါပြီ” လို့ ဖာဒီနန်က အိုဒီဂတ်ကို ချီးကျူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလဲ ပေါလ်မာဆင် တစ်ယောက် သူ့ရဲ့ ဝေဖန်ချက်အတွက်ပြန်ပြီး ရုတ်သိမ်းခဲ့ရပါသေးတယ်။

အိုဒီဂတ်ရဲ့ နော်ဝေးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါ၀င်တာကြောင့် World Cup Break မှာ အာဆင်နယ်ကပ္ပတိန်ဟာ အသင်းနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒူဘိုင်းသွားရောက်မယ့် ခြေစမ်းပွဲခရီးစဉ်မှာတော့ အာတေတာ၊ အိုဒီဂတ်နဲ့ အခြားအသင်းသားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တဖြေးဖြေးနဲ့ အာဆင်နယ်ရဲ့ လူငယ်လေးတွေဆိုပြီးသတ်မှတ်ခဲ့ရသူတွေဟာ အခြေခံအုတ်မြစ် ၊ အမာခံအင်အားစုတွေဖြစ်လာခဲ့ပါပြီ။

Advertisement

Leave a Reply

%d bloggers like this: