အာဆင်နယ်မှာ ချန်ပီယံဖြစ်နိုင်တဲ့ စိတ်ဓာတ်မျိုး မရှိသေးဘူး – အိုဟားရား

ဇယားထိပ်မှာကတော့ ဒုတိယနေရာကို ၅ မှတ်ဖြတ်ထားခဲ့ပါပြီ။  “အာဆင်နယ်ဟာ ဒီဇင်ဘာပြီးရင် ပြိုလဲသွားလိမ့်မယ်” “အာတေးတားတို့ဟာ ရာသီကုန်ထိ ချန်ပီယံပြေးလမ်းကြောင်းမှ ရှိမှာမဟုတ်ဘူး” ဆိုတဲ့ ဝေဖန်သံတွေဟာ ဆူညံနေဆဲပါပဲ။ ဒီလိုဝေဖန်သူတွေထဲမှာ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ‌ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ဒီတစ်ကြိမ် ဂယ်ရီနဗီးလ်နဲ့ ပူးပေါင်းလာသူတွေကတော့ အိုးဟားရားပါပဲ။

အာဆင်နယ်ဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်ရှိနေပါပြီလို့ စိတ်ရင်းနဲ့ ချီးကျူးလာသူတွေ ရှိသလို အာဆင်နယ်ဟာ ချန်ပီယံဖြစ်ဖို့ ဘာတွေဘာတွေ လိုအပ်ပါသေးတယ်ဆိုပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပြုလုပ်ခဲ့သူတွေလည်း ရှိပါတယ် ။ 

လက်ရှိမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ငါးမှတ်ဖြတ်ထားခဲ့ပါတယ် ။ ဒါပေမယ့် တော့တင်ဟမ်ကစားသမားဟောင်းဖြစ်သူ ဂျေမီအိုဟားရားကတော့ မြို့ခံပြိုင်ဘက်ဟောင်းကို အသိအမှတ်ပြုဖို့ ခက်ဆဲနေတဲ့ ပုံစံပါပဲ။

အိုးဟားရားက အာဆင်နယ်မှာ ချန်ပီယံဖြစ်နိုင်တဲ့ စိတ်ဓာတ်မရှိသေးပဲ ပြီးခဲ့တဲ့ရာသီမှာ ချနါပီယံလိဂ်၀င်ခွင့် ဆုံးရှုံးခဲ့ရသလိုပဲ ဒီရာသီ နောက်ဆုံးသီတင်းပတ်တွေမှာ ချန်ပီယံပြေးလမ်းကြောင်းကနေ ချော်ထွက်သွားမယ်လို့ ဆိုလာခဲ့ပါတယ်။ အဆုံးသတ်မှာတော့ မန်စီးတီးက‌ပဲ ပရီးမီးယားလိဂ်ဖလားကို ထပ်မံရယူနိုင်လိမ့်မယ်လို့ တော့တင်ဟမ်ကစားသမားဟောင်းက ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ် အဲ့ဒီနေရာမှာ(အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ) ရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ရာသီကုန်ဖို့ တစ်လအကုန်အထိ အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေထဲမှာ ပါနေပါလိမ့်မယ်

သူတို့ မန်စီးတီးကို ကျော်ဖြတ်ပြီး ဘယ်အချိန်အထိ ထိပ်ဆုံးမှာ ရှိနေမလဲ၊ ချန်ပီယံဖြစ်ဖို့ ဘယ်လောက်ထိ နီးစပ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူတို့ အဲ့ဒီမှာ ရှိနေပါလိမ့်မယ်

“ကျွန်တော့်အထင် ဒီလိုရာသီကုန်ခါနီး အခိုက်အတန့်တွေမှာ မန်စီးတီးဟာ အတွေ့အကြုံပိုရှိတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ် ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ ကြိုးစားနေတုန်းက ဘာဖြစ်ခဲ့လဲ ခင်ဗျားတို့တွေ့တာပဲ။ သူတို့ ပြိုလဲသွားခဲ့တယ်”

သူတို့ ပြိုလဲသွားခဲ့တယ် ဒီလိုအရေးကြီးတဲ့ အချိန်တွေရောက်ရင် အရင်နဲ့မတူတဲ့ အာဆင်နယ်ဖြစ်သွားတာလား

လက်ရှိမှာ သူတို့ဟာ ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်နေတယိ ဒါဟာ မှန်ပါတယ်။ ဒါပေမယ့် ဘောလုံးရာသီရဲ့ နောက်ဆုံးလရောက်လာတဲ့အခါ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုး သူတို့မှ ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး လို့ အိုဟားရားက ဆိုပါတယ်။ အိုဟားရားဟာ ပြီးခဲ့တဲ့ရာသီတုန်းကလဲ  ဂန်းနားတို့ top 4 ဝင်ရင် အာဆင်နယ် အကျီဝတ်ပြမယ်ဆိုပြီး စိန်ခေါ်ခဲ့သေးသူဖြစ်ပါတယ်။ ဝေဖန်ဖို့အတွက်ဆိုရင် တကယ်ကို မြောက်လန်ဒန်ပြိုင်ဖက်ကောင်းပီသသူဖြစ်ပါတယ်။

လက်ရှိအာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နဲ့ မတူတော့တဲ့၊ အများကြီးတိုးတက်လာတဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာ အိုးဟားရားက သတိမပြုမိဟန်ပါပဲ။ ဝေဖန်သူတွေကို အသံတိတ်သွားစေဖို့ အောင်မြင်မှုထက် ပိုကောင်းတဲ့ လက်နက်မရှိတာကြောင့် အသင်းအနေနဲ့ ရာသီကုန်အထိ အောင်နိုင်စိတ်ကို မွေးထားနိုင်ဖို့ပဲ မျှော်လင့်ရပါတော့မယ်။

Advertisement

Leave a Reply

%d bloggers like this: