မီးရောင်တွေက မကြိုက်ကြတဲ့ကြယ်များ

ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ မာတင်နယ်လီ ရွေးချယ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းဟာ  လူတိုင်းအတွက် ၀မ်းသာစရာ မဖြစ်ခဲ့ပါဘူး။ ဖာမီနိုလို ကစားသမားက ချန်လှပ်ခံခဲ့ရပြီး မာတင်နယ်လီလို လူငယ်ကြယ်ပွင့်တစ်ယောက် ရွေးချယ်ခံခဲ့ရတဲ့အပေါ် မ‌ကျေနပ်သူတွေ အများအပြား ရှိခဲ့ပါတယ်။ တကယ်တော့ ဒီရွေးချယ်မှုကို ပြုလုပ်ခဲ့သူက မာတင်နယ်လီ မဟုတ်ပဲ ဘရာဇီးမန်နေဂျာ တစ်တီ ဖြစ်ပါတယ်။ တစ်တီဟာ မာတင်နယ်လီကို ရွေးချယ်ဖို့အတွက် ညပေါင်းများစွာ အိပ်ရေးပျက်ခံ စဉ်းစားခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝေဖန်တိုက်ခိုက်မှုတွေကတော့ မာတင်နယ်လီဆီ ခုလိုပဲ တန်းတန်းမတ်မတ်‌ ရောက်လာခဲ့ပါတယ်။ မာတင်နယ်လီကို ဘယ်သူမှ မသိဘူး” “အာဆင်နယ်က ချန်ပီယံယလိဂ်တောင် ကစားရတာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်သံအချို့ဟာ ကျယ်လောင်လာခဲ့ပါတယ်။ ဂန်းနား လူငယ်လေးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ၀င် ဘရာဇီးအသင်းမှာ ရွေးချယ်မခံရသင့်ဘူးလိူ့ ယူဆနေသူတွေ ရှိနေပါတယ်။

ဒါပေမယ့်  ဒီဝေဖန်တိုက်ခိုက်မှုတွေက မာတင်နယ်လီကို မတုန်လှုပ်စေခဲ့ပါဘူး။ ဒီအကြောင်းကို ESPN Brazil နဲ့တွေ့ဆုံမှုမှာ မာတင်နယ်လီက ခုလို ပြောပြလာခဲ့ပါတယ်။

ဒါက ပုံမှန်ပါပဲ၊ ဘရာဇီးလ်မှာရှိတဲ့  လူအချို့က ကျွန်တော့်ကို မသိပါဘူး။ ပြီးတော့ အခြားကစားသမားတွေဟာ လူစာရင်းမှာ ရှိနေဖို့ ထိုက်တန်တယ်လို့ ပြောနေကြတာကလည်း ပုံမှန်ပါပဲ။ ဒီလို ပြောဆိုမှု‌တွေနဲ့ ပတ်သက်ပြီး ကျွတော်ကတော့ တကယ်ကို အေးဆေးပါပဲ ဒါက ပုံမှန်ပဲလို့ ကျွန်တော်ထင်ပါတယ် 

ကျွန်တော် အသင်းမှာ ဘာတွေလုပ်နေလဲဆိုတာ ကျွနါတော်သိတယ်၊ ကျွန်တော်ရဲ့ အရည်အသွေးကိုလည်း ကျွန်တော်သိတယ် ကျွန်တော်ဘာလုပ်နိုင်လဲ ဆိုတာလည်း ကျွန်တော်သိပါတယ် ဒါ့ကြောင့် ဘရာဇီးလ်လက်ရွေးစင်အတွက် ကျွန်တော်အကောင်းဆုံး လုပ်သွားမယ်ဆိုတာလည်း အသေအချာပါပဲ။ အသင်းကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်အကူအညီပေးသွားမှာပါ။ ဒါဟာ ကျွန်တော့်အတွက် တကယ်မိုက်တဲ့ အတွေ့အကြုံတစ်ခုဖြစ်လာမှာပါ

ဝေဖန်မှုတွေကို မှားယွင်းကြောင်း သက်သေပြဖို့အတွက် အကောင်းဆုံးနည်းလမ်းက ပိုကြိုးစားဖို့ပါပဲ။ ဘရာဇီးလ်ရဲ့ မထင်မရှား အသင်းငယ်လေးတစ်ခုက လာခဲ့တဲ့ မာတင်နယ်လီဟာ ဒီလိုမျိုး အာဆင်နယ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်း တစ်ခူဖြစ်လာအောင် ၊ ကမ္ဘာ့ဖလားစင်မြင့်ထိ တက်လှမ်းလာနိုင်အောင် ဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ အပြောခံအဆိုခံဖြစ်နေတာ သူ့ချည်းပဲလဲမဟုတ်ပြန်ပါဘူး။ ဒီနှစ်တွေထဲ ဂန်းနားတွေကို ဝေဖန်သူတွေရဲ့ဆက်ဆံပုံကလည်း သြချရလောက်စရာတွေချည်းပါပဲ။

ဘရိုက်တန်ကလာတဲ့ ကစားသမား သန်း၅၀တဲ့လားကွာ” “ဒီကောင် ညာအစွန်ခံစစ်မှာ မကစားနိုင်ပါဘူးကွာ စတဲ့ ဝေဖန်သံတွေဟာ ဘန်ဝှိုက်နဲ့ သိပ်မစိမ်းလှပါဘူး။ ဘောလုံးသုတေသီတွေကြား ၊အာဆင်နယ်ပရိသတ်မဟုတ်တဲ့ ဘောလုံးပရိသတ်တွေကြား မှာ ဘန်ဝှိုက်က အမြဲလိုလို Underrated player တစ်ယောက်ဖြစ်ခဲ့တာပါ။

Advertisements

ပြီးခဲ့တဲ့ဘောလုံးရာသီ ၊ တိုမီယာဆု ဒဏ်ရာရနေတဲ့ ပွဲစဉ်အချို့မှာ ညာအစွန်ထွက်ကစားခဲ့ဖူးတဲ့ ဘန်ဝှိုက်ဟာ ဒီရာသီ၊ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း ညာအစွန်ခံစစ်မှာပဲ ပွဲထွက်လာခဲ့ပါတယ်။ ဆလီဘာကို ဗဟိုခံစစ်မှာ နေရာပေးဖို့ လိုအပ်သလို ဘန်ဝှိုက်ကိုလည်း မဆုံးရှုံးလိုတာကြောင့် ညာအစွန်ခံစစ် ထွက်ကစားစေခဲ့တဲ့ အာတေးတားရဲ့ အကြံဉာဏ်ဟာ အတော်လေး အဆင်ပြေခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ ညာအစွန်ခံစစ်မှာ တစ်ပွဲထက်တစ်ပွဲပိုပြီး အသားကျ ခြေစွမ်းပြနိုင်တာကို တွေ့မြင်နေရပါပြီ။ သူ့ရဲ့ ကြိုးစားမှုအတွက် ဆုလာဘ်က နောက်ဆုံးမှာတော့ ရောက်ရှ်လာခဲ့ပါပြီ။ ဂါရတ်ဆောက်ဂိတ်ဟာ ဘန်ဝှိုက်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ၀င် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်လိုက်ပါတယ်။ ဒီသတင်းကို ကြားသိရချိန်မှ အ၀တ်လဲခန်းထဲမှာ ဘန်ဝှိုက်ကို အသင်းဖော်တွေ ဘယ်လို ဂုဏ်ပြုခဲ့လဲဆိုတာ ရမ်ဒေးလ်က ခုလို ပြောပြလာခဲ့ပါတယ်။

ဘန်ဝှိုက် လူစာရင်းမှာ ပါတယ်ဆိုတာ ကျွန်တော်သိလိုက်ရချိန်မှာ ကျွန်တော်တို့သူ့အတွက် (ပျော်ပြီး) ‌ဆူညံအော်ဟစ်နခဲ့ကြပါတယ် ဘူကာယို ဆာကာ နဲ့ ကျွန်တော်တို့အတွက်လည်း အားလုံးက ပျော်ရွှင်ခဲ့ကြပါတယ်

ဒီသတင်းတွေကို သိလိုက်ရချိန် ပထမဆုံးတုံ့ပြန်မှုကတော့ ကျွန်တော်တို့ ဘန်ဝှိုက်အတွက် ဆူဆူညံညံ အော်ဟစ်နေခဲ့ကြတာပါပဲ။ သူက တကယ်ကို အထင်ကြီးစရာ ကောင်းခဲ့တာပါ။ ခံစစ်ညာအစွန်ဟာ သူ အဓိကကစားတဲ့နေရာ မဟုတ်ပေမယ့် အခုဆိ ဒီနေရာမှာ သူအကောင်းဆုံး ကစားပြနေပါတယ်

လက်ရှိ အင်္ဂလန်လူစာရင်းမှာလည်း ညာအစွန်ခံစစ်က ကစားသမားအချို့ ဒဏ်ရာရနေပါတယိ။ ဒီတော့ ဘန်ဝှိုက်ဟာ အာဆင်နယ်ကို ကူညီခဲ့သလိုမျိုး အင်္ဂလန်ကို ကူညီနိုင်မှာပါ လို့ ရမ်ဒေးလ်က ဆိုပါတယ်။

ရမ်ဒေးလ် ၊ ဆာကာ နဲ့ ဘန်ဝှိုက်တို့ သုံးယောက်ဟာ ကာတာကို အတူတူသွားရောက်ရတော့မှာ ဖြစ်ပါတယ်။ စမစ်ရိုးသာ ဒဏ်ရမရနေခဲ့ရင် ဂန်းနားလေးဖော်ကို အင်္ဂလန်ဂျာစီတွေနဲ့ တွေ့မြင်ခွင့် ရနိုင်လောက်ပါတယ်။

လူကြိုက်မများခြင်းဆိုတာ  ဂန်းနားလူငယ်တွေအတွက်များဖြစ်နေမလားပါပဲ။ သူတို့လုပ်ပြကြပါလိမ့်မယ်။ လုပ်မပြလဲ ရပါတယ်။ သူတို့ဟာ ပိတ်ထားတဲ့မျက်လုံးတွေအတွက် မဟုတ်ရင် အရည်အသွေးပေါ်လွင်ပြီးသား လူများပဲဖြစ်ကြပါတယ်။ ကြိုးစားမှုတွေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်ရောက်လာတဲ့ မာတင်နယ်လီ၊  စကားဝိုင်းတွေမှာ အမြဲကျန်နေတတ်တဲ့ ဘန်ဝှိုက်တို့ ကာတာမြေမှာ ကိုယ်စီ်အသင်းများနဲ့အတူ အောင်မြင်မှုတွေရဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: