ခုထက်ပို လှောင်ကြတာမျိုးအထိကျွန်တော်က လိုချင်ခဲ့တာပါ – ဆီးမန်း

ပြီးခဲ့တဲ့ သီတင်းပတ် ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ ပရိသတ်တွေအနေနဲ့ အူဘာမီယန်းကို ဒီထက်ပိုပြီး လှောင်ပြောင်ခဲ့သင့်တယ်လို့ အာဆင်နယ် ဂန္တ၀င်ဂိုးသမားကြီး ဒေးဗစ်ဆီးမင်းက ဆိုလာခဲ့ပါတယ်။ အူဘာနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေတွေကြောင့်လဲ ပွဲက ပွဲပြီး ကြွနေခဲ့ပါတယ်။

ဒီနှစ်အစမှာ ဘာစီလိုနာကို ထွက်ခွာသွားခဲ့တဲ့ ဂန်းနားကပ္ပတိန်ဟောင်းဟာ ပြီးခဲ့တဲ့နွေမှာတော့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အာဆင်နယ်အတွက် သွင်းဂိုးတွေ အများအပြား သွင်းယူခဲ့တဲ့၊ ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီးရခဲ့တဲ့ ၊ ဂန်းနားတွေရဲ့ ဂန္တ၀င်တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ခဲ့ရတဲ့ ကပ္ပတိန်ဟောင်းကြီးဟာ ခုလို အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ် ပရိသတ်ဟာ အံ့အားသင့်ခဲ့ရပါတယ်။ သံယောဇဉ်‌တွေ ရှိခဲ့တဲ့ တိုက်စစ်မှူးကြီးကို  အနီ‌ရောင်ဂျာစီအစား အပြာရောင်ဂျာစီထဲမှာ မြင်တွေ့ခဲ့ရတာဟာ သံယောဇဉ်မကုန်သေးတဲ့ ပရိသတ်အချို့အတွက် လွမ်းစရာ ဖြစ်နေခဲ့ပါသေးတယ်။

ဒါ့အပြင်  လန်ဒန်ဒါဘီ ပွဲစဉ်မတိုင်မီမှာ BT Sports ရဲ့ ပရိုမိုးရှင်းဗီဒီယိုတစ်ခုမှာ အူဘာမီယန်းက “ပုဂ္ဂိုလ်ရေးမပါဘူး ၊ ငါအခု အပြာရောင်ဖြစ်နေပြီ၊ အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့အသင့်ပဲ”လို့ ပြောခဲ့တာကြောင့်  သု့အပေါ်ထားတဲ့ အသင်းရဲ့ ပရိသတ်တွေရဲ့ လက်ကျန်သံယောဇဉ်ဟာ ကုန်ခန်းသွားခဲ့ရပါတယ်။

ဒါကြောင့် ဂါဘရီယယ်က အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် အူဘာမီယန်းအနားမှာ အောင်ပွဲခံခဲ့သလို ပွဲအပြီးမှာလည်း Twiiter မှာ ပုဂ္ဂိုလ်ရေးမပါဘူး လန်ဒန်က အနီရောင်ပဲ ဆိုပြီး အူဘာမီယန်းကို ‌လှောင်ပြောင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အူဘာမီယန်းကို လူစားလဲခဲ့ပါတယ်။ ဆီးမန်းကတော့ အာဆင်နယ်ပရိသတ်တွေရဲ့ လှောင်ပြောင်တာကို ခံနေရဖို့ ဂါဘွန်တိုက်စစ်မှူးဟာ ကွင်းထဲ ဒီထက်ပိုကြာကြာ ရှိခဲ့သင့်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်ပရိသတ်တွေ သူ့ကို ထိထိရောာက်ရောက် လှောင်ပြောင်တာမျိုး ကျွန်တော်လိုချင်ခဲ့တာပါ ကျွန်တော်တို့ ဂိုးသွင်းပြီး မကြာခင်မှာပဲ ကွင်းထဲကနေ သူထွက်သွားရတော့ ပရိသတ်‌တွေ အခွင့်အရေးမရလိုက်ဘူး ဖြစ်သွားတယ်။ အာဆင်နယ်ပရိသတ်တွေ အားလုံး အောင်ပွဲခံရင်း အလုပ်ရှုပ်နေတာကိုး လို့ ဂန်းနားဂန္တ၀င်ကြီးက ဆိုပါတယ်။

ပွဲအပြီးမှာတော့ BT Sports ရဲ့ Making Video တစ်ခုပြန်တက်လာကြတာကြောင့် ပရိတ်သတ်အများစုကတော့  commercial activity တစ်ခုအဖြစ်မြင်ခဲ့ကြပြီး အူဘာကို ခွင့်လွှတ်နိုင်ခဲ့ကြပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ဂန်းနားတို့ကတော့ ခက်ခဲတဲ့အနိုင်ပွဲနဲ့အတူ မျက်နှာပန်းလှခဲ့ကြပါတယ်။  ဂန်းနားကပ္ပတိန်ဟောင်း အူဘာဟာ ခြေစွမ်းလဲ မပြနိုင်ခဲ့ပါဘူး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: