သူက အမ်းမရိတ်ကို စိတ်အားထက်သန်မှုအပြည့်နဲ့ပြန်လာခဲ့တာပါ – ပီတစ်

ဒီရာသီမှာ ကျွန်တော်တို့ အပြောအများဆုံးခေါင်းစဉ်တွေထဲက တစ်ခုဟာ ဝီလီယံဆာလီဘာ ဖြစ်ပါလိမ့်မယ်။ အသက်၂၁နှစ်အရွယ် ဗဟိုခံစစ်ကစားသမားတစ်ယောက်က သူရဲ့ပထမဆုံး ပရီးမီးယးလိဂ်ရာသီမှာ ပြသထားခဲ့တဲ့ တည်ငြိမ်ရင့်ကျက်မှု ၊ ပါရမီ နဲ့ အရည်အသွေးတွေဟာ တကယ်ကို မယုံနိုင်စရာပါ။

ရာသီမစခင်တုန်းကတော့ သူက အသင်းမှာကစားချင်ရဲ့လား ၊ စိတ်က ပြင်သစ်ကိုပဲယိုင်နေတာလား ၊ တကယ်ရောအံဝင်ပါ့မလားဆိုတဲ့စကားတွေက ဆာလီဘာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဖြစ်ခဲ့တာပါ။ အခုတော့ ” သူဆက်ရှိနေအောင်လုပ်မှဖြစ်မယ် ” ဆိုတဲ့ခေါင်းစဥ်ရောက်ရှိလာပါပြီ။ ပရိတ်သတ်တွေနဲ့ကြားထဲက ဆက်နွယ်မှုဟာ လပိုင်းအတွင်းမှာပဲ အသွင်ပြောင်းခဲ့ပါပြီ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းကို ပေးဂိုးမရှိပွဲစဉ် ၆ပွဲအထိ ရှိလာခဲ့ပါပြီ။ ချဲလ်ဆီးနဲ့ ပွဲမှာ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တဲ့ ပြင်သစ်သားဟာ ဒီရာသီမှာ Man of The Match နှစ်ကြိမ်ရထားခဲ့ပါပြီ။ သွင်းဂိုးအနေနဲ့ကလည်း နှစ်ဂိုး၊ ဂိုးဖန်တီးမှု တစ်ကြိမ်ပါ ပြုလုပ်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၅ပွဲအထိ ကစားထားခဲ့ပါတယ်။

သူသာ ဒီပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ရာသီကုန်ကျ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ပစ်မှတ်ထားလို့ ရနေပါပြီ၊ အနည်းဆုံးတော့ ဆန်ကာတင်စာရင်း ၀င်လာဖို့ ရှိနေပါတယ်။ သူ့ကို ပြီးခဲ့တဲ့နွေမှာ ပြန်ရလိုက်တာဟာ အသင်းအတွက် ပေါင်သန်း ၅၀တန် ဗဟိုခံစစ်ကစားသမားကို ၀ယ်နိုင်လိုက်သလိုပါပဲ။

ရာသီအစမှာ ဖာဒီနန်လက်သစ်လို့ ချီးကျူးခံခဲ့ရတဲ့ ဆာလီဘာကို ဒီတစ်ကြိမ်မှာ ဂျွန်တယ်ရီနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးလာသူကတော့ အာဆင်နယ် နဲ့ ချဲလ်ဆီး ကစားသမားဟောင်းဖြစ်တဲ ပီတစ်ပါပဲ ကျွန်တော်သာ တိုက်စစ်ကစားသမားဆိုရင် သူနဲ့မရင်ဆိုင်ချင်ဘူး “ လို့ ဆိုလာခဲ့တဲ့ ပီတစ်က ဆလီဘာမှာ ဂျွန်တယ်ရီလို အ‌ရည်အသွေးတွေရှိနေတယ်လို့လည်း ချီးကျူးသွားခဲ့ပါတယ်။

ဝီလီယံ ဆာလီဘာဟာ သိပ်အံ့ဩဖို့ ကောင်းပါတယ် သူမှာ ဂျွန်တယ်ရီလိုမျိုး အရည်အသွေးတွေ ရှိနေပါတယ်။ သူဟာ အရမ်းရင့်ကျက်နေတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်ကို စိတ်အားထက်သန်မှုအများကြီးနဲ့ ပြန်လာခဲ့ပတယ် လူသားတစ်ယောက်‌အနေနဲရော ဘောလုံးသမားတစ်ယောက်အနေနဲ့ပါ သူဟာ အများကြီး တိုးတက်လာခဲ့ပါတယ် 

ချဲလ်ဆီးနဲ့ ပွဲမှာ ဆလီလာဟာ ကျောက်ဆောင်ကြီး တစ်ခုလိုပါပဲ ကျွန်တော်သာဆို သူကို ရင်ဆိုင်ရတဲ့ တိုက်စစ်မှူးတစ်ယောက် မဖြစ်ချင်ပါဘူး ဘာလို့လဲဆိုတော့ သူဟာ တကယ်ကို မာကျောပြီး သူ့ရဲ့ ယုံကြည်မှုကလည်း ကစားပွဲထဲမှာ စီး၀င်နေခဲ့ပါတယ် လို့ ပီတစ်က ဆိုပါတယ်။

လက်ရှိမှာ ဆာလီဘာကို စိတ်၀င်စားနေတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေ အများအပြားရှိနေပြီး အသင်းရဲ့တာ၀န်ရှိသူတွေသာ ပြင်သစ်လက်ရွေးစင်ခံစစ်မှူးကို အမ်းမရိတ်မှာ အကြာကြီးဆက်ရှိနေစေဖို့ စာချုပ်သစ်ကိစ္စ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အာတီတာ ကတော့ ဒီစာချုပ်သစ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အမြင်တွေ ရှိနေပါတယ်။

ပြောခဲ့ဖူးတဲ့စကားလိုပဲ ဆာလီဘာဟာ ပြိုင်ဖက်တိုက်စစ်မှုးတွေအတွက် အကြောက်တရားပါပဲ။ “ ငါတို့သူ့ကို ကျော်ပါ့မလား “ ဆိုတဲ့စိုးရိမ်မှုကို ဖြစ်စေတဲ့သူပါ။ ဒီကစားသမားဟာ အာဆင်နယ်မှာ အကြာကြီးရှိနေမှဖြစ်မှာပါ။ လာမယ့်နှစ်တွေမှာ ဥရောပထိပ်သီးဖြစ်ဖို့ တာစူနေပြီဖြစ်တဲ့အာဆင်နယ်အတွက် လက်ရှိကစားသမားတွေကို အသင်းမှာ ဆက်ရှိစေဖို့ကလည်း ကစားသမားသစ်ခေါ်ယူရေးနဲ့ထပ်တူအရေးကြီးပါတယ်။

Advertisement

Leave a Reply

%d bloggers like this: