ဂန်းနားပရိတ်သတ်တွေသိပြီးသားကိစ္စကိုပဲ ပြောလာပြန်တဲ့ ဖာဒီနန်

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်ဟာ ဂါဘရီယယ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချဲလ်ဆီး အနိုင်ရခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် မန်စီးတီး ခေတ္တရယူထားတဲ့ အမှတ်ပေးဇယား အဆင့်တစ်နေရာကို ၂၄နာရီမပြည့်သေးခင်မှာပဲ ဂန်းနားတွေဟာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ ဒီလိုမျိုး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို သီတင်းပတ်ပေါင်းများစွာ သိမ်းပိုက်ထားနိုင်လိမ့်မယ်၊ မန်စီးတီး၊လီဗာပူးလ်၊ မန်ယူ ၊ချဲလ်ဆီးတို့ရဲ့ အထက်မှာ ရှိနေမယ်လို့  ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။ ဒီရာသီကုန်မှာ အသင်းကို ချန်ပီယလိဂ်၀င်ခွင့်ဖို့ ၊ပြည်တွင်းဖလား သို့မဟုတ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆုဖလားအောင်မြင်မှု တစ်ခုရဖို့ပဲ အသင်းရဲ့ ပရိသတ်တွေဟာ မျှော်လင့်ခဲ့ကြတာပါ။

လက်ရှိမှာတော့  ပွဲစဉ် ၁၃ပွဲကစားပြီးချိန်၊ ပြိုင်ပွဲ သုံးပုံတစ်ပုံ ကျိုးလာချိန်မှာ အသင်းဟာ ၁၁ပွဲနိုင်၊ ၁ပွဲသရေ ၊၁ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေဆဲပါပဲ။  စပါး ၊ လီဗာပူးလ် ၊ချဲလ်ဆီး စတဲ့ ကြီးခြောက်ကြီးထဲက သုံးသင်းကိုလည်း ဆက်တိုက်အနိုင်ရထားခဲ့ပါတယ်။ ဒါ့ကြောင့် အသင်းရဲ့ ပရိသတ်တွေကတော့ အာတီတာ တို့ လူစု ချန်ပီယံဆုကို တကယ်ပဲ စိန်ခေါ်လာနိုင်တော့မှာလားဆိုတာ ရင်ခုန်နေကြပါပြီ။ သို့သော် အထိန်းအကွပ်မဲ့တော့မဟူတ်ပါဘူး။ ပရိတ်သတ်တွေကိုယ်တိုင် အချိန်မရွေးပြန်ကျသွားနိုင်တာကို သိထားပြီးသားဖြစ်ပါတယ်။

Advertisements

မန်ယူနောက်ခံလူဟောင်းဖြစ်တဲ့ ရီယိုဖာဒီနန်ကတော့ အာဆင်နယ် ပရိသတ်တွေကို လန်ဒန်ဒါဘီနိုင်ပွဲကြောင့် အသင်းအပေါ် အများကြီး မမျှော်လင့်ထားဖို့ သတိပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ ဗိုလ်စွဲနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ပြုလုပ်ဖို့ အရမ်းစောသေးတယ်လို့ သရဲနီဟောင်းကြီးက ယုံကြည်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိတ်သတ်တွေက ချန်ပီယံမျှော်နေကြပြီလို့ ထင်ကောင်းထင်နိုင်ပေမယ့် ၊ ဂန်းနားပရိတ်သတ်တွေကတော့ အသင်းရဲ့ တည်ဆောက်ရေးကာလအကြောင်းကို သတိကပ်နေကြဆဲပါပဲ။

ဒါပေမယ့် ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အာဆင်နယ်ဟာ ကစားပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်ရလဒ်အတွက် တကယ်ကို ကြိုးစားကစားခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဂရေဟမ်ရဲ့ ချဲလ်ဆီးမှာ ရိစ်ဂျိမ်း၊ ချေးလ်ဝဲ တို့လို အဓိကကစားသမားတွေ ဒဏ်ရာရနေတာကိုလည်း ဖာဒီနန်က ထောက်ပြခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ချဲလ်ဆီးကို ဘောလုံးမရအောင် ထိန်းချုပ်သွားခဲ့တာက တကယ်ကို next level ဆိုတာပါပဲ ဒါဟာ အသင်းကို မန်နေဂျာက ဘယ်လိုနည်းပြနေတယ်၊ နည်းပြရဲ့လက်အောက်မှာ ကစားသမားတွေက ဘယ်လိုကြိုးစားနေလဲဆိုတာ ပြသပါတယ်

ချဲလ်ဆီးမှာတော့ လူမစုံခဲ့ပါဘူး ရိစ်ဂျိမ်း ချေးလ်ဝဲ ကူလီဘလီ ၊ဖိုဖာနာ ကန်တီတို့ မပါ၀င်ခဲ့ဘူး။ပွဲထွက်လူစာရင်းမှာ အဓိကကစားသမား ၆ယောက်လောက် ပျောက်သွားခဲ့တာပါ။ အာဆင်နယ်ကစားခဲ့တဲ့ပုံစံကို ကျွန်တော် အရမ်းအထင်ကြီးပါတယ်။

ဒါပေမယ့် အမှန်တရားကိုတော့ မြင်အောင်ကြည့်ဖို့ လိုပါလိမ့်မယ်။ အာဆင်နယ်ဟာ အခု တကယ်ကို တိုက်ပွဲ၀င်နေတဲ့ အသင်းတစ်သင်းပါ ၊ဒါပေမယ့် ချဲလ်ဆီးရဲ့ အဓိကလူစာရင်းနဲ့ သူတို့ယှဉ်ပြိုင်ခဲ့ရတာ မဟုတ်ပါဘူး လို့  ဖာဒီနန်က ဆိုပါတယ်။

အခုလိုသတိပေးခဲ့တာက အပြုသဘောဆောင်ပေမယ့် ဂန်းနားပရိတ်သတ်တွေကလည်း  အသင်းကို ထိပ်ဆုံးအဖြစ် မြင်နေကြတယ်လို့ မထင်ပါဘူး။ အများစုသေား အားပေးသူတွေဟာ အသင်းရဲ့ တည်ဆောက်ရေးကာလမှန်းကောင်းကောင်းသိကြပါတယ်။ အခုလိုမျိုး Pundit တွေရဲ့ အာရုံစိုက်မှုကိုရရှိစပြုလာတာကိုလည်း အသင်းပရိတ်သတ်တွေအနေနဲ့ တိုးတက်မှုတစ်ခုအဖြစ်နားလည်ထားကြပြီးသားပါ။  ဆင်ပျံကြီးအဖြစ် ဟာသလုပ် စကားနိုင်ပြောနေကြပေမယ့် ပရိတ်သတ်တွေဟာ ကိုယ်အသင်းရဲ့ အနေအထားကို ယေဘူယျတော့နားလည်ထားကြပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: