“အာဆင်နယ်ဟာ ချဲလ်ဆီးကို အနိုင်ယူပါလိမ့်မယ် ” ဒါရင်းဘန့်

အာဆင်နယ် ပရိသတ်တဖြစ်လဲ၊ ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်က ဒီနေ့ည‌နေ၊ စတန်းဖို့ဒ်ဘရစ်ခ်ျ မှာကစားမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်ဟာ ချဲလ်ဆီးကို အနိုင်ယူနိုင်မယ့်မယ်လို့ ယုံကြည်နေပါတယ် ။ 

လက်ရှိမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ပွဲကစားထားခဲ့ပြီး ရမှတ် ၃၁မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးကတော့ လက်ရှိမှာ အာဆင်နယ်နဲ့ ၁၀မှတ်အကွာ အဆင့်၆နေရာမှာ ရပ်တည်နေပါတယ်။ 

မနေ့ညက  ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အာတီတာတို့ လူစုဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး‌နေရာကို ပြန်လည်သိမ်းပိုက်ဖို့ လန်ဒန်ဒါဘီကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။

အာဆင်နယ်ဟာ ရာသီကြို ခြေစမ်းပွဲမှာ ချဲလ်ဆီးကို (၄-၀)ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူထားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲစလုံးမှာလည်း အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်ဟာ လီဗာပူးလ်၊ စပါးတို့ကို အိမ်ကွင်းမှာ အနိုင်ယူထားခဲ့ပါတယ်။

ချဲလ်ဆီးကတော့ နည်းပြချုပ်သစ် ဂရေဟမ်ရဲ့ လက်အောက်မှာ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်မှု အချို့ ပြသထားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲမှာ ၂ပွဲနိုင်၊ ၂ပွဲသရေ ၊ ၂ပွဲရှုံးဆိုတဲ့ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘရိုက်တန်ကို (၄-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးဟာ လန်ဒန်ဒါဘီမှာ သိက္ခာပြန်ဆယ်နိုင်ဖို့ ကြိုးစားရမှာပါ။

ဒါရင်းဘန့်ကတော့ အာဆင်နယ်ဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပေမယ့် အနိုင်သုံးမှတ် အရယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။

Talk Sport ရဲ့ အားကစားအစီအစဉ်မှာတော့ ဒါရင်းဘန့်က

ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်က စတန်းဖို့ဒ်ဘရစ်ခ်ျကို သွားကစားပြီး ()နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ယုံကြည်မှု ရှိနေတယ်။ အာဆင်ဟာ ချဲလ်ဆီးအိမ်ကွင်းကို သွားပြီး အခက်အခဲ‌တွေ ဖြစ်စေမှာပါ

ဒါပေမယ့် ကျွန်တော်တို့ တွေ့ခဲ့တဲ့အတိုင်းပဲ ချဲလ်ဆီးဟာလည်း ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။ သူတို့ရဲ့ နောက်တန်းခံစစ်က အုတ်တံတိုင်းကြီးလို ရှိနေချိန်ကဆို ချဲလ်ဆီးဟာ အကြီးမားဆုံး ကစားပွဲတွေမှာ ရလဒ်ကောင်းတွေ ရခဲ့ပါတယ်၊ ဥပမာဆိုရရင် ချန်ပီယံလိဂ် ဖိုင်နယ်တွေပေါ့ လို့ဆိုပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ တော့တင်ဟမ်၊ ဖူလ်ဟမ်၊ ဘရန်ဖို့ဒ် စတဲ့ လန်ဒန်အခြေစိုက် အသင်းတွေနဲ့ တွေ့ဆုံခဲ့ရမှာ ပွဲတိုင်းကို အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတို့အောင်ပွဲခံမယ့်ညအဖြစ်လဲ ရေပန်းစားနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: