အာတီတာပြောပြခဲ့တဲ့ အူဘာမီယန်း နဲ့ ချဲလ်ဆီး အကြောင်း

ဇူးရစ်ခ်ျကို အနိုင်ရပြီး အမြှောက်တပ်သားတွေ အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ပွဲစဉ်အပြီး ၊ မီဒီယာတွေဟာ အာတီတာကို  အူဘာမီယန်း အကြောင်း ၊ လာမယ့် သီတင်းပတ်မှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးနဲ့ ပွဲစဉ်အကြောင်းတွေကို မေးမြန်းလာခဲ့ပါတယ်။

အာတီတာ ဘာတွေပြန်ဖြေခဲ့လဲဆိုတာ အသင်းရဲ့တရား၀င် မီဒီယာ အင်တာဗျုးကနေ ‌ကောက်နှုတ်တင်ဆက်လိုက်ရပါတယ်။

ချဲလ်ဆီးရဲ့ လက်ရှိပုံစံအပေါ်

“သူတို့ဟာ တကယ်ကို တည်ငြိမ်မှု ရှိနေခဲ့တာပါ ။ ဂရေဟမ် မန်နေဂျာ ဖြစ်လာခဲ့ပြီးကတည်းက ချဲလ်ဆီးရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ဂရေဟမ်ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ တွေ့နိုင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေမှာ ဖြစ်ပြီး ဒီပွဲအတွက် ဒီညကစပြီး ပြင်ဆင်သွားမှာပါ “

ဂရေဟမ် ချဲလ်ဆီးမန်နေဂျာ ဖြစ်လာတော့ ဘာတွေ ပြောင်းလဲသွားခဲ့လဲ

“ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးကို ဘယ်လိုအတွေးအမြင်နဲ့ တည်ဆောက်ထားလဲဆိုတာ ခင်ဗျားတို့ တွေ့နိုင်တာပဲ၊ ဘရိုက်တန်နဲ့ သူလုပ်ပြခဲ့သလိုပေါ့”

တနင်္ဂနွေနေ့အတွက် အသင့်ဖြစ်နေပြီလို့ အူဘာမီယန်း ပြောခဲ့တဲ့ အပေါ်

” ကစားသမားတွေက ဒီလိုပဲ ပြုမူတတ်ပါတယ် ။ ကျွန်တော့်ကစားသမားတွေထဲက ဘယ်သူ့ကိုမဆို ဒီလို ဘယ်လိုခံစားရလဲဆိုတာ မေးမယ်ဆိုရင် သူတို့လဲ အူဘာမီယန်းလိုပဲ ဖြေကြပါလိမ့်မယ်”

အဆုံးသတ်မှာ အူဘာမီယန်းကိစ္စကို စီမံခန့်ခွဲခဲ့ရတာဟာ စိန်‌ခေါ်မှု တစ်ခုဖြစ်ခဲ့လား

“ဘာမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့တယ်၊ ဆွေး‌နွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ အကြားမှာ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်”

တနင်္ဂနွေမှာ အူဘာမီယန်းက ဘယ်လောက်ထိ အန္တရာယ်ရှိလာမလဲ

“အရမ်းကို အန္တရာယ်များပါတယ်၊ အူဘာမှာ အရည်အချင်းတစ်ခု ရှိတယ်ဆိုရင် ဘောလုံးကို ဂိုးပေါက်ထဲ ထည့်နိုင်တာပါပဲ။ ဘောလုံးကစားရတာ တော်လောက်ပြီ ၊ နားပြီလို့ တွေးတဲ့အချိန်အထိ ဂိုးတွေသွင်းနေမယ့် သူမျိုးပါ”

အူဘာမီယန်းကို ဘယ်လိုရပ်တန့်နိုင်မလဲ

“ချဲလ်ဆီး အသင်းလုပ်နိုင်စွမ်းရှိတဲ့ အရာ အားလုံးကို ကျွန်တော်တို့ အရင်ကြည့်ရမှာပါ။ ပြီးရင်တော့ အူဘာဂိုးသွင်းမှာကို ရှောင်ရှားနိုင်ဖို့ပါ အသင်းရဲ့ ပြင်ဆင်မှုထဲ ထည့်ဖို့ ကြိုးစားရမှာပေါ့”

ချဲလ်ဆီးကို အနိုင်ရဖို့ ဘယ်အရာက သော့ချက်ဖြစ်လာမလဲ

“သူတို့ထက် ပိုကောင်းအောင် ကစားဖို့ပါပဲ ။အနိုင်ရဖို အခွင့်အရေးကို အရယူရမယ်၊ တစ်ဂိုးထက် ပိုသွင်းရမယ် ၊ဒါဆိုရင်တော့ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရလိမ့်မယ်ဆိုတာ သေချာပါတယ်”

ဂန်းနားတို့အနေနဲ့ ဇယားထိပ်မှာဆက်ရှိနေဖို့ဆိုရင် အခုပွဲကို အနိုင်ကစားဖို့လိုအပ်နေပါတယ်။ အဓိက ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကတော့ ပုံစံကောင်းတစ်ခုမှာရှိနေလို့ ရလဒ်ကောင်းတွေရမလားဆိုတာ စောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်။ အထူးသဖြင့် ဂိုးပေါက်ပျောက်နေတဲ့ ဂျေးဆူပါပဲ။ သူဟာ အခုပွဲမှာပေါက်ကွဲလာနိုင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: