Post Match Article – ယူရိုပါလိဂ်ညက ဂန်းနားများ

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်နောက်ဆုံး ပွဲစဉ်တွေမှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းအမ်းမရိတ်မှာ ဇူးရစ်ခ်ျကို (၁-၀) ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အုပ်စုပထမနဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို့တော့ ကီရန်တီယာနေးက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲက လွယ်ကူတဲ့ပွဲမဟုတ်သလို ပရိတ်သတ်တွေအပြည့်အဝကျေနပ်ကြတဲ့ပွဲလဲမဟုတ်ခဲ့ပါဘူး။ အထူးသဖြင့်  ဂျေးဆူကို ခုထက်ပိုပြီး မှတ်တမ်းကောင်းရချင်တဲ့သူတွေများကြမှာပါ။ ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ရလဒ်တော့ရခဲ့ပြီမို့ ကျေနပ်ရမှာပါပဲ။

အမြှောက်တပ်သားတွေ အောင်ပွံခံနိုင်ခဲ့တဲ့ အမ်းမရိတ်ရဲ့ ယူရိုပါလိဂ်ညကနေ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် (၆)ချက်ကတော့

()လန်ဒန်ဒါဘီက အဓိက

လာမယ့် weekendမှာ စတန်းဖိုဒ်ဘရစ်ကို သွားရောက်ပြီး ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲစဉ် ကစားရဖို့ ရှိနေတာကြောင့် အာတေးတားဟာ ဒီပွဲစဉ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ရှာကာ ၊ ပါတေး ၊ တိုမီယာဆု ၊ ဆလီဘာ ၊ အိုဒီဂတ်၊ မာတင်နယ်လီ တို့ကို အနားပေးခဲ့ပါတယ်။

ဂျေးဆူ ၊ဂါဘရီယယ် ၊ ဘန်ဝှိုက်နဲ့ ရမ်ဒေးလ်တို့ကို အသုံးပြုခဲ့ပြီး ဆာကာရဲ့နေရာမှာ နယ်လ်ဆင်ကို ပွဲထုတ်ခဲ့ပြီး အန်ကက်တီးယားကို ညာတောင်ခံတိုက်စစ်မှာ ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အယ်လ်နီနီက လိုကွန်ဂါနဲ့ တွဲဖက်ပြီး ကစားသွားခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာတော့ ဗီအဲရာကို အသုံးပြုခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာတေးတားဟာ အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့အတွက် ပွဲချိန် မိနစ် ၆၀‌ကျော်မှာ ပါတေး၊ အိုဒီဂတ် ၊ ဆာကာတို့ကို ထည့်သွင်းခဲ့ပြီး ဂျေးဆုကို အနားပေးခဲ့ပါတယ်။သတင်းကောင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ဆာကာဟာ ဒီပွဲစဉ်မှာ လူစား၀င်ကစားနိုင်ချဲ့ာကြောင့် ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ပါ၀င်နိုင်ဖို့လည်း သေချာသွားခဲ့ပါပြီ။ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အယ်လ်နီနီကလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါ၀င်လာခဲ့ကို တွေ့ရပါတယ် 

()အုပ်စုဗိုလ်ဖြစ်ဖို့ လိုအပ်ခဲ့တဲ့ အနိုင်သုံးမှတ်

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပီအက်စ်ဗွီကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်ဟာ  အုပ်စုပထမနေရာအတွက် ဒီပွဲစဉ်ကို အနိုင်ယူဖို့ လိုအပ်ခဲ့ပါတယ်။ ဒီပွဲကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အုပ်စုဗိုလ်နေရာကို ပီအက်စ်ဗွီဆီ လွှဲပြောင်းပေးလိုက်ရမှာ ဖြစ်ပေမယ့် အနိုင်ရခဲ့တာကြောင့် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စု ဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့မယ်ဆိုရင် ၃၂သင်းအဆင့်မှာ ချန်ပီယံလိဂ် တတိယနေရာကနေ ဆင်းလာတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ကို ဆင်းလာတဲ့ အသင်းတွေထဲ ဘာစီလိုနာ၊ အက်သလက်တီကို နဲ့ ဂျူဗင်တပ်တို့ပါ၀င်နေတာကြောင့် အာဆင်နယ်ဟာ ဖေ‌ဖော်ဝါရီလမှာပွဲကြပ်တွေ ကစားရမယ့်၊ ပွဲပိုနှစ်ပွဲ ကစားရမယ့် အဖြစ်ကိုလည်း ရှောင်လွှဲနိုင်ခဲ့ပါတယ်။

() အိမ်ကွင်း ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ခြင်း 

 အာဆင်နယ်ဟာ ဒီရာသီမှာ ပရိသတ်တွေရဲ့ အံဩဖို့ကောင်းတဲ့ အားပေး၀န်းရံမှုတွေနဲ့အတူ  အိမ်ကွင်းမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အသင်းဟာ  ဒီရာသီ အိမ်ကွင်း အမ်းမရိတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တိုင်းကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ၃ပွဲစလုံးမှာ အာဆင်နယ်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ မနေ့ညကပွဲစဉ်မှာ  မတ်တာနာ ဒဏ်ရာရနေတာကြောင့် ရမ်ဒေးလ်က ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရမ်ဒေးလ်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ Clean sheet ‌ခြောက်ကြိမ်အထိ ရယူထားခဲ့ပြီးပါပြီ။

Advertisements

()ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တဲ့ တိုမီယာဆု

ကမ္ဘာ့ဖလားပြိုင်ပွဲနား နီးလာတာနဲ့အမျှ ဘယ်ကစားသမားတော့ ဒဏ်ရာရသွားပြီ၊ ဘယ်သူတော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတော့မယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှ ကြားနေရပါတယိ။ ဥရောပဘောလုံးပြိုင်ပွဲတွေ ကျင်းပနေချိန် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြားဖြတ်ကျင်းပခဲ့တဲ့ အကျိုးဆက်ကြောင့် နာမည်ကျော် ကစားသမားအများအပြားဟာ ဒီပြိုင်ပွဲနဲ့ လွဲချော်ရဖို့ ရှိနေပါတယ်။

ဒီပွဲမှာ တိုမီယာဆုဟာ ပွဲထွက်၁၁ယောက်လူစာရင်းမှာ မပါ၀င်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘန်ဝှိုက်နဲ့ လူစားလဲ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာတော့ ဂျပန်သားကြီးဟာဒဏ်ရာရသွားခဲ့တာကြောင့် စီဒရစ်နဲ့ လူစားလဲပြီး ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ တိုမီယာဆုရဲ့ ဒဏ်ရာက ဘယ်လိုအခြေအနေရှိလဲဆိုတာ ဒီစာကို ရေးနေတဲ့ အချိန်အထိတော့ သေချာမသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရာသီမှာလည်း ခြေသလုံးဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ ဂျပန်သားကြီးဟာ ဒီတစ်ကြိမ်မှာလည်း ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရသွားတာဆိုရင် သီတင်းအတန်ကြာ အနားယူရတော့မှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆက်လက်လွဲချော်ရဖို့ ရှိနေပါတယ်။

() ဂိုးမိုးခေါင်နေဆဲ ဖြစ်တဲ့ ကျောနံပါတ် ၁၄

ပြီးခဲ့တဲ့နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့  အန်ကက်တီးယားဟာ အမ်းမရိတ်ကနေ ထွက်ခွာသွားမယ်လို့ အားလုံးကထင်နေခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အင်္ဂလန် ယူ၂၁ စံချိန်တင်ဂိုးသွင်းရှင်ဟာ  အာတီတာ ရဲ့ စည်းရုံးနားချမှုကြောင့် အသင်းမှာ ဆက်‌ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်ကက်တီးယားဟာ ဒီရာသီမှာတော့ ချီူကျူးရလောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပဲ သွင်းဂိုးတွေ ရယူဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ပြီးခဲ့တဲ့  အောက်တိုဘာအစမှာ ကစားခဲ့တဲ့ ဘိုဒိုဂလင့်ခ်ျနဲ့ ပွဲစဉ်မှာ နောက်ဆုံးဂိုးသွင်းခဲ့တာဖြစ်ပြီး ယခုလက်ရှိအချိန်ထိတော့ ပသင်းရဲ့ ကျောနံပါတ် ၁၄ဟာ ဂိုးပေါက် ပျောက်ဆုံးနေဆဲပါပဲ။ 

ဒါကြောင့် ဇူးရစ်ခ်ျနဲ့ ပွဲအပြီးမှာ ဂိုးမိုးခေါင်နေတဲ့ အန်ကက်တီးယားကို ပရိသတ်တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ဒီရာသီ အသင်းအတွက် ၁၆ပွဲကစားပြီးချိန်မှာ ၂ဂိုးသွင်း ၊ ၁ဂိုးသာဖန်တီးနိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်‌ရည်တွေအပေါ် ပရိသတ်ဟာ အတော်လေး စိတ်ပျက်နေပါပြီ။

()လန်ဒန် ဒါဘီအတွက် အဓိကကစားသမားတွေကို အနားပေးခဲ့တဲ့ အာတီတာ

လာမယ့် တနင်္ဂနွေနေ့မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချဲလ်ဆီးရဲ့ အိမ်ကွင်းကို အာဆင်နယ်ဟာ သွားရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် အာတီတာ ဟာ ဒီပွဲစဉ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသင်းရဲ့ အဓိကကစားသမားတွေထဲက  ဂျေးဆူ  ၊ဂါဘရီယယ် ၊ ဘန်ဝှိုက်နဲ့ ရမ်ဒေးလ်တို့ကို အသုံးပြုခဲ့ပြီး ရှာကာ ၊ ပါတေး ၊ တိုမီယာဆု ၊ ဆလီဘာ ၊ အိုဒီဂတ်၊မာတင်နယ်လီ တို့ကို အနားပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကစားပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ပွဲချိန် မိနစ် ၆၀‌ကျော်မှာ ပါတေး၊ အိုဒီဂတ် ၊ ဆာကာတို့ကို ထည့်သွင်းခဲ့ပြီး ဂျေးဆုကို အနားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ဆာကာဟာ ဒီပွဲစဉ်မှာ လူစား၀င်ကစားနိုင်ခဲ့သလို ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ အယ်လ်နီနီကလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါ၀င်လာလဲ့ပါတယ်။

(၆) ပရိတ်သတ်တွေအသဲနှလုံးထဲ ရောက်သည်ထက်ရောက်လာတဲ့ ရေခဲလူသား

အရင်ကထဲက ရင်ထဲက အသဲခေါင်းဆောင်ဖြစ်ခဲ့တဲ့ တီယာနေးဟာ အသွင်သစ်နဲ့ ပြန်လာနေပုံပါပဲ။ တိုက်စစ်ကို လိုက်ပါပုံပိုပြီးကောင်းလာသလို ဇင်ချန်ကိုနဲ့ တိုမီယာစုတို့ ဆီကို ပေးထားရတဲ့ နေရာကိုပြန်ယူတော့မယ့်ပုံပါ။ ဒီကြားထဲမှာ ကစားပုံရိုးစင်းတာ ၊ မကြာခန အနားယူရတာတွေကြောင့် ပရိတ်သတ်တွေက သိပ်ပြီးမနှစ်သက်ကြပေမယ့် အခုအချိန်မှာတော့ လိုအပ်ချက်တွေကိုပြုပြင်ကာ ခြေစွမ်းပြနေပြီဖြစ်ပါတယ်။ ယူကရိန်းသား ဇင်ချန်ကိုအတွက်သတိပေးသံဖြစ်သလို အသင်းအတွက်ကိုလည်း ကြီးမားတဲ့အင်အားတရပ်ဖြစ်လာခဲ့ပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: