ဒီရာသီဘယ်လောက်လုပ်မယ်ဆိုတာကြိုတွေးထားပါတယ် -မာတင်နယ်လီ

ဇူးရစ်ခ်ျကို အမ်းမရိတ်မှာ လက်ခံရင်ဆိုင်ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်မတိုင်မီမှာ မာတင်နယ်လီဟာ အသင်းရဲ့ မီဒီယာနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာတော့ ဘရာဇီးလ်သားလေးဟာ သူ့ရဲ့ တစ်ကိုယ်ရည် ရည်မှန်းချက်တွေ နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါ၀င်ခွင့်ရဖို့ ဆိုတဲ့ အိပ်အက်တွေ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဖောင်တိန်တစ်ချောင်းပဲ လိုပါတယ်ဆိုတဲ မာတင်နယ်လီ ဘာတွေ ပြောခဲ့လဲဆိုတာ အသင်းရဲ့ တရား၀င်၀က်ဆိုက် Arsenal.com ကနေ သင့်လျော်သလို ကောက်နှုတ်တင်ဆက်လိုက်ရပါတယ်။

ဖောရက်စ်နဲ့ပွဲစဉ်မှာ အံ့ဩဖို့ကောင်းတဲ့ ခေါင်းတိုက်သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီးတဲ့နောက် မာတင်နယ်လီရဲ့ ဒီရာသီသွင်းဂိုးအရေအတွက်ဟာ ငါးဂိုးအထိ ရှိလာခဲ့ပြီး အသင်းရဲ့ လက်ရှိရာသီ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ဘူကာယိုဆာကာ၊ ဂါဘရီရယ် ဂျေးဆူတို့နဲ့ အတူ ရပ်တည်နေပါတယ်။

 အသက် ၂၁နှစ်အရွယ် ကစားသမားလေးဟာ ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ပဲ လိဂ်ရဲ့ စိတ်၀င်စားဖို့ အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် ရာသီကုန်အထိ သွင်းဂိုးဘယ်လောက်သွင်းမယ်၊ ဘယ်နှစ်ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်မယ်လို့ ရည်မှန်းထားတဲ့ ကိန်းဂဏန်းတွေ သူရဲ့ရင်ထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ကျွန်တော် အများကြီး ပြောပြမှာတော့ မဟုတ်ပါဘူး။ဒါပေမယ့် ရာသီမစခင်၊ အဖေနဲ့စကားပြောရင်း ကျွန်တော် ဒီရာသီမှာ ဂိုးဒီလောက်ပမာဏ သွင်းမယ် ဂိုးဖန်တီးမှု ဒီလောက်လုပ်မယ်လို့ ပြောပြခဲ့ပါတယ် ဒီတော့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဒီကိန်းဂဏန်းတွေ အမြဲ ရှိနေပါတယ် ဒီကိန်းဂဏန်းတွေ ရအောင် ကျွန်တော် ကြိုးစားသွားမှာပါ

Advertisements

ကျွန်တော် အခုထိ ကောင်းကောင်းလုပ်နေနိုင်ပါတယ်၊ ရာသီကုန်မှာတော့ ဒီကိန်းဂဏန်းတွေထိရောက်အောင် ကျွန်တော်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘရာဇီးလ်ရဲ့ အသင်းငယ်လေးတစ်ခုကနေ အာဆင်နယ်အတွက် ကစားဖို့ ကျွန်တော်ရောက်လာခဲ့တယ်၊ ဒီတော့ ဒါက တကယ်ကို ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဒီထက်တိုးတက်လာဖို့ ဒီမှာ ကစားရဖို့ ကျွန်တော် အပြောင်းအလဲတွေ အများကြီး လုပ်ရမယ်ဆိုတာ သိခဲ့ပါတယ်

အသင်းကို ရောက်ခဲ့တဲ့ ပထမဆုံးနေ့မှာကတည်းက diet လုပ်၊ gym မှာ ကျွန်တော်လုပ်ဖို့ လိုတာတွေ လုပ်ရင်းနဲ့ မှန်ကန်တဲ့ အရာတွေကို လုပ်နိုင်ဖို့ အမြဲ ကြိုးစားနေခဲ့ပါတယ်။ ဒီထက်တိုးတက်လာဖို့ နောက်လည်း အမြဲကြိုးစားသွားမှာပါ။ ဒီနေ့မှာတောင် ကျွန်တော်မှာ ပိုတိုးတက်လာအောင် လုပ်ရမယ့် အရာတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်၊ ကျွန်တော်ရဲ့ အကောင်းဆုံးပုံစံမှာ ရှိအောင် ကြိုးစားသွားမှာပါ

ဒီရက်ပိုင်းဟာ မာတင်နယ်လီအတွက် တကယ်ကို အရေးကြီးတဲ့ နေ့စွဲတွေပါပဲ။ အုပ်စုဗိုလ်နေရာအတွက် ဇူးရစ်ခ်ျနဲ့ ကစားပြီးရင် တနင်္ဂနွေနေ့မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချဲလ်ဆီးရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ‌တော့ ကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်လက်ရွေးစင် အသင်းလူစာရင်းကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ မာတင်နယ်လီ ၊ ဂျေးဆူ နဲ့ ဂါဘရီယယ်တို့ သုံးယောက်လုံးဟာ မိခင်လက်ရွေးစင် အသင်းနဲ့အတူ ကာတာကို လိုက်ပါနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါ့ကြောင့် မာတင်နယ်လီဟာ တနင်္လာနေ့မတိုင်မီ  ဇူးရစ်ခ်ျ ၊ချဲလ်ဆီးတို့နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ပြီး တစ်တီရဲ့ ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းမှာ ပါ၀င်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ကျွန်တော်တို့ ဒီအကြောင်း အများကြီး ပြောခဲ့ပြီး ကျွန်တော်တို့ အားလုံး လူစာရင်းမှာ ပါ၀င်ပြီး ကမ္ဘာ့ဖလားမှာ ကစားချင်ပါတယ်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်တာက‌တော့ အာဆင်နယ်မှာ အလုပ်ကြိုးစားပြီး လူစာရင်းထဲပါနိုင်အောင် အကောင်းဆုံး ကြိုးစားသွားဖို့ပါပဲ

တနင်္လာနေ့မှာ ကြေညာမှာဆိုတော့ အခြားဘာလုပ်စရာ ရှိမလဲ ကြေညာတာကို ကျွန်တော်စောင့်နေဖို့ လိုတာပေါ့ မန်နေဂျာကို ဖုန်းဆက်ပြီး မေးလို့မရတော့ အိမ်မှာပဲ သူငယ်ချင်းနဲ့ စောင့်နေရမှာပေါ့ လို့ မာတင်နယ်လီက ဆိုပါတယ်။

ဇူးရစ်ချ်နဲ့ပွဲဟာလည်းသူ့ရဲ့ရေတွက်မှုပြုလုပ်နိုင်မယ့် နေ့တစ်နေ့ဖြစ်လာမလားကို နာရီပိုင်းလောက်ကျရင် အဖြေပေါ်တော့မှာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: