အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြပါတယ် – အာတီတာ

၂၀၀၆ခုနစ်မှာ အသင်းဟာ ဟိုက်ဘူရီကနေ အမ်းမရိတ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ဟာ အမ်းမရိတ်ရဲ့ ပြိုင်ပွဲစုံ(၄၄၉)ပွဲမြောက် ပွဲစဉ်ပဲ ဖြစ်ပြီး အာဆင်နယ်ဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ နော်တင်ဟမ်ဖောရက်စ်ကို ဂိုးမိုးရွာပြီး အနိုင်ယူခဲ့တာကြောင့် အမ်းမရိတ်နိုင်ပွဲ(၃၀၀)ပြည့်မြောက်ခဲ့ပါပြီ။ အမ်းမရိတ်မှာ ပြိုင်ပွဲစုံ ၄၄၉ပွဲကစားပြီးချိန်မှာ အသင်းဟာ ပွဲ ၃၀၀အနိုင်ရခဲ့ပြီး ၈၄ပွဲသရေကျ၊ ၆၅ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ အိမ်ကွင်းပွဲစဉ် ၈ပွဲကစား၊ ၈ပွဲစလုံး အနိုင်ရထားခဲ့ပါတယ်။ပွဲအပြီးမှာတော့ အာတီတာဟာ ကစားပွဲအကြောင်း၊ အိမ်ကွင်းမှာကစားရတဲ့အခါ ကစားသမားတွေမှာ ရှိတဲ့ ပျော်ရွှင်မှုတွေအကြောင်းကို အသင်းရဲ့ မီဒီယာနဲ့ ခုလို ဆွေးနွေးဖြေကြားခဲ့ပါတယ်။

ကြသပတေးနေ့က ရှုံးပွဲကို ဒီနေ့မှာ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့အပေါ်

“အရမ်းကောင်းပါတယ်၊ ကစားသမားတွေဟာ တကယ်ကို စိတ်ပိုင်းဖြတ်ထားခဲ့တယ်၊ တကယ်ကို အားမာန်ပါပါနဲ့ ကစားခဲ့တယ်၊ ကိုယ်လိုချင်တာရဖို့ ချီတုံချတုံဖြစ်မနေခဲ့ဘူး။ ဒီလိုကစားနိုင်မယ်ဆိုရင် ဒီလိုရလဒ်မျိုး ကျွန်တော်တို့ ပိုင်ဆိုင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရှုံးပွဲကို ဒီနေ့မှာ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် ပွဲအစကတည်းက ယုံကြည်ရလောက်တဲ့ နည်းလမ်းနဲ့ အစပြုနိုင်ခဲ့ပါတယ်။

ရီစ်နယ်လ်ဆင်အတွက် စပါယ်ရှယ်နေ့စွဲတစ်ခု ဖြစ်ခဲ့လား

“သူ့အတွက်၊ ကစားသမားတွေအတွက်၊ ၀န်ထမ်းတွေအတွက် အားလုံးက ဘယ်လောက်ပျော်နေလဲဆိုတာ ခင်ဗျား ခံစားနိုင်ပါတယ်။ သူက တကယ်တော်တဲ့ လူငယ်တစ်ယောက်ပါ။ သူရဲ့နေရာကို ပြန်ရဖို့ သူဟာ တိုက်ပွဲ၀င်နေပါတယ်။ အခုဆိုရင် သူရဲ့ အနာဂတ်ရည်မှန်းချက်‌တွေ ပြည့်၀ဖို့၊ သူ့ရဲ့ ခရီးစဉ်ဟာ သူ့ကို မှန်ကန်တဲ့နေရာမှာ ထားပေးလိုက်ပါပြီ။ ဒီနေ့မှာတော့ သူဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို စခဲ့ပါပြီ”

သူရဲ့ ရင့်ကျက်လာမှာအပေါ်

“သူ အများကြီး ပိုရင့်ကျက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘ၀မှာ အကြောင်းအရာတွေအများကြီးကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး ဒါတွေကို သူတုံပြန်ခဲ့တဲ့ ပုံစံကလည်း တကယ်ကို ကောင်းပါတယ်။ အခုဆို ဘောလုံးကို သူအာရုံစိုက်ထားပါပြီ။ သူဟာ အသင်းမှာ ရှိချင်ပြီး ကျွန်တော်တို့မှာ ရှိတဲ့ ထိပ်တန်းကစားသမားတွေနဲ့ သူဟာ ယှဉ်ပြိုင်ချင်နေပါတယ်။ ဒီနေ့ ဒါကို သူလုပ်ပြခဲ့ပြီးပါပြီ။ ကစားပွဲ အနိုင်ရဖို့ အသင်းကို သူဟာ ကူညီပေးခဲ့ပါတယ်”

 ဆာကာရဲ့ ဒဏ်ရာအပေါ် 

“သူ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့ပြီး သက်တောင့်သက်သာ မရှိခဲ့ပါဘူး။ သူ ဆိုးဆိုးရွားရွား အကန်ခံထားရတာ သေချာပါတယ်။ သူဆက်ပြီး မကစားနိုင်တော့တာကို ခင်ဗျားတို့အားလုံး တွေ့နိုင်ပါတယ်။ ဒီတော့ ဘယ်လို သတင်းဖြစ်မလဲဆိုတာ စောင့်ကြတာပေါ့”

ဒုတိယပိုင်းရလဒ်အပေါ်

“ဒါ ကစားသမားတွေအတွက် ပျော်စရာကောင်းတဲ့ အခိုက်အတန့်ပဲပေါ့။ သူတို့ ပျော်စရာတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကစားပွဲတွေ အများကြီး ကစားခဲ့တယ်၊ စိတ်ခံစားချက်တွေ အများကြီးရှိခဲ့တယိ။စီဒရစ်လိုမျိုး ကစားသမားအချို့ကိုလည်း ဒီနေ့မှာ အခွင့်အရေးပေးခဲ့တယ်။ သူဟာ ဒီရာသီမှာ ကစားခွင့်မိနစ်တွေ အများကြီး မရသေးပေမယ့် နေ့တိုင်းမှာ အကောင်းဆုံး ပုံစံတွေနဲ့ ကစားခွင့်ရဖို့ ကြိုးစားနေပါတယ် ။ အချို့ကစားသမားတွေ ကစားခွင့်မိနစ်တွေရခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်”

အမ်းမရိတ်မှာ နိုင်ပွဲ ၃၀၀ ပြည့်မြောက်ခဲ့တဲ့အပေါ်

“ရိုးရိုးသားသားပဲ ၀န်ခံရရင် တကယ်ကို ကောင်းမွန်လွန်းပါတယ်။ ကွင်းထဲကို ပြန်လာခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို ကစားရပိုလွယ်အောင်၊ ပိုရိုးရှင်းအောင် ကူညီပေးခဲ့ပြီး ကောင်လေးတွေကလည်း ဒီအကြောင်းပဲ ပြောနေကြပါတယ်။ အမ်းမရိတ်ကို လာပြီး ပရိသတ်တွေ ရှေ့မှာ ကစားရတာဟာ ပျော်ရွှင်မှုတစ်ခုပါပဲ တကယ်ပဲ ထူးခြားကောင်းမွန်တဲ့ အရာပါ”

Advertisements
Advertisement

Leave a Reply

%d bloggers like this: