“ဘုရားသခင်ကို ယုံကြည်တယ်၊ ကိုယ့်ကိုယ်ကိုယုံတယ်”  – နယ်လ်ဆင်နဲ့အင်တာဗျူး

မနှစ်က အသင်းရဲ့ရာသီအဖွင့်ပွဲစဉ်ပြီးနောက် ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်မှာ ပြန်ကစားခဲ့ရတဲ့ နယ်လ်ဆင်ဟာ အမ်းမရိတ်ရဲ့ ပရိသတ်တွေရှေ့မှာ သွင်းဂိုးတွေနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဖီယင်နော့ကို အငှားထွက်ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေမှာ အမ်းမရိတ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ နယ်လ်ဆင်ဟာ အောက်တိုဘာလအစမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီး အသင်းအတွက် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ၀င်ကစားခဲ့ပါတယ်။ တကယ်တော့ ရီးစ်ကို မျှော်လင့်ခဲ့ကြတဲ့ သူတွေထဲမှာ ကိုယ်လဲအပါအဝင်ပါပဲ။ ဖီယင်နုဒ်မှာလဲ​သူက အစပိုင်းအဆင်ပြေခဲ့တာမဟုတ်။ ဒါပေမယ့် အငှားကာလရဲ့အနှောင်းပိုင်းမှာ သူပြန်လာနိုင်ခဲ့တယ်။

မနေညက နော်တင်ဟမ်ဖောရက်စ်ကို (၅-၀)နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ဒဏ်ရာရသွားတဲ့ ဆာကာအစား လူစား၀င်လာခဲ့တဲ့ နယ်လ်ဆင်ဟာ အကောင်းဆုံးတောက်ပခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအခိုက်အတန့်ဟာ ပူပန်နေတဲ့ ဂန်းနားပရိတ်သတ်တွေအတွက်ရင်အေးစေတဲ့အချိန်ပါပဲ။

ပွဲအပြီးအင်တာဗျူးမှာတော့ နယ်လ်ဆင်က သူရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။

စွမ်းဆောင်ရည်အပေါ် ဘယ်လိုခံစားရလဲ

“ကျွန်တော်တို့ အံ့ဩဖိုကောင်းတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ပါတယ်။ ပွဲထဲပါ၀င်ခွင့်ရပြီး သွင်းဂိုးတွေ ရယူနိုင်ခဲ့တာကို ကျွန်တော်ပျော်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက‌တော့ အနိုင်သုံးမှတ် နဲ့ ကျွန်တော်တို့ပြခဲ့တဲ အသင်းရဲ့ပုံစံပါပဲ”

ကစားပွဲထဲ ၀င်လာရမယ်ဆိုတော့ ဘယ်လို ခံစားရလဲ

“သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ ထသွားတော့ ကျွန်တော်တွေးနေတာက – ခဏလောက်သွေးပူလုပ်မယ်၊ ပြီးရင်လည်း ထပ်လုပ်ရင် လုပ်ရနိုင်တယ်-ပေါ့၊ပြီးမှ -ခဏလောက် နည်းနည်း ‌သွေးပူလေ့ကျင့်ခန်း ဆက်လုပ်လိုက်ဦးမယ်”လို့ တွေးခဲ့တယ်။ဒီတော့ ကျွန်တော်သွေးပူလုပ်လိုက်၊ ပြီးရင် ခဏနားပြီး သွေးပူလေ့ကျင့်ခန်း ထပ်လုပ်လိုက် လုပ်နေတယ်။  ကျွန်တော် ဒီလိုလုပ်နေတုန်း မီခေး က ပြောတယ် “ရိစ်၊ မင်း၀င်ရတော့မယ်”တဲ့။ ကျွန်တော်တွေးလိုက်မိတာက အိုး၊ဝေါင်း-ပေါ့။ဒါပေမယ့် သိတယ်မလား၊ ဒါဟာ ကျွန်တော့်အတွက် အချိန်ပါပဲ၊ ဒါကို ကျွန်တော် အသုံးချဖို့ လိုပါတယ်။ ဒီတော့ ကစားပွဲထဲပါရပြီး အသင်းကို ကူညီခဲ့ရလို့ သိပ်ပျော်ပါတယ်”

သွင်းဂိုး၂ဂိုးအပေါ်

“တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်၊ FIFA ဘောလုံးဂိမ်းကစားနေရသလိုပါပဲ ၊ သိတယ်မလား၊ ကျွန်တော့်အထင် ပထမဆုံးဂိုးပေါ့ဗျာ ။ ဂါဘီက ကျွန်တော့်ကို ဂိုးဧရိယာထဲမှာ  မြင်ခဲ့တယ်၊ ကျွန်တော် အဲ့ဒီကို ရောက်နိုင်တယ်ဆိုတာ သိခဲ့တယ်၊ ဒီတော့ ရောက်အောင်သွားခဲ့ရတယ်၊ ကျွန်တော် ဘယ်ခြေနဲ့ ကန်လိုက်တဲ့ အချိန်မှာ ဂိုးသမားကပုတ်လိုက်တော့ စိတ်ပျက်သွားတယ်။ ဒါပေမယ့် ဘောလုံးကပြန်ထွက်လာတော့ ကျွန်တော်လည်း  ထပ်ကန်လိုက်ပြီး ဘောလုံးက ဂိုးအပေါ်ထောင့်ထဲ ၀င်သွားခဲ့ပါတယ်၊ ဒုတိယဂိုးမှာလည်း အဲ့ဒီနေရာကို ရောက်အောင် ကျွန်တော်ပြေးလွှားနေခဲ့တာပေါ့။ ပြီးတော့ ကျွန်တော်ဘောလုံးရသွားတော့ ဂိုးထောင့်ထဲ ကန်သွင်းနိုင်ခဲ့တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ တကယ်ကို ပျော်ပါတယ်။ လူအုပ်ကြီးရှေ့မှာ တကယ်ကို သော‌င်းသောင်းဖျဖျနဲ့ အားပေးခံခဲ့ရပါတယ်”

ပရိသတ်တွေမပါပဲ လီဗာပူးလ်ကို ဂိုးသွင်းခဲ့ရတာနဲ့ ပရိသတ်တွေရှေ့မှာ ဂိုးသွင်းနိုင်တာ ဘာကွာခဲ့လဲ

” အသံရဲ့ သက်ရောက်မှုပါပဲ၊ ကျွန်တော် အသင်းအတွက် ကစားခွင့်ရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာပါ။ ကျွန်တော် အငှားထွက်ကစားနေခဲ့ပြီး တစ်ခါတစ်လေ ကိုယ့်အတွက် အခွင့်အရေး မရနိုင်တော့သလို ခံစားရတယ်၊ ဒါပေမယ့် ဘုရားသခင်ကို ကျွန်တော်ယုံကြည်တယ်၊ ကိုယ့်ကိုယ့်ကို ယုံတယ်၊ ဒီတော့ ကျွန်တော် စိတ်ရှည်ရှည်ထားခဲ့ပြီး ဒါအတွက် အသင့်ဖြစ်နေခဲ့ပါတယ်၊ ရောက်လာမယ့် အခွင့်အရေးအတွက် အသင့်ဖြစ်နေခဲ့ပါတယ်”

ကိုယ့်ကိုယ့်ကို ယုံကြည်မှုတွေ ရခဲ့တဲ့အပေါ်

“ဒါဟာ(ဒီလိုသွင်းဂိုးတွေ ရယူနိုင်တာဟာ) ကျွန်တော့်ကို ကမ္ဘာပေါ်က ယုံကြည်မှုတွေ အကုန်ပေးလိုက်သလိုပါပဲ။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ နေ့တိုင်းမှာ ကျွန်‌တော် တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းဆင်းသွားမှာပါ။ ဒီလိုနောက်ထပ် အခွင့်အရေးရလာရင်လည်း ဆက်သွားနေမှာပါ၊အသင်းကို ဆက်ကူညီနေမှာပါ။ပိုပြီးတိုးတက်အောင်လည်း ကြိုးစားနေမှာပါ”

အာဆင်နယ်အသင်းရဲ့တောင်ပံအရံလူဆိုရင်  ဘရာဇီးသား မာကွင်ဟို့စ်ကို ပဲ အာရုံထဲတန်းရှိကြပါတယ်။ ဒါပေမယ့် နယ်ဆင်က ကွင်းထဲမှာအစွမ်းပြလိုက်တဲ့အခါ အပိုဆုတစ်ခုရသလိုပဲ ခံစားမိကြပြန်ပါတယ်။ အသင်းကထွက်တဲ့လူငယ်လည်းဖြစ်ပြန်တော့ သူ့ကိုခရီးရောက်စေချင်တဲ့စိတ်နဲ့လည်း ပိုပြီးအားပေးဖြစ်ကြဦးမှာပါ။  ကိုယ်ကိုယ်ကိုယုံတဲ့သူတစ်ယောက်ကို ဘုရားက မျက်နှာသာပေးပါစေနယ်လ်ဆင်ရေ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: