“အနိုင်ရတဲ့အခါ ကစားသမားတွေကို ကျေးဇူးတင်ပါ၊ ရှုံးရင် ကျွန်တော့်ကို အပြစ်တင်ပါ”  – အာတီတာနဲ့ ပွဲကြိုအင်တာဗျူး

ယူရိုပါလိဂ်ရှုံးပွဲအတွက် ခံစားနေစရာအချိန်ဟာ တကယ်ကိုမရှိခဲ့တာပါ။  Weekend ဟာ ခပ်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပြီး နယ်သာလန်မြေက ပြန်လာပြီး သုံးရက်အကြာမှာ အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရပါတော့မယ်။ ဒီရာသီပထမဆုံးသရေပွဲ၊ ဒုတိယမြောက် ရှုံးပွဲတွေကနေ အာဆင်နယ်ဟာ ပြန်လာနိုင်ဖို့ လိုအပ်နေပါပြီ။

ပွဲကြိုအင်တာဗျူးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို  ‌အာတီတာ က ခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အသင်းရဲ့တိုက်စစ်မှုးတွေခြောက်ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တဲ့အပေါ်

“ကျွန်တော်တို့ သွင်းဂိုးတွေကို လိုအပ်ပါတယ်။ သေချာ‌တာကတော့ ကစားပွဲကို အနိုင်ရဖို့ နဲ့ ပြတ်သားတဲ့ ရလဒ်တွေ ထွက်ပေါ်ဖို့  ကျွန်တော်တို့ရဲ့ ရှေ့တန်းကစားသမားတွေဆီကနေ သွင်းဂိုးတွေကို သေချာပေါကါ လိုအပ်ပါတယ်။ နောက်ထပ်နိုင်ပွဲတွေရယူဖို့ဆိုရင် တိုက်စစ်မှူးတွေ ဂိုပေါက်ပျောက်နေတာကို အဆုံးသတ်နိုင်ဖို့ လိုပါမယ်”

ပြီးခဲ့တဲ့ရာသီ ဖောရက်စ်ကို FA ဖလားပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကနေ သင်ခန်းစာ ရခဲ့လား

“ကိုယ့်အသင်းရဲ့ level မှာ မကစားနိုင်ဘူးဆိုရင် ဘယ်သူမဆို ကိုယ့်ကို အနိုင်ယူသွားနိုင်ပါတယ်။ PSV နဲ့ ပွဲစဉ်မှာဆိုရင် ဒီဥပမာကို မြင်ခဲ့ရမှာပါ။ မှန်ကန်တဲ့ အခြေခံနဲ့ မကစားနိုင်ဘူးဆိုရင် အရမ်းကို အန္တရာယ်များတဲ့ ကစားပွဲထဲ ကိုယ့်ကိုယ်ကို ခေါ်ဆောင်သွားသလို ဖြစ်မှာပါ”

PSVနဲ့ပွဲအပြီး စိတ်ပျက်ခဲ့ရလား

“ကျွန်တော်တို့ဟာ ကိုးပွဲဆက်ရှုံးပွဲမရှိခဲ့သလို ဒီကိုးပွဲမှာလည်း တကယ်ခက်ခဲ့တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၈ပွဲအထိ အနိုင်ရခဲ့ပါတယ်။ကစားသမားတွေကို သူတို့လုပ်ခဲ့တာတွေအတွက် ကျေးဇူးတင်ရမှာပါ။ ရှုံးနိမ့်တဲ့အချိန်ကျရင်တော့ ဒါက ကျွန်တော့်ရဲ့တာ၀န်ပါပဲ”

အသင်းရဲ့ တိုက်စစ်မှူးတွေ ဂိုးပြန်သွင်းအောင် ဘာလုပ်သွားဖို့ ရှိလဲ

“ပွဲစဉ်တွေကြပ်နေတဲ့အတွက် ကျွန်တော်တို့ အကန့်အသတ်နဲ့ပဲ လေ့ကျင့်ခန်း ဆင်းနေရပါတယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ အလုပ်လုပ်ပြီးဆွေးနွေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေလည်း ရှိပါတယ်။ သူတို့မှာ ရှိတဲ့အတွေ့အကြုံအရ ဒီလိုငါးပွဲဆက် ဂိုးမသွင်းခဲ့တာဟာ သူတို့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးအတွေ့အကြုံတော့ မဟုတ်ပါဘူး။ ကျွန်တော်သိတဲ့ တိုက်စစ်မှူးတိုင်းမှာ ဒီလိုဖြစ်ဖူးပါတယ်။ ဒါကို ဖြေရှင်းနိုင်ရပါမယ်၊ ဒါဟာ အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”

နောက်ထပ် ရှုံးပွဲတစ်ပွဲကြုံရမှာ စိတ်ပူမိလား

“ရှုံးပွဲတစ်ပွဲကို အကောင်းဆုံး တုံ့ပြန်နည်းကတော့ အနိုင်ရဖို့ပါပဲ၊ ဒါက ၁၀၀ရာခိုင်နှုန်း သေချာပါတယ်။ တနင်္ဂနွေကျ ကျွန်တော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရထားပါပြီ။ ကျွန်တော်တို့ အိမ်ကွင်းဆို အရမ်းကောင်းကောင်း ကစားနေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေတဲ့မတူတဲ့ အသင်းရဲ့ပုံစံတစ်ခုကိုတော့ မြင်ရမှ ဖြစ်ပါမယ်”

Advertisement

Leave a Reply

%d bloggers like this: