တိုက်စစ်မှုးတိုင်း  ဂိုးပေါက်ပျောက်လေ့ရှိတတ်ပါတယ် – အာတီတာ

ဒီရာသီမှာ ဂျေးဆူ နဲ့ အန်ကက်တီးယားနှစ်ယောက်ပေါင်း သွင်းဂိုး၇ဂိုး ရယူခဲ့ပြီး ဖြစ်ပေမယ့် သူတို့နှစ်ယောက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ သီတင်းပတ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အန်ကက်တီးယားက ဒီလအစ ဘိုဂိုဂလင့်ခ်ျနဲ့ပွဲစဉ်မှာ နောက်ဆုံးဂိုးသွင်းခဲ့တာ ဖြစ်ပြီး ဂျေးဆုကတော့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီမှာ နောက်ဆုံး ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အသင်းရဲ့တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်ခဲ့တာ ခြောက်ပွဲရှိပါပြီ။ အသင်းဟာနိုင်ပွဲတွေပြန်ရဖို့ ဒီတိုက်စစ်မှူးတွေဆီကနေ သွင်းဂိုးတွေ လိုအပ်တယ်လို့ အာတေးတားက ယုံကြည်နေပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်မယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ အသင်းတိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကိုလည်း အာတီတာက မြင်တွေ့လိုနေပါတယ်။

ကျွန်တော်တို့ သွင်းဂိုးတွေကို လိုအပ်ပါတယ်။ သေချာ‌တာကတော့ ကျွန်တော်တို့ရဲ့ ရှေ့တန်းကစားသမားတွေဆီကနေ သွင်းဂိုးတွေ လိုအပ်ပါတယ်။ နောက်ထပ်နိုင်ပွဲတွေရယူဖို့ဆိုရင် တိုက်စစ်မှူးတွေ ဂိုပေါက်ပျောက်နေတာကို အဆုံးသတ်နိုင်ဖို့ လိုပါမယ်

ပွဲစဉ်တွေကြပ်နေတဲ့အတွက် အကန့်အသတ်နဲ့ပဲ လေ့ကျင့်ခန်း ဆင်းနေရပါတယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ အလုပ်လုပ်ပြီးဆွေးနွေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေလည်း ရှိပါတယ်။ သူတို့မှာ ရှိတဲ့အတွေ့အကြုံအရ ဒီလိုငါးပွဲဆက် ဂိုးမသွင်းခဲ့တာဟာ သူတို့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးအတွေ့အကြုံတော့ မဟုတ်ပါဘူး။ ကျွန်တော်သိတဲ့ တိုက်စစ်မှူးတိုင်းမှာ ဒီလိုဖြစ်ဖူးပါတယ်။ ဒါကို ဖြေရှင်းနိုင်ရပါမယ်၊ ဒါဟာ အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ

Advertisements

ဂျေးဆူကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဂိုး ပေါက် ပျောက်ဆုံးနေခဲ့ပေမယ့် မကြာခင်မှာ ဂိုးပေါက်ပြန်တွေ့တော့မယ်လို့ ယုံကြည်နေတဲ့အကြောင်းကိုလည်း ခုလို ပြောပြလာခဲ့ပါတယ်။

ရာသီအစတုန်းကလို ကောင်းကောင်း မကစားနိုင်ဘူးလို့ ကျွန်တော်ခံစားရတယ်၊ဒါပေမယ့် ကျွန်တော်တို့ အားလုံး ကောင်းကောင်း အလုပ်လုပ်နေဆဲပါပဲ။ အခက်ခဲဆုံးလိဂ်တွေထဲတစ်ခုမှာ ကျွန်တော်တို့က ပထမနေရာမှာ ရှိနေပါတယ်၊ ဒါပေမယ့် ကစားပွဲတွေအနိုင်ရဖို့အတွက် ဂိုးတွေပိုသွင်းဖို့ လိုအပ်နေပါပြီ

“ကျွန်တော် နောက်ဆုံးပွဲထွက်ခဲ့တဲ့ လေးပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါမျိုး အရင်ကလည်း ဖြစ်ဖူးပါတယ်။ နောက်ကျရင်လည်း ဒီလိုထပ်ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒါမျိုး မဖြစ်ချင်ပေမယ့် ဒါဟာ ဘောလုံးပါပဲ။ ကျွန်တော် ပိုတိုးတက်ချင်တယ်၊ အလုပ်လုပ်ချင်တယ်၊ ကျွန်တော့်ဘ၀မှာ အမြဲလုပ်ခဲ့သလိုပေါ့ဖ နောက်ပွဲမှာလည်း ဂိုးသွင်းနိုင်ဖို့ ကြိုးစားမှာပါ။ ကျွန်တော် ဂိုးသွင်းနိုင်မယ်ဆိုတာ ၁၀၀ရာခိုင်နှုန်းသေချာပါတယ်”

ကြားဖြတ်တစ်ခုပြောရရင် .. ကျွန်တော်က အန်ကတ်တီးယားကို ဂိုးတွေအများကြီးသွင်းမယ်လို့ မယုံကြည်သူဖြစ်ပါတယ်။ သူ့မှာလဲ Talent ကြီးကြီးမားမား မမြင်မိသူပါ။ ဒါပေမယ့် အားပေးချိန်ရောက်ရင်တော့ ဘလွန်းဒီအော အလောင်းအလျာလိုသဘောထားအားပေးမှာဖြစ်ပါတယ်။ ဒါက ပရိတ်သတ်တစ်ယောက်ရဲ့ စိတ်ထားဖြစ်ပါတယ်။

အခုပွဲ . …. တနည်းအားဖြင့် ဂိုးလိုအပ်နေချိန်မှာ လိုအပ်သလို အကျိုးပြုနိုင်ဖို့ ပရိတ်သတ်တစ်ဦးအနေနဲ့ မျှော်လင့်မိသလို ကာယကံရှင်တွေကလည်း အပြင်းအထန်ကြိုးစားကြမှာဖြစ်ပါတယ်။ စာရေးသူကလဲ အခုပွဲကို  ၃ – ၀ လောက်အထိသွားနိုင်ဖို့မျှော်လင့်ပါတယ်။ ကိုယ့်ဖက်က ၃ သုံးဂိုးပေါ့ဗျာ။ ကိုယ်ဆုတောင်းမှ ဘက်မှားနေမှာစိုးလို့ပြောတာပါ။

ဂန်းနားတိုက်စစ် မိုးရွာနိုင်ပါစေ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: