အာတီတာနဲ့ပွဲကြိုအင်တာဗျူး

ပီအက်စ်ဗွီနဲ့ ယှဉ်ပြိုင်ဖို့ နယ်သာလန်ကို အာဆင်နယ်အသင်း မထွက်ခွာခင်မှာ အာတီတာဟာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ မီဒီယာတွေဟာ အသင်းရဲ့ ပြင်ဆင်မှုအကြောင်း၊ ဒဏ်ရာရကစားသမားတွေအကြောင်း ၊ဂါဘရီယယ်နဲ့ ဟန်ဒါဆန်ကိစွအပေါ် FA ရဲ့ထုတ်ပြန်မှု  စတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် ဒဏ်ရာပြဿနာတွေ ရှိနေလား

“မာကွင်ဟိုစ်က သိပ်နေမကောင်းတာကြောင့် ပါနိုင်မှာ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေကတော့ အဆင်ပြေပါတယ်”

ယူရိုပါလိဂ်ပြိုင်ပွဲအတွက် တောင့်တင်းတဲ့ လူစာရင်းထုတ်လာမှာလား

“ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး မရှိပါဘူး။ ကျွန်တော်တို့မှာ ရှိတဲ့ ကစားသမားတွေ ခေါ်လာခဲ့တယ်၊ အကယ်ဒမီက ကလေးလေးယောက်လည်း ကျွန်တော်တို့နဲ့အတူ ခေါ်ခဲ့တယ်၊ မဟုတ်ရင် အသင်းရဲ့ လူစာရင်းမှာ ကစားသမားပြည့်မှာတောင် မဟုတ်ပါဘူး”

အသင်းအတွက် အီဒူးရဲ့ အရေးပါမှုအပေါ်

“သူ ဒီမှာ အကြာကြီးရှိနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ အသင်းအတွက် အရမ်းကို အပြုသဘောဆောင်တဲ့အရာ ဖြစ်ပါလိမ့်မယ်။ သူနဲ့အတူ အလုပ်တွဲလုပ်ရတာဟာ အရမ်းကို ကောင်းပါတယ်။အီဒူးဟာ ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်းမှန်ရဲ့ တန်ဖိုးထားတဲ့အရာတွေ၊ အကြံဉာဏ်တွေကို ကိုယ်စားပြုတဲ့ အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်ပါတယ်

တစ်နေ့ပြီးတစ်နေ့ သူနဲ့ အလုပ်လုပ်နေတဲ့အပေါ်

“ဘောလုံးအသင်းတစ်သင်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်နေတဲ့အရာတွေ အများကြီးပါပဲ၊ အီဒူးမှာ အရမ်းကြီးမားတဲ့ အခန်းကဏ္ဍတစ်ခု ရှိနေတယ် ဒါပေမယ့် လူတွေနဲ့ သူ ပြောဆိုဆက်ဆံတဲ့ပုံစံတွေ၊ နေ့စဉ်ဖြစ်ပျက်နေတဲ့အရာတွေကို သူစီမံခန့်ခွဲနေတဲ့ ပုံစံတွေဟာ တကယ်ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အတွက်၊ အသင်းအတွက် သူဟာ အရမ်းကို အရေးကြီးပါတယ်”

ကစားသမားတွေကို ပျော်အောင် ဘယ်လိုထားလဲ

“သူတို့ကို ကစားခွင့်ပေးပြီး စကားပြောခွင့် ပေးထားပါတယ်၊ အကောင်းဆုံး နည်းလမ်းပါပဲ”

FAက ဂါဘရီယယ် နဲ့ ဟန်ဒါဆန်တို့ရဲ့ ဖြစ်ရပ်အပေါ် အရေးယူမှု ပြုလုပ်ခဲ့ခြင်း မလုပ်တဲ့အပေါ်

“‌ပထမဆုံးနေ့ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်၊ ‌ဒီဆုံးဖြတ်ချက်ဟာ FA ပေါ်ပဲ လုံး၀မူတည်နေတာပါ။ သူတို့ ဒီဆုံးဖြတ်ချက် ချခဲ့တယ်ဆိုတော့ ဒါပဲပေါ့”

ဂါဘရီယယ် အဆင်ပြေရဲ့လား

“ဂါဘီကိုတော့ မေးရပါဦးမယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက်က ချပြီးပါပြီ”

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးမှု ဖြစ်ပွားနေခဲ့တဲ့အပေါ်

“ဒီစုံစမ်းစစ်ဆေးမှုကို FA က ကိုင်တွယ်ထားတာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုဖြစ်ပြီး ကျွန်တော်မှတ်ချက် မပေးချင်ပါဘူး”

ဆမ်ဘီလိုကွန်ဂါရဲ့ စွမ်းဆောင်ရည်နဲ့အပေါ်

“ကျွန်တော်တို့ ထပ်ပြီး မြင်ရဦးမှာပါ။ ကွင်းထဲမှာ သူလုပ်ပြနိုင်တယ်လို့ ပြောထားတဲ့အတိုင်း လုပ်နိုင်လားဆိုတာ သူသက်သေပြရမှာပါ။ ကစားသမားတစ်ဦးတစ်‌ယောက်ချင်းစီတိုင်းကို သူတို့ရဲ့ ခြေစွမ်းအဆင့်အတန်းတွေ မြင့်တက်လာစေမယ့် ၊ အသင်းမှာ မှန်ကန်တဲ့ ယှဉ်ပြိုင်မှု ရနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ အမြဲ ရှာဖွေနေပါတယ်”

ယူရိုပါလိဂ်မှာ အုပ်စုဗိုလ်ဖြစ်ရေးက အရေးကြီးတဲ့အပေါ်

“ပြိုင်ပွဲက ပိုပိုပြီး ခက်လာနေပါတယ်။ နောက်တစ်ဆင့်ဆိုရင် အရမ်းကို ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမှာပါ။ ဒါ့ကြောင့် အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်ပြီး ပွဲပိုနှစ်ပွဲ မကစားရဖို့ ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ”

Advertisement

Leave a Reply

%d bloggers like this: