Updated News – နောက်ဆုံးရအာဆင်နယ် သတင်းများ (25 Oct)

မာတီနက်ဇ်ကို  ဂန်းနားတို့ဆီ တမင်မရောင်းတာဖြစ်တယ်လို့ ဗန်ဒါဆာထုတ်ပြော

အိုင်းယက်စ်ဒါရိုက်တာ ဗန်ဒါဆားက သူတို့ရဲ့ ကစားသမားဟောင်း ၂ ဦးနဲ့ပတ်သတ်ပြီးရောင်းချဖို့အစီအစဥ်မရှိခဲ့ပုံကို အခုလိုပဲ ပြန်ပြောပြလာပါတယ်။

“ ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက်က အန်တိုနီနဲ့ မာတီနက်ဇ် ကို အသင်းမှာနောက်ထပ်တစ်ရာသီထပ်ထိန်းထားဖို့ပါပဲ။ ဒါကြောင့် မာတီနက်ဇ်ကို  အာဆင်နယ်ကို ချဥ်းကပ်လာတဲ့အခါမှာ ပြတ်ပြတ်သားသားငြင်းခဲ့တာပါ .. “

သို့သော် အဆုံးမှာတော့ ကစားသမား ၂ ဦးစလုံးဟာ ယူနိုက်တက်အသင်းဆီကိုပဲ မြင့်မားတဲ့ပြောင်းရွေ့ကြေး ကိုယ်စီနဲ့ရောက်ရှိခဲ့ကြပါတယ်။

ဂိုးသွင်းအား ၂ ဆတိုးလာတဲ့ ဘာလိုဂန်

ပြင်သစ်ကလပ်ရိမ်းအသင်းမှာအငှားကစားနေတဲ့  ဘာလိုဂန်ဟာ အော်ဇေးအသင်းနဲ့ပွဲမှာ တစ်ဂိုးထပ်မံသွင်းယူပြီးနောက် ၇ ဂိုးထိ စုစုပေါင်းသွင်းဂိုးရှိလာပြီဖြစ်ပါတယ်။ ဘာလိုဂန်ဟာ စီနီယာအဆင့်မှာ ဂိုးများစွာသွင်းယူခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၂ ပွဲမှာ ၇ ဂိုးထိခရီးရောက်ခဲ့တာဖြစ်ပါတယ်။ ယမန်နှစ်က ဘိုရိုနဲ့အတူ ချန်ပီယံရှစ်မှာ ကစားစဥ်က   ပွဲ ၂၀ မှာ ၆  ကြိမ်ထိသာ သွင်းယူနိုင်ခဲ့ပါတယ်။ စံချိန်အရဆိုရင် တစ်ပွဲကို ၀.၃ ဂိုးကနေ  ၀.၅၈ အထိ တိုးတက်လာတာဖြစ်ပါတယ်။

Advertisements

ကီတာကို အာဆင်နယ်စိတ်ဝင်စားနေတယ်လို့  အားကစားမဂ္ဂဇင်းဖော်ပြ

90Mins မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေဟာ လီဗာပူးအသင်းကွင်းလယ်လူ နာဘီကီတာကို လိုချင်နေတယ်လို့ ရေးသားလာပါတယ်။ ကီတာဟာ တချိန်တုန်းက ဝင်းဂါးရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိ  လိုက်ဇစ် ၊ လီဗာပူးတို့ဆီကိုပဲရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကီတာဟာ မကြာခန ဒဏ်ရာရတတ်ပြီး  လီဗာပူးအတွက် ၄ ရာသီခွဲအတွင်း ၁၁၇ ပွဲကစားကာ ၁၁ ဂိုးသာသွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။

အမ်မရီကို ဝေဖန်တဲ့ ကာရေဂါ

လီဗားပူးဂန္တဝင် ကာရေဂါက နည်းပြဟောင်းအမ်မရီဟာ အာဆင်နယ်နဲ့ အံဝင်ခဲ့သူတစ်ယောက် မဟူတ်ခဲ့ကြောင်း Sky Sports အစီအစဥ်မှတဆင့်ပြောကြားလာပါတယ်။

“ ကျွန်တော်သူ့ကို အထင်သေးတဲ့ မလေးစားတဲ့သဘောပြောတာမဟုတ်ပါဘူး .. သူက ဗလင်စီယာ အခု .. ဗီလာပေါ့ဗျာ ဒီလိုအသင်းတွေမှာ အဆင်ပြေနိုင်ပေမယ့် ဘာကာ နဲ့ရီးရဲတို့လိုအသင်းကြီးတွေနဲ့တော့  အဆင်မပြေဘူးဗျ .. သူက သိပ်တော်ပါတယ် ဒါပေမယ့် နာမည်ကျော်အသင်းတွေကိုကိုင်တွယ်ဖို့တော့ မရသေးဘူးထင်တယ်။ ဗီလာအတွက်ဆိုရင်တော့ အံကိုက်ပါပဲ “  ဆိုပြီးနှိုင်းယှဥ်မှတ်ချက်ပေးခဲ့ပါတယ်။

ကြိုးကြာပြီးတော့ အမြှောက်အလှည့်ဆိုတဲ့ ဖောရက်စ်

နော်တင်ဟမ်ဖောရက်စ်ကစားသမားဖြစ်သူ  ရိုင်ယန် ရိတ်စ် က သူတို့အသင်းအနေနဲ့ အမ်းမရိတ်မှာ ဘာကိုမှကြောက်ရွံ့နေမှာ မဟုတ်ကြောင်းထုတ်ပြောလာပါတယ်။

“ ဒီပွဲကို စချင်နေပြီဗျ.. လီဗာပူးနဲ့တုန်းကအတိုင်း ကျွန်တော်တို့က အောက်သင်းပါပဲ .. ဒါပေမယ့် အမ်းမရိတ်မှာ သူတို့တွေ လုံးဝကို ခက်ခဲနေစေရမယ်ဗျာ … “  ဆိုပြီး ကျုံးဝါးလာတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ဦးဆောင်ဖို့အတွက် မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: