Updated News – နောက်ဆုံးရအာဆင်နယ် သတင်းများ (23 Oct)

အာဆင်နယ်ချိတ်ဆက်ခဲ့တဲ့ ဗဟိုနောက်ခံလူ

ပြီးခဲ့တဲ့နွေရာသီမှာ ရိန်းဂျားအသင်းကို ပေါင်း ၂၀.၇ သန်းနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ အေဂျက်နောက်ခံလူဟောင်း ကယ်ဗ်ငဘတ်ဆေးကို အာဆင်နယ်အသင်းကလည်းဆက်သွယ်ခဲ့တယ်လို့ သူ့ရဲ့ အေးဂျင့်က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အဆိုပါ အသက် ၂၂ နှစ်အရွယ်ဗဟိုနောက်ခံလူကို ဗီလာ ၊ ဝက်စ်ဟမ်းတို့ကလည်းဆက်သွယ်ခဲ့တယ်လို့သိရပြီး စျေးအများဆုံးပေးတဲ့ ရိန်းဂျားတို့ဆီကိုပဲ ရောင်းချဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဓိက ကစားသမားတွေအများကြီးမပါဝင်မယ့် စိန့် လူစာရင်း

အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် စိန့်အသင်းမှာ အဓိက ကစားသမား  ၅ ဦးထိ ပါဝင်နိုင်ဖွယ်မရှိကြောင်းသိရပါတယ်။  အဆိုပါကစားသမားတွေထဲမှာ ဝေါ်ကာပီတာ ၊ လစ်ဗာမင်တို ၊ဘယ်လာကိုးချက် ၊ လာဗီယား နဲ့ နိုင်းလ်စ်တို့ လဲ ပါဝင်နေပြီး ဂန်းနားတို့ဖက်ကတော့ ဆာကာ ၊ မာတင်နယ်လီနဲ့ ဇင်ချန်ကိုတို့ဟာ ကြံခိုင်မှုပြန်လည်ပြည့်ဝနေကြပြီဖြစ်တယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားကို  ၄ မှတ်အသာနဲ့ပြန်လည်ဦးဆောင်နိုင်ဖို့အတွက် ယခုညပွဲစဥ်ကို အနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဘရာဇီးသားတွေကို ဝေးဝေးရှောင်ကြောင်း  တီယာနေ ပြောပြလာ

ဂါဘရီယယ် ဂျေးဆူနဲ့ မာတင်နယ်လီတို့ဟာ  လေ့ကျင့်ရေးတွေပြီးရင် အမြဲတန်း တင်းနစ်ကစားလေ့ရှိသူများဖြစ်ပြီး ၊ သူတို့နဲ့ကစားဖို့ အမြဲဝေးဝေးကရှောင်တယ်လို့ နောက်ခံလူ တီယာနေက ဖွင့်ဟလာခဲ့ပါတယ်။ အဆိုပါ ဘရာဇီးသား နှစ်ယောက်ရဲ့ လက်ရည်က တော်တော်ကောင်းပြီး ဘယ်သူနဲ့မဆိုအမြဲအနိုင်ရတတ်တာကြောင်း အခုလိုပြောပြလာပါတယ်။

“ သူတို့က တင်းနစ်တော်တော်ကြိုက်တာဗျ .. လေ့ကျင့်ရေးပြီးတာနဲ့ကို တန်းဆော့နေကြတာ .. ဒါသူတို့ပွဲပဲ .. “ ဆိုပြီး တီယာနေက ကစားဖော်တွေအကြောင်းမျှဝေခဲ့ပါတယ်။

ရာသီကုန်မှာ စာချုပ်လက်မဲ့ဖြစ်လာတော့မယ့် ဂန်းနားဟောင်း

ရီးရဲမက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ တစ်ရာသီအငှားလာကစားဖူးခဲ့တဲ့ ဒန်နီစီဘယ်လော့စ် ကို စာချုပ်သက်တမ်းကုန်တဲ့အခါ လက်လွှတ်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြလာကြပါတယ်။ အဆိုပါစပိန်သားဟာ ဒဏ်ရာပြဿနာအပါအဝင် အခြေအနေအများစုမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာဖြစ်လို့ အသင်းဖက်ကလက်လျော့သွားခဲ့တာဖြစ်ပြီး ၊ ဘက်တစ်အသင်းဆီကို သွားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ လည်း ရေးသားနေကြပါတယ်။

အာဆင်နယ်ကို လူးဝစ်ပြောင်းချင်ခဲ့တယ်လို့ နဗီးပြော

အက်စတွန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ဟာ  အာဆင်နယ်အသင်းကို မပြောင်းခဲ့ရတဲ့အပေါ်  မကျေမနပ်ဖြစ်နေတယ်လို့ ဂယ်ရီနဗီးက သုံးသပ်လာခဲ့ပါတယ်။ ဂန်းနားတို့ဟာ အပြောင်းအရွှေ့ပိတ်ခါနီးအထိ လူးဝစ်ကို ကြိုးစားခဲ့ပြီး စျေးညှိမရခဲ့တာကြောင့် အသင်းဆီကို မခေါ်ခဲ့ရတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ လူးဝစ်ဟာ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ခေါ်ယူလိုပါက သန်း ၄-၅၀ ခန့်ပေးရတော့မှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: